ရွှေပြည်သာလူမိုက်ဆိုသူတွေက အမျိုးသမီးတစ်ဦးကို ဝိုင်းဝန်းချုပ်နှောင်ပြီး အုတ်နီခဲနဲ့ထု

ရန်ကုန် ဒီဇင်ဘာ ၄-၂၀၁၉
မိုးယံ(VOM)

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ (၂၀)ရပ်ကွက်၊ ဘိုကလေး (၁)လမ်းမှာ လူမိုက်သံဒင်းမောင်ဆိုသူက ကားဖယ်မပေးတဲ့ကိစ္စနဲ့ စကားများရာကနေ သူရဲ့တပည့်သုံးဦးနဲ့ အမျိုးသမီးတစ်ဦးကို ဆံပင်ကိုင်ဆွဲကာ ဝိုင်းဝန်းချုပ်နှောင် အုတ်နီခဲနဲ့ထုလို့ ဝတ်ဆင်လာတဲ့ ရွှေထည်ပစ္စည်း တွေပျောက်ဆုံးပြီး နာကျင်ဒဏ်ရာတွေ ရခဲ့တဲ့ဖြစ်စဉ် ဒီဇင်ဘာ ၁ရက်ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ရွှေပြည်သာမြို့မရဲစခန်းကနေ သိရပါတယ်။

“ကားဖယ်မပေးတဲ့ကိစ္စနဲ့ရန်ဖြစ်ကြတာ၊ သံဒင်းမောင်ကတော့ မနေ့ထဲက ရွှေပြည်သာတရားရုံးမှာ ချုပ်ရီမန်ယူပြီး အင်းစိန်ထောင်ပို့ထားတယ်၊ လောလောဆယ် တရားခံသုံးယောက်တော့ မိထားပါပြီ ” လို့ ရွှေပြည်သာမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိ ဒုရဲအုပ်နိုင်လင်းကVOMကို အတည်ပြုပြောကြားပါတယ်။

ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ မဆူး (ခ) မကြည်ကြည်ဟာ ဒီဇင်ဘာ ၁ရက်နေ့ နေ့လည် ၁၁နာရီအချိန်ခန့်က ရပ်ကွက်ထဲရှိ မင်္ဂလာဆောင်တစ်ခုကိုသွားဖို့ အငှားယာဉ်တစ်စီးနဲ့ နေအိမ်ကထွက်လာခဲ့ရာ ဘိုကလေး ၁ လမ်းမပေါ်မှာ ရွှေပြည်သာမြို့နယ် (၁၉)ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးနေ ဦးဉာဏ်ထွန်း(ခ)သံဒင်းမောင်က လမ်းလယ်ခေါင်မှာ ကားပိတ်ရပ်ထားတာဖြစ်ပါတယ်။

မဆူးဆိုသူကလည်း လမ်းလယ်ခေါင်မှာ ကားဘာလို့ရပ်ထားတာလည်းမေးတဲ့အချိန် သံဒင်းမောင်က ” ငါလူမိုက် သံဒင်းမောင် ဘာပြောချင်လဲ လမ်းပေါ်မှာရပ်တယ် ရပ်ချင်လို့ရပ်တာ” လို့ပြန်ပြောတဲ့အပြင် ညစ်ညမ်းစွာဆဲဆိုကာ သတ်ပစ်မယ်လို့ ပြောဆိုကြိမ်းမောင်းပြီး လမ်းဘေးဆံပင်ညှပ်ဆိုင်ထဲက အုတ်နီခဲ၂လုံးယူပြီး မဆူးအားထုခဲ့တာဖြစ်ပါတယ်။

သံဒင်းမောင်ရဲ့ တပည့်ဖြစ်သူ မိုးကြည်အောင်နဲ့မောင်ထွန်းဆိုသူတို့က မဆူးရဲ့လက်နဲ့ဆံပင်တို့ကို ဆွဲကိုင်ချုပ်ကိုင်ပေးခဲ့ပြီး ဝိုင်းဝန်းချုပ်နှောင်ရိုက်နှက်တဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ကာ မဆူးမှာ ဝတ်ထားတဲ့ ကာလတန်ဖိုးကျပ်တစ်သိန်းခွဲတန် ဇာနားကပ်တစ်ရံ၊ ကျပ်တစ်သိန်းခွဲတန် မက်ဒေါနားဆွဲကြိုး ကျောက်ဖြူလော့ကတ်သီးပါ ဆွဲကြိုးတစ်ကုံး တို့ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အခင်းဖြစ်နေရာကို သတင်းကြားလို့ ရောက်လာတဲ့ မဆူးရဲ့အစ်မဖြစ်သူ မသန္တာခိုင်၊ တူမဖြစ်သူ ဆယ်နှစ်အရွယ်ရှိ မအေးမြတ်မေတို့ကိုလည်း သံဒင်းမောင်က အုတ်ခဲနဲ့လိုက်ထုတဲ့အတွက် ထွက်ပြေးခဲ့ရတယ်ပြီး ဓါးတွေနဲ့လည်းခုတ်ဖို့ ပြုလုပ်ခဲ့တယ်လို့ မဆူးဆိုသူက ရဲစခန်းမှာသက်သေ ထွက်ဆိုထားတာဖြစ်ပါတယ်။

” ဘာရန်ညှိုရန်စမှမရှိပါဘူး၊ ကားလမ်းပိတ်ရပ်ထားလို့ ကားဖယ်ပေးခိုင်းတာကနေဖြစ်ကြတာ။ ကားဘေးချပေးဖို့ ကားတစ်စီးသွားလို့ရအောင် သူ့ကို ရိုးရိုးလေးပဲလှမ်းပြောတာ။ ဒါပေမဲ့သူက သူကားကိုလမ်းဘေးချမပေးပဲနဲ့ ငါကရွှေပြည်သာလူမိုက်၊ ငါရပ်ချင်တဲ့နေရာရပ်မယ်၊ ငါကနံမည်ကြီးလူမိုက် နာမည်ပေါက်၊ ဘာဖြစ်လည်း၊ ဂရုမစိုက်လို့တောင် ငါက ဝစ်သောက်ကားစီးတယ် သူပြောတယ်။ အဲဒါနဲ့ရုန်းရင်းဆန်ဆတ်တွေဖြစ်ကုန်တာ။ လာကြည့်တဲ့လူတွေကလည်း လမ်းဟိုဘက်ထိပ် ဒီဘက်ထိပ် အများကြီးပဲ၊ ကျွန်မလည်း ရဲကိုဖုန်းဆက်ပြီးခေါ်တာ ရဲလာတော့ သူတို့ထွက်ပြေးသွားတယ် “လို့ မဆူး (ခ) မကြည်ကြည် ကပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်နဲ့ပက်သက်ပြီး မဆူး(ခ)မကြည်ကြည်က တရားလိုပြုလုပ်ပြီးတိုင်တန်းတဲ့ အတွက် (၁၉)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးနေ အသက်(၆၄)နှစ်ရှိညာဏ်ထွန်း(ခ)သံဒင်းမောင်၊ သရဖီလမ်းနေ အသက်(၄၆)နှစ်ရှိ မိုးကြည်အောင်၊ မကွေး(၃)လမ်းနေ အသက်(၂၀)နှစ်ရှိ ဝတုတ်(ခ)ပြည့်ဖြိုးဇော် နဲ့ ဘိုကလေး(၁)လမ်းနေ အသက်(၅၀)နှစ်ရှိ မောင်ထွန်းတို့ကို (ပ) ၄၆၄၁/ ၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၅၄/ ၂၉၄/ ၃၄၂/ ၃၂၃/ ၅၀၆/ ၁၁၄ တို့နဲ့ အမှုဖွင့်ထားတယ်လို့ ရွှေပြည်သာမြို့မရဲစခန်းကနေသိရပါတယ်။

#voiceofmyanmar #ရန်ကုန် #လူမိုက် #အုတ်ခဲနဲ့ထု

Zawgyi

ေရႊျပည္သာလူမိုက္ဆိုသူေတြက အမ်ိဳးသမီးတစ္ဦးကို ဝိုင္းဝန္းခ်ဳပ္ေႏွာင္ၿပီး အုတ္နီခဲနဲ႔ထု

ရန္ကုန္ ဒီဇင္ဘာ ၄-၂၀၁၉
မိုးယံ(VOM)

ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ (၂၀)ရပ္ကြက္၊ ဘိုကေလး (၁)လမ္းမွာ လူမိုက္သံဒင္းေမာင္ဆိုသူက ကားဖယ္မေပးတဲ့ကိစၥနဲ႔ စကားမ်ားရာကေန သူရဲ႕တပည့္သုံးဦးနဲ႔ အမ်ိဳးသမီးတစ္ဦးကို ဆံပင္ကိုင္ဆြဲကာ ဝိုင္းဝန္းခ်ဳပ္ေႏွာင္ အုတ္နီခဲနဲ႔ထုလို႔ ဝတ္ဆင္လာတဲ့ ေ႐ႊထည္ပစၥည္း ေတြေပ်ာက္ဆုံးၿပီး နာက်င္ဒဏ္ရာေတြ ရခဲ့တဲ့ျဖစ္စဥ္ ဒီဇင္ဘာ ၁ရက္ညေနပိုင္းက ျဖစ္ပြားခဲ့တယ္လို႔ ေ႐ႊျပည္သာၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

“ကားဖယ္မေပးတဲ့ကိစၥနဲ႔ရန္ျဖစ္ၾကတာ၊ သံဒင္းေမာင္ကေတာ့ မေန႔ထဲက ေ႐ႊျပည္သာတရား႐ုံးမွာ ခ်ဳပ္ရီမန္ယူၿပီး အင္းစိန္ေထာင္ပို႔ထားတယ္၊ ေလာေလာဆယ္ တရားခံသုံးေယာက္ေတာ့ မိထားပါၿပီ ” လို႔ ေ႐ႊျပည္သာၿမိဳ႕မရဲစခန္းမွ အမႈစစ္ရဲအရာရွိ ဒုရဲအုပ္ႏိုင္လင္းကVOMကို အတည္ျပဳေျပာၾကားပါတယ္။

ေ႐ႊျပည္သာၿမိဳ႕နယ္မွာေနထိုင္တဲ့ မဆူး (ခ) မၾကည္ၾကည္ဟာ ဒီဇင္ဘာ ၁ရက္ေန႔ ေန႔လည္ ၁၁နာရီအခ်ိန္ခန႔္က ရပ္ကြက္ထဲရွိ မဂၤလာေဆာင္တစ္ခုကိုသြားဖို႔ အငွားယာဥ္တစ္စီးနဲ႔ ေနအိမ္ကထြက္လာခဲ့ရာ ဘိုကေလး ၁ လမ္းမေပၚမွာ ေ႐ႊျပည္သာၿမိဳ႕နယ္ (၁၉)ရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းမႀကီးေန ဦးဉာဏ္ထြန္း(ခ)သံဒင္းေမာင္က လမ္းလယ္ေခါင္မွာ ကားပိတ္ရပ္ထားတာျဖစ္ပါတယ္။

မဆူးဆိုသူကလည္း လမ္းလယ္ေခါင္မွာ ကားဘာလို႔ရပ္ထားတာလည္းေမးတဲ့အခ်ိန္္ သံဒင္းေမာင္က ” ငါလူမိုက္ သံဒင္းေမာင္ ဘာေျပာခ်င္လဲ လမ္းေပၚမွာရပ္တယ္ ရပ္ခ်င္လို႔ရပ္တာ” လို႔ျပန္ေျပာတဲ့အျပင္ ညစ္ညမ္းစြာဆဲဆိုကာ သတ္ပစ္မယ္လို႔ ေျပာဆိုႀကိမ္းေမာင္းၿပီး လမ္းေဘးဆံပင္ညႇပ္ဆိုင္ထဲက အုတ္နီခဲ၂လုံးယူၿပီး မဆူးအားထုခဲ့တာျဖစ္ပါတယ္။

သံဒင္းေမာင္ရဲ႕ တပည့္ျဖစ္သူ မိုးၾကည္ေအာင္နဲ႔ေမာင္ထြန္းဆိုသူတို႔က မဆူးရဲ႕လက္နဲ႔ဆံပင္တို႔ကို ဆြဲကိုင္ခ်ဳပ္ကိုင္ေပးခဲ့ၿပီး ဝိုင္းဝန္းခ်ဳပ္ေႏွာင္႐ိုက္ႏွက္တဲ့အတြက္ ႐ုန္းရင္းဆန္ခတ္ျဖစ္ကာ မဆူးမွာ ဝတ္ထားတဲ့ ကာလတန္ဖိုးက်ပ္တစ္သိန္းခြဲတန္ ဇာနားကပ္တစ္ရံ၊ က်ပ္တစ္သိန္းခြဲတန္ မက္ေဒါနားဆြဲႀကိဳး ေက်ာက္ျဖဴေလာ့ကတ္သီးပါ ဆြဲႀကိဳးတစ္ကုံး တို႔ ေပ်ာက္ဆုံးသြားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ အခင္းျဖစ္ေနရာကို သတင္းၾကားလို႔ ေရာက္လာတဲ့ မဆူးရဲ႕အစ္မျဖစ္သူ မသႏၲာခိုင္၊ တူမျဖစ္သူ ဆယ္ႏွစ္အ႐ြယ္ရွိ မေအးျမတ္ေမတို႔ကိုလည္း သံဒင္းေမာင္က အုတ္ခဲနဲ႔လိုက္ထုတဲ့အတြက္ ထြက္ေျပးခဲ့ရတယ္ၿပီး ဓါးေတြနဲ႔လည္းခုတ္ဖို႔ ျပဳလုပ္ခဲ့တယ္လို႔ မဆူးဆိုသူက ရဲစခန္းမွာသက္ေသ ထြက္ဆိုထားတာျဖစ္ပါတယ္။

” ဘာရန္ညႇိဳရန္စမွမရွိပါဘူး၊ ကားလမ္းပိတ္ရပ္ထားလို႔ ကားဖယ္ေပးခိုင္းတာကေနျဖစ္ၾကတာ။ ကားေဘးခ်ေပးဖို႔ ကားတစ္စီးသြားလို႔ရေအာင္ သူ႔ကို ႐ိုး႐ိုးေလးပဲလွမ္းေျပာတာ။ ဒါေပမဲ့သူက သူကားကိုလမ္းေဘးခ်မေပးပဲနဲ႔ ငါကေ႐ႊျပည္သာလူမိုက္၊ ငါရပ္ခ်င္တဲ့ေနရာရပ္မယ္၊ ငါကနံမည္ႀကီးလူမိုက္ နာမည္ေပါက္၊ ဘာျဖစ္လည္း၊ ဂ႐ုမစိုက္လို႔ေတာင္ ငါက ဝစ္ေသာက္ကားစီးတယ္ သူေျပာတယ္။ အဲဒါနဲ႔႐ုန္းရင္းဆန္ဆတ္ေတြျဖစ္ကုန္တာ။ လာၾကည့္တဲ့လူေတြကလည္း လမ္းဟိုဘက္ထိပ္ ဒီဘက္ထိပ္ အမ်ားႀကီးပဲ၊ ကြၽန္မလည္း ရဲကိုဖုန္းဆက္ၿပီးေခၚတာ ရဲလာေတာ့ သူတို႔ထြက္ေျပးသြားတယ္ “လို႔ မဆူး (ခ) မၾကည္ၾကည္ ကေျပာပါတယ္။

ျဖစ္ပြားခဲ့တဲ့ျဖစ္စဥ္နဲ႔ပက္သက္ၿပီး မဆူး(ခ)မၾကည္ၾကည္က တရားလိုျပဳလုပ္ၿပီးတိုင္တန္းတဲ့ အတြက္ (၁၉)ရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းမႀကီးေန အသက္(၆၄)ႏွစ္ရွိညာဏ္ထြန္း(ခ)သံဒင္းေမာင္၊ သရဖီလမ္းေန အသက္(၄၆)ႏွစ္ရွိ မိုးၾကည္ေအာင္၊ မေကြး(၃)လမ္းေန အသက္(၂၀)ႏွစ္ရွိ ဝတုတ္(ခ)ျပည့္ၿဖိဳးေဇာ္ နဲ႔ ဘိုကေလး(၁)လမ္းေန အသက္(၅၀)ႏွစ္ရွိ ေမာင္ထြန္းတို႔ကို (ပ) ၄၆၄၁/ ၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၅၄/ ၂၉၄/ ၃၄၂/ ၃၂၃/ ၅၀၆/ ၁၁၄ တို႔နဲ႔ အမႈဖြင့္ထားတယ္လို႔ ေ႐ႊျပည္သာၿမိဳ႕မရဲစခန္းကေနသိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #လူမိုက္ #အုတ္ခဲနဲ႔ထု

Related posts

Leave a Comment

VOM News

FREE
VIEW