၂၁ ရာစုပင်လုံကို မတ်လကုန်မှာ ကျင်းပဖို့ သဘောတူထားပေမယ့် ဒီနေ့အချိန်အထိ ပြင်ဆင်မှုမရှိသေး

၂၁ ရာစုပင်လုံကို မတ်လကုန်မှာ ကျင်းပဖို့ သဘောတူထားပေမယ့် ဒီနေ့အချိန်အထိ ပြင်ဆင်မှုမရှိသေး

ရန်ကုန်၊ ဒီဇင်ဘာ – ၅ ၊ ၂၀၁၉
အောင်ထူးနိုင်(VOM)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးကို လာမယ့်နှစ် မတ်လအကုန်မှာ ကျင်းပဖို့ သဘောတူထားပေမယ့် ဒီနေ့အထိ ပြင်ဆင်မှု ဘာမှမရှိသေးဘူးလို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) မှ သိရပါတယ်။

“ကျွန်တော်တို့ တရားဝင်ဘာမှမသိရသေးဘူး။ ကျွန်တော်တို့ကို တရားဝင်အကြောင်းကြားတာ လောလောဆယ် ဘာမှ မရှိဘူး။ ကျွန်တော်တို့ နိုင်ငံရေးပါတီအစုအဖွဲ့ကတော့ ဘာမှ မသိရသေးဘူး။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်ဘက်က ဘာတွေညှိနေတယ်ဆိုတာလည်း ကျွန်တော်တို့ အသေးစိတ်မသိရသေးဘူး” လို့ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ UPDJC အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ငြိမ်းချမ်းရေးညီလာခံကို လာမယ့်မတ်လအကုန်မှာ ကျင်းပဖို့ ငြိမ်းချမ်းရေးကော်မရှင်ဘက်က အဆိုပြုချက်ကို သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

“ညီလာခံလုပ်ဖို့ဆိုတာကတော့ ရှေ့မှာ လုပ်ရမယ့်အစည်းအဝေးတွေက အများကြီးပဲ။ အဲဒါတွေ တစ်ခုမှ မလုပ်နိုင်ဘဲနဲ့တော့ ညီလာခံ တန်းလုပ်ဖို့ မရနိုင်ဘူး”လို့ စိုင်းကျော်ညွှန့်က ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တတိယအကြိမ်အထိ ကျင်းပခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းအဖြစ် အချက် ၅၁ ချက်ကို သဘောတူညီမှု ရရှိထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ ပုံမှန်အစည်းအဝေးကို မန္တလေးမှာ ပထဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၄ ရက်နဲ့ ၅ ရက်မှာ လုပ်ခဲ့ပေမယ့် ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုတာတော့ မရှိပါဘူး။

#voiceofmyanmar #ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) #မန္တလေး

Zawgyi

၂၁ ရာစုပင္လုံကို မတ္လကုန္မွာ က်င္းပဖို႔ သေဘာတူထားေပမယ့္ ဒီေန႔အခ်ိန္အထိ ျပင္ဆင္မႈမရွိေသး

ရန္ကုန္၊ ဒီဇင္ဘာ – ၅ ၊ ၂၀၁၉
ေအာင္ထူးႏိုင္(VOM)

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လုံအစည္းအေဝးကို လာမယ့္ႏွစ္ မတ္လအကုန္မွာ က်င္းပဖို႔ သေဘာတူထားေပမယ့္ ဒီေန႔အထိ ျပင္ဆင္မႈ ဘာမွမရွိေသးဘူးလို႔ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ(UPDJC) မွ သိရပါတယ္။

“ကြၽန္ေတာ္တို႔ တရားဝင္ဘာမွမသိရေသးဘူး။ ကြၽန္ေတာ္တို႔ကို တရားဝင္အေၾကာင္းၾကားတာ ေလာေလာဆယ္ ဘာမွ မရွိဘူး။ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးပါတီအစုအဖြဲ႕ကေတာ့ ဘာမွ မသိရေသးဘူး။ အစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ဘက္က ဘာေတြညႇိေနတယ္ဆိုတာလည္း ကြၽန္ေတာ္တို႔ အေသးစိတ္မသိရေသးဘူး” လို႔ ႏိုင္ငံေရးပါတီမ်ား အစုအဖြဲ႕မွ UPDJC အတြင္းေရးမႉး စိုင္းေက်ာ္ၫြန႔္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၂၀ ရက္ေန႔မွာ အစိုးရရဲ႕ ၿငိမ္းခ်မ္းေရးေကာ္မရွင္ အဖြဲ႕နဲ႔ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA) လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၁၀ ဖြဲ႕ရဲ႕ ကိုယ္စားလွယ္ေတြ ေတြ႕ဆုံေဆြးေႏြးခဲ့ရာမွာ ၿငိမ္းခ်မ္းေရးညီလာခံကို လာမယ့္မတ္လအကုန္မွာ က်င္းပဖို႔ ၿငိမ္းခ်မ္းေရးေကာ္မရွင္ဘက္က အဆိုျပဳခ်က္ကို သေဘာတူညီခဲ့ၾကတာ ျဖစ္ပါတယ္။

“ညီလာခံလုပ္ဖို႔ဆိုတာကေတာ့ ေရွ႕မွာ လုပ္ရမယ့္အစည္းအေဝးေတြက အမ်ားႀကီးပဲ။ အဲဒါေတြ တစ္ခုမွ မလုပ္ႏိုင္ဘဲနဲ႔ေတာ့ ညီလာခံ တန္းလုပ္ဖို႔ မရႏိုင္ဘူး”လို႔ စိုင္းေက်ာ္ၫႊန႔္က ေျပာပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံကို တတိယအႀကိမ္အထိ က်င္းပခဲ့ၿပီး ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္းအျဖစ္ အခ်က္ ၅၁ ခ်က္ကို သေဘာတူညီမႈ ရရွိထားပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ(UPDJC) ရဲ႕ နိုုင္ငံေရးပါတီမ်ားအစုုအဖြဲ႕ရဲ႕ ပံုုမွန္အစည္းအေဝးကိုု မႏၱေလးမွာ ပထဆံုုးအၾကိမ္အျဖစ္ ဒီဇင္ဘာ ၄ ရက္နဲ႕ ၅ ရက္မွာ လုုပ္ခဲ႕ေပမယ့္ ဒီအစည္းအေဝးနဲ႕ ပတ္သက္ျပီး ထုုတ္ျပန္ေျပာဆိုုတာေတာ့ မရွိပါဘူး။

#voiceofmyanmar #ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ(UPDJC) #မႏၱေလး

Related posts

Leave a Comment

VOM News

FREE
VIEW