ကျောက်တော်မှာ ပေါက်ကွဲမှုဖြစ် ကလေးတစ်ဦးကျည်ထိမှန်

ကျောက်တော်၊ ဒီဇင်ဘာ ၆-၂၀၁၉
ခိုင်လင်းစံ (VOM)

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ် ရပ်ကွက်တစ်ခုအတွင်းမှာ ဒီကနေ့မနက်ပိုင်း ၉ နာရီကျော်လောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ ကျောက်တော်မြို့တောင်ဘက် ကစ္ဆပနဒီမြစ်အနီး ကမ်းနားလမ်းက ရွှေကျောင်းဘုန်းတော်ကြီးကျောင်းနဲ့ ကုန်သွယ်ရေးဂိုဒေါင်ကြားက နေရာမှာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဲ့ဒီနေရာမှာ တပ်မတော်စစ်ကြောင်းတွေက စခန်းချပြီးရှိနေတယ်လို့ ကျောက်တော်ဒေသခံံတွေကပြောပါတယ်။

အဲ့ဒီပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ပစ်ခတ်မှုတွေပြုလုပ်ရာမှာ လမ်းသွားနေတဲ့ တတိယတန်းကျောင်းသားလေးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျောက်တော်ဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရတယ်လို့ ကျောက်တော်ဒေသခံတွေကပြောပါတယ်။

“ပေါက်ကွဲမှုဖြစ်တာမှန်ပါတယ်။ ကျွန်တော်တို့တို့နေတဲ့နေရာနဲ့တော် နည်းနည်းဝေးတယ်။ အဲ့ဒီမှာ တစ်ချက်ပေါက်တာကြားလိုက်တယ်။ ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်။ မြို့ကလူတွေကတော့ တော်တော်လေးကို ရုတ်ရုတ်သဲသဲဖြစ်ပြီး ထွက်ေြးသူပြေး။ ဈေးဆိုင်တွေကို ဒီတိုင်းထားပြီးတော့ ထွက်ပြေးသွားခဲ့ကြတာပေါ့။ အကုန်လုံးက စိုးရိမ်မှုတွေရှိနေကြတယ်။”လို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် ကလေးတစ်ဦးထိခိုက်သွားတယ်ဆိုတာ သတင်းရထားကြောင်းနဲ့ အဲ့ဒီပေါက်ကွဲမှုဖြစ်ပွားပြီး ပစ်ခတ်မှုတွေလည်းရှိနေတဲ့အတွက် မြို့ပေါ်မှာ တစ်နေရာနဲ့တစ်နေရာ သွားလာဖို့ အခက်အခဲရှိနေတဲ့အတွက် ကလေးရဲ့အခြေအနေက သေမသေကိုမသိသေးဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ပြောပါတယ်။
“ပေါက်ကွဲမှုဖြစ်ပြီး ပစ်ခတ်တာရှိတယ်။ အဲ့ဒီမှာ ကျောင်းသားလေးတစ်ဦး ထိသွားတယ်လို့သတင်းရပါတယ်။ ဘယ်သူလဲ ဘယ်လိုနေရာမှာထိလဲ၊ဆိုတဲ့အခြေအနေကိုတော့ တိတိကျကျမရသေးဘူး။ အဲ့ဒီနေရာကိုသွားလာဖို့အတွက် အခက်အခဲရှိတယ်။”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ကအတည်ပြုပြောပါတယ်။

အဲ့ဒီကျည်ထိမှန်တဲ့ကလေးဟာ ပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက် လမ်းပေါ်မှာသွားလာနေချိန် တပ်မတော်ဘက်က ပစ်ခတ်လိုက်တဲ့ ကျည်ထိမှန်ခဲ့တာဖြစ်ပြီး လောလောဆယ်မှာ ကျောက်တော်ဆေးရုံကို အရေးပေါ်ပို့ဆောင်ဖို့အတွက် သွားခေါ်နေတယ်လို့ ဖြူစင်မေတ္တာ ပရဟိတအသင်းက ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်ဘက်ကိုဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #ကျောက်တော် #ကျောင်းသား #ကျည်ထိ

Zawgyi

ေက်ာက္ေတာ္မွာ ေပါက္ကြဲမႈျဖစ္ ကေလးတစ္ဦးက်ည္ထိမွန္

ေက်ာက္ေတာ္၊ ဒီဇင္ဘာ ၆-၂၀၁၉
ခိုင္လင္းစံ (VOM)

တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕ေပၚ ရပ္ကြက္တစ္ခုအတြင္းမွာ ဒီကေန႔မနက္ပိုင္း ၉ နာရီေက်ာ္ေလာက္က ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ပါတယ္။

ေပါက္ကြဲမႈျဖစ္ပြားခဲ့တဲ့ေနရာဟာ ေက်ာက္ေတာ္ၿမိဳ႕ေတာင္ဘက္ ကစၦပနဒီျမစ္အနီး ကမ္းနားလမ္းက ေရႊေက်ာင္းဘုန္းေတာ္ႀကီးေက်ာင္းနဲ႔ ကုန္သြယ္ေရးဂိုေဒါင္ၾကားက ေနရာမွာေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး အဲ့ဒီေနရာမွာ တပ္မေတာ္စစ္ေၾကာင္းေတြက စခန္းခ်ၿပီးရွိေနတယ္လို႔ ေက်ာက္ေတာ္ေဒသခံံေတြကေျပာပါတယ္။

အဲ့ဒီေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး တပ္မေတာ္ဘက္က ပစ္ခတ္မႈေတြျပဳလုပ္ရာမွာ လမ္းသြားေနတဲ့ တတိယတန္းေက်ာင္းသားေလးတစ္ဦး က်ည္ထိမွန္ဒဏ္ရာရရွိခဲ့ၿပီး ေက်ာက္ေတာ္ေဆးရံုကို အေရးေပၚပို႔ေဆာင္လိုက္ရတယ္လို႔ ေက်ာက္ေတာ္ေဒသခံေတြကေျပာပါတယ္။

“ေပါက္ကြဲမႈျဖစ္တာမွန္ပါတယ္။ ကၽြန္ေတာ္တုိ႔တို႔ေနတဲ့ေနရာနဲ႔ေတာ္ နည္းနည္းေဝးတယ္။ အဲ့ဒီမွာ တစ္ခ်က္ေပါက္တာၾကားလိုက္တယ္။ ပစ္ခတ္မႈေတြလည္းရွိခဲ့တယ္။ ၿမိဳ႕ကလူေတြကေတာ့ ေတာ္ေတာ္ေလးကို ရုတ္ရုတ္သဲသဲျဖစ္ၿပီး ထြက္ေျးသူေျပး။ ေဈးဆိုင္ေတြကို ဒီတိုင္းထားၿပီးေတာ့ ထြက္ေျပးသြားခဲ့ၾကတာေပါ့။ အကုန္လံုးက စိုးရိမ္မႈေတြရွိေနၾကတယ္။”လို႔ ေက်ာက္ေတာ္ေဒသခံတစ္ဦးက ေျပာပါတယ္။

အဲ့ဒီပစ္ခတ္မႈေၾကာင့္ ကေလးတစ္ဦးထိခိုက္သြားတယ္ဆိုတာ သတင္းရထားေၾကာင္းနဲဲ႔ အဲ့ဒီေပါက္ကြဲမႈျဖစ္ပြားၿပီး ပစ္ခတ္မႈေတြလည္းရွိေနတဲ့အတြက္ ၿမိဳ႕ေပၚမွာ တစ္ေနရာနဲ႔တစ္ေနရာ သြားလာဖုိ႔ အခက္အခဲရွိေနတဲ့အတြက္ ကေလးရဲ႕အေျခအေနက ေသမေသကိုမသိေသးဘူးလို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းဝင္းက ေျပာပါတယ္။
“ေပါက္ကြဲမႈျဖစ္ၿပီး ပစ္ခတ္တာရွိတယ္။ အဲ့ဒီမွာ ေက်ာင္းသားေလးတစ္ဦး ထိသြားတယ္လို႔သတင္းရပါတယ္။ ဘယ္သူလဲ ဘယ္လိုေနရာမွာထိလဲ၊ဆိုတဲ့အေျခအေနကိုေတာ့ တိတိက်က်မရေသးဘူး။ အဲ့ဒီေနရာကိုသြားလာဖုိ႔အတြက္ အခက္အခဲရွိတယ္။”လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းဝင္းက ကအတည္ျပဳေျပာပါတယ္။

အဲ့ဒီက်ည္ထိမွန္တဲ့ကေလးဟာ ေပါက္ကြဲမႈေတြျဖစ္ပြားၿပီးေနာက္ လမ္းေပၚမွာသြားလာေနခ်ိန္ တပ္မေတာ္ဘက္က ပစ္ခတ္လိုက္တဲ့ က်ည္ထိမွန္ခဲ့တာျဖစ္ၿပီး ေလာေလာဆယ္မွာ ေက်ာက္ေတာ္ေဆးရံုကို အေရးေပၚပို႔ေဆာင္ဖုိ႔အတြက္ သြားေခၚေနတယ္လို႔ ျဖဴစင္ေမတၱာ ပရဟိတအသင္းက ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္ကိုဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #ေက်ာက္ေတာ္ #ေက်ာင္းသား #က်ည္ထိ

Related posts

Leave a Comment

VOM News

FREE
VIEW