ကျောင်းသင်ခန်းစာတွေ သင်ယူမှု ပိုမိုအဆင်ပြေစေဖို့ DBE Box ကို ကျောင်းပေါင်း ၆၀ မှာ ရှေ့ပြေးစမ်းသပ် အသုံးပြုသွားမယ်

ရန်ကုန်၊ ဒီဇင်ဘာ ၄-၂၀၁၉
အေးရိပ်(VOM)

သင်ကြားသင်ယူမှုအပိုင်းမှာ ပိုမိုအဆင်ပြေစေဖို့နဲ့ Text book တွေ ပျက်စီးသွားတဲ့အခါမျိုးမှာ သင်ခန်းစာတွေကို အလွယ်တကူ ပြန်ကြည့်တဲ့အခါ အထောက်ကူဖြစ်စေဖို့အတွက် DBE Box(K -12 Digital Teaching Resources)ကို နေပြည်တော် ၊ မန္တလေး နဲ့ ရန်ကုန် တိုင်းကကျောင်းတွေမှာ ရှေ့ပြေးစမ်းသပ်တပ်ဆင်မှူအနေနဲ့ ဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

” ဆရာ ဆရာမတွေမှာ smart phone တွေ tablet တွေရှိပါတယ်။DBE Box တွေပံ့ပိုးပေးထားမယ်ဆိုရင် ဒီ smart phone တွေ tablet တွေ ဒါတွေကနေပြီးတော့ သင်ခန်းစာတွေကို အလွယ်တကူရနိုင်မယ်။ ဝေးလံတဲ့ဒေသတွေ ဒါမမဟုတ်ရင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတဲ့ဒေသတွေမှာဆိုရင် DBE Box ကို စတင်စမ်းသပ်ပြီးတော့ ကြုံတွေ့နေရတဲ့ Text book တွေပျက်စီးသွားတဲ့အခါ ဆရာ ဆရာမ သင်ကြားသင်ယူမှုအပိုင်းကို ပြန်ပြီးကြည့်ချင်တဲ့အခါမျိုးမှာဆိုရင် DBE Box တွေကို အသုံးပြုပြီး ပံ့ပိုးပေးသွားမယ် ” လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ဒီကနေ့ နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ DBE Box(K -12 Digital Teaching Resources) ရှေ့ပြေးစမ်းသပ်တပ်ဆင်မှု မိတ်ဆက်အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးက ပြောခဲ့တာဖြစ်ပါတယ်။

DBE Boxဟာ လမ်းပန်းဆက်သွယ်မှုခက်ခဲတဲ့နေရာတွေမှာ ဆရာ၊ဆရာမတွေ သင်ကြား၊သင်ယူမှုအပိုင်းကို ပြန်ပြီးကြည့်ချင်တဲ့အခါမျိုးနဲ့ အကြောင်းအမျိုးမျိုးကြောင့် Text Book ပျက်စီးတဲ့အခါမျိုးမှာ Smart Phone တွေ Tablet တွေကနေတစ်ဆင့် သင်ခန်းစာတွေကို အလွယ်တကူရယူနိုင်တဲ့ နည်းပညာတစ်ခုလည်း ဖြစ်ပါတယ်။

ဆရာ၊ဆရာမတွေရဲ့ အရည်အသွေးမြင့်မားမှုကို အထောက်အကူပြုစေတဲ့အပြင် နောင်တစ်ချိန်မှာ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား၊ကျောင်းသူတွေကို tablet တွေ ပံ့ပိုးပေးပြီး ဆောင်ရွက်တဲ့အခါမှာဆိုရင် DBE Box တွေက အထောက်အကူပေးသွားမှာပဲ ဖြစ်ပါတယ်။

ရှေ့ပြေးစမ်းသပ်တပ်ဆင်မှုအနေနဲ့ နေပြည်တော်ရှိ ကျောင်း ၂၀ ၊ မန္တလေးတိုင်းရှိ ကျောင်း ၂၀ နဲ့ ရန်ကုန်တိုင်းရှိ ကျောင်း ၂၀ ၊ စုစုပေါင်း ကျောင်းပေါင်း ၆၀ ကို စမ်းသပ်သွားမှာဖြစ်ပြီး ဒီလို တပ်ဆင်တဲ့အခါမှာလည်း နိုင်ငံတကာအတွေ့အကြုံနဲ့ အဆင့်မီဆောင်ရွက်နိုင်တဲ့ ပညာရှင်တွေက ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

” ကျွန်တော်တို့ မျှော်မှန်းတာကတော့ ဝေးလံခက်ခဲတဲ့ ဒေသတွေ ၊ တောင်ပေါ်ဒေသတွေ၊ မြစ်ချောင်းပေါများတဲ့ဒေသတွေ၊ တိုင်းရင်းသားဒေသတွေ ဒါမျိုးလေးတွေကို ပိုမိုပြီးတော့ ပံ့ပိုးပေးဖို့အတွက် ဦးတည်ပြီးတော့ စီစဉ်ဆောင်ရွက်တာဖြစ်တယ် ” လို့ ဒေါက်တာမျိုးသိမ်းကြီးကပြောပါတယ်။

DVE Box ကို အသုံးပြုပြီး ဆရာ၊ဆရာမနဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အရည်အသွေး ပိုပြီးအားကောင်းအောင် ပျော်ပျော်ရွှင်ရွှင်နဲ့ စာသင်ခန်းထဲမှာ သင်နိုင်ဖို့ စီစဉ်တာလို့လည်း သိရပါတယ်။
ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ယူနိုင်မှသာ ကျောင်းသားကျောင်းသူတွေဟာ သင်ယူတက်မြောက်မှု အရည်အသွေးကောင်းလာစေဖို့ စာသင်ခန်းတွေနဲ့ ဒီအစီအစဉ်ကို စတင်နေတာဖြစ်လို့ အကျိုးရှိရှိနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #နေပြည်တော် #ပညာရေး #ဒေါက်တာမျိုးသိမ်းကြီး

Zawgyi

ေက်ာင္းသင္ခန္းစာေတြ သင္ယူမႈ ပိုမိုအဆင္ေျပေစဖို႔ DBE Box ကို ေက်ာင္းေပါင္း ၆၀ မွာ ေ႐ွ႕ေျပးစမ္းသပ္ အသံုးျပဳသြားမယ္

ရန္ကုန္၊ ဒီဇင္ဘာ ၄-၂၀၁၉
ေအးရိပ္(VOM)

သင္ၾကားသင္ယူမႈအပိုင္းမွာ ပိုမိုအဆင္ေျပေစဖို႔နဲ႔ Text book ေတြ ပ်က္စီးသြားတဲ့အခါမ်ိဳးမွာ သင္ခန္းစာေတြကို အလြယ္တကူ ျပန္ၾကည့္တဲ့အခါ အေထာက္ကူျဖစ္ေစဖို႔အတြက္ DBE Box(K -12 Digital Teaching Resources)ကို ေနျပည္ေတာ္ ၊ မႏၱေလး နဲ႔ ရန္ကုန္ တိုင္းကေက်ာင္းေတြမွာ ေ႐ွ႕ေျပးစမ္းသပ္တပ္ဆင္မႉအေနနဲ႔ ေဆာင္ရြက္သြားမယ္လို႔ ပညာေရးဝန္ႀကီးဌာနကေန သိရပါတယ္။

” ဆရာ ဆရာမေတြမွာ smart phone ေတြ tablet ေတြ႐ွိပါတယ္။DBE Box ေတြပံ႔ပိုးေပးထားမယ္ဆိုရင္ ဒီ smart phone ေတြ tablet ေတြ ဒါေတြကေနၿပီးေတာ့ သင္ခန္းစာေတြကို အလြယ္တကူရႏိုင္မယ္။ ေဝးလံတဲ့ေဒသေတြ ဒါမမဟုတ္ရင္ လမ္းပန္းဆက္သြယ္ေရး အခက္အခဲ႐ွိတဲ့ေဒသေတြမွာဆိုရင္ DBE Box ကို စတင္စမ္းသပ္ၿပီးေတာ့ ၾကံဳေတြ႔ေနရတဲ့ Text book ေတြပ်က္စီးသြားတဲ့အခါ ဆရာ ဆရာမ သင္ၾကားသင္ယူမႈအပိုင္းကို ျပန္ၿပီးၾကည့္ခ်င္တဲ့အခါမ်ိဳးမွာဆိုရင္ DBE Box ေတြကို အသံုးျပဳၿပီး ပံ႔ပိုးေပးသြားမယ္ ” လို႔ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာပါတယ္။

ဒီကေန႔ ေနျပည္ေတာ္ ပညာေရးဝန္ႀကီးဌာန၊ အစည္းအေဝးခန္းမမွာ က်င္းပတဲ့ DBE Box(K -12 Digital Teaching Resources) ေ႐ွ႕ေျပးစမ္းသပ္တပ္ဆင္မႈ မိတ္ဆက္အခမ္းအနားမွာ ျပည္ေထာင္စုဝန္ႀကီးက ေျပာခဲ့တာျဖစ္ပါတယ္။

DBE Boxဟာ လမ္းပန္းဆက္သြယ္မႈခက္ခဲတဲ့ေနရာေတြမွာ ဆရာ၊ဆရာမေတြ သင္ၾကား၊သင္ယူမႈအပိုင္းကို ျပန္ၿပီးၾကည့္ခ်င္တဲ့အခါမ်ိဳးနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ Text Book ပ်က္စီးတဲ့အခါမ်ိဳးမွာ Smart Phone ေတြ Tablet ေတြကေနတစ္ဆင့္ သင္ခန္းစာေတြကို အလြယ္တကူရယူႏိုင္တဲ့ နည္းပညာတစ္ခုလည္း ျဖစ္ပါတယ္။

ဆရာ၊ဆရာမေတြရဲ႕ အရည္အေသြးျမင့္မားမႈကို အေထာက္အကူျပဳေစတဲ့အျပင္ ေနာင္တစ္ခ်ိန္မွာ ဆရာ၊ဆရာမေတြနဲ႔ ေက်ာင္းသား၊ေက်ာင္းသူေတြကို tablet ေတြ ပံ႔ပိုးေပးၿပီး ေဆာင္ရြက္တဲ့အခါမွာဆိုရင္ DBE Box ေတြက အေထာက္အကူေပးသြားမွာပဲ ျဖစ္ပါတယ္။

ေ႐ွ႕ေျပးစမ္းသပ္တပ္ဆင္မႈအေနနဲ႔ ေနျပည္ေတာ္႐ွိ ေက်ာင္း ၂၀ ၊ မႏၱေလးတိုင္း႐ွိ ေက်ာင္း ၂၀ နဲ႔ ရန္ကုန္တိုင္း႐ွိ ေက်ာင္း ၂၀ ၊ စုစုေပါင္း ေက်ာင္းေပါင္း ၆၀ ကို စမ္းသပ္သြားမွာျဖစ္ၿပီး ဒီလို တပ္ဆင္တဲ့အခါမွာလည္း ႏိုင္ငံတကာအေတြ႔အၾကံဳနဲ႔ အဆင့္မီေဆာင္ရြက္ႏိုင္တဲ့ ပညာ႐ွင္ေတြက ေဆာင္ရြက္သြားမယ္လို႔ သိရပါတယ္။

” ကြၽန္ေတာ္တို႔ ေမ်ွာ္မွန္းတာကေတာ့ ေဝးလံခက္ခဲတဲ့ ေဒသေတြ ၊ ေတာင္ေပၚေဒသေတြ၊ ျမစ္ေခ်ာင္းေပါမ်ားတဲ့ေဒသေတြ၊ တိုင္းရင္းသားေဒသေတြ ဒါမ်ိဳးေလးေတြကို ပိုမိုၿပီးေတာ့ ပံ႔ပိုးေပးဖို႔အတြက္ ဦးတည္ၿပီးေတာ့ စီစဥ္ေဆာင္ရြက္တာျဖစ္တယ္ ” လို႔ ေဒါက္တာမ်ိဳးသိမ္းႀကီးကေျပာပါတယ္။

DVE Box ကို အသံုးျပဳၿပီး ဆရာ၊ဆရာမနဲ႔ ေက်ာင္းသားေက်ာင္းသူေတြရဲ႕ အရည္အေသြး ပိုၿပီးအားေကာင္းေအာင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ စာသင္ခန္းထဲမွာ သင္ႏိုင္ဖို႔ စီစဥ္တာလို႔လည္း သိရပါတယ္။
ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ သင္ယူႏိုင္မွသာ ေက်ာင္းသားေက်ာင္းသူေတြဟာ သင္ယူတက္ေျမာက္မႈ အရည္အေသြးေကာင္းလာေစဖို႔ စာသင္ခန္းေတြနဲ႔ ဒီအစီအစဥ္ကို စတင္ေနတာျဖစ္လို႔ အက်ိဳး႐ွိ႐ွိနဲ႔ ထိထိေရာက္ေရာက္ ေဆာင္ရြက္ေပးဖို႔ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #ပညာေရး #ေဒါက္တာမ်ိဳးသိမ္းႀကီး

Related posts

Leave a Comment

VOM News

FREE
VIEW