နိုင်ငံသားအထောက်အထားမပြနိုင်တဲ့သူတွေကို ကူညီဖို့လုပ်ခဲ့တဲ့ YBS ၁၅ ယာဉ်လိုင်းကို နယ်ကျော်ပြေးဆွဲမှုနဲ့ အရေးယူမယ်

ရန်ကုန် ၊ ဒီဇင်ဘာ ၆-၂၀၁၉
သူရိန်(VOM)

နိုင်ငံသား အထောက်အထားမပြနိုင်တဲ့သူတွေကို ကူညီဖို့အသင့်စောင့်ဆိုင်းနေတဲ့ YBS ၁၅ ယာဉ်လိုင်းကို နယ်ကျော်ပြေးဆွဲမှုနဲ့ YRTAဘက်က အရေးယူသွားမှာဖြစ်သလို ကျန်ရှိတဲ့အရေးယူမှုတွေကို သက်ဆိုင်ရာဌာနတွေက ဆက်လက်ဆောင်ရွက်သွားမယ်လို့ YRTA ကနေ သိရပါတယ်။

နိုဝင်ဘာလ ၂၈ ရက် ညပိုင်းက ချောင်းသာကမ်းခြေကိုခိုးဝင်တဲ့ ဘင်္ဂလီ ၉၆ ယောက်ကိုကူညီဖို့ YBS ၁၅ ယာဉ်လိုင်းက စောင့်ဆိုင်းနေစဉ် လမ်းခုလတ်မှာဖမ်းဆီးခံဲ့ရတာပါ။

“ YBS ၁၅ ယာဉ်လိုင်းကို နယ်ကျော်ပြေးဆွဲမှုနဲ့ အရေးယူဆောင်ရွက်သွားမယ်။ ဒီအတွက် ခေတ်သစ်ဘုရင့်နောင်ယာဉ်လိုင်းကိုလည်း အသိပေးထားတယ်။ အဆင့်ဆင့်စစ်ဆေးပြီးတော့ အသေးစိတ်ကို YRTA မှာတင်ပြခိုင်းထားတယ်။ ဒီယာဉ်ကို YBOကနေ ထောက်ကြည့်လိုက်တဲ့အခါမှာ မနက်ပိုင်းအထိကပုံမှန်ပြေးဆွဲနေတယ်။ နေခင်းတစ်နာရီလောက်မှာ အဆင်အသွယ်ဖြတ်တောက်ထားတယ်”လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

ဒီ YBS ၁၅ ယာဉ်လိုင်းက ခေတ်သစ်ဘုရင့်နောင်လက်အောက်မှာ ပြေးဆွဲနေတဲ့ယာဉ်လိုင်းဖြစ်ပြီး Yangon Bus Operatorကနေ ခြေရာခံရာမှာ နေ့လည်တစ်နာရီအထိသာ အဆက်အသွယ်ရခဲ့တာဖြစ်ပါတယ်။

ခေတ်သစ်ဘုရင့်နောင်ယာဉ်လိုင်းမှာ နယ်ကျော်ပြေးဆွဲတဲ့အမှု ၁၄ ကြိမ်ရှိခဲ့ပြီး လက်ရှိမှာYRTA က မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းက ယာဉ်မောင်းတွေ မောင်းနှင်တဲ့အခြေအနေကို သိရှိနိုင်ဖို့နဲ့ ယာဉ်ပေါ်က အခက်အခဲတွေ သိရှိနိုင်ဖို့အတွက် ယာဉ်တွေမှာ တယ်လီမက်တစ်စနစ်တပ်ဆင်ပြီး ဒီစနစ်ကို Yangon Bus Operator နဲ့ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #YBS #ယာဉ်လိုင်း၁၅

Zawgyi

ႏိုင္ငံသားအေထာက္အထားမျပနုိင္တဲ့သူေတြကို ကူညီဖို႔လုပ္ခဲ့တဲ့ YBS ၁၅ ယာဥ္လိုင္းကို နယ္ေက်ာ္ေျပးဆြဲမႈနဲ႔ အေရးယူမယ္

ရန္ကုန္ ၊ ဒီဇင္ဘာ ၆-၂၀၁၉
သူရိန္(VOM)

ႏိုင္ငံသား အေထာက္အထားမျပနုိင္တဲ့သူေတြကို ကူညီဖို႔အသင့္ေစာင့္ဆိုင္းေနတဲ့ YBS ၁၅ ယာဥ္လိုင္းကို နယ္ေက်ာ္ေျပးဆြဲမႈနဲ႔ YRTAဘက္က အေရးယူသြားမွာျဖစ္သလို က်န္ရွိတဲ့အေရးယူမႈေတြကို သက္ဆိုင္ရာဌာနေတြက ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔ YRTA ကေန သိရပါတယ္။

ႏိုဝင္ဘာလ ၂၈ ရက္ ညပိုင္းက ေခ်ာင္းသာကမ္းေျခကိုခိုးဝင္တဲ့ ဘဂၤလီ ၉၆ ေယာက္ကိုကူညီဖို႔ YBS ၁၅ ယာဥ္လိုင္းက ေစာင့္ဆိုင္းေနစဥ္ လမ္းခုလတ္မွာဖမ္းဆီးခံဲ့ရတာပါ။

“ YBS ၁၅ ယာဥ္လိုင္းကို နယ္ေက်ာ္ေျပးဆြဲမႈနဲ႔ အေရးယူေဆာင္႐ြက္သြားမယ္။ ဒီအတြက္ ေခတ္သစ္ဘုရင့္ေနာင္ယာဥ္လိုင္းကိုလည္း အသိေပးထားတယ္။ အဆင့္ဆင့္စစ္ေဆးၿပီးေတာ့ အေသးစိတ္ကို YRTA မွာတင္ျပခိုင္းထားတယ္။ ဒီယာဥ္ကို YBOကေန ေထာက္ၾကည့္လိုက္တဲ့အခါမွာ မနက္ပိုင္းအထိကပုံမွန္ေျပးဆြဲေနတယ္။ ေနခင္းတစ္နာရီေလာက္မွာ အဆင္အသြယ္ျဖတ္ေတာက္ထားတယ္”လို႔ YRTA တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ေျပာပါတယ္။

ဒီ YBS ၁၅ ယာဥ္လိုင္းက ေခတ္သစ္ဘုရင့္ေနာင္လက္ေအာက္မွာ ေျပးဆြဲေနတဲ့ယာဥ္လိုင္းျဖစ္ၿပီး Yangon Bus Operatorကေန ေျခရာခံရာမွာ ေန႔လည္တစ္နာရီအထိသာ အဆက္အသြယ္ရခဲ့တာျဖစ္ပါတယ္။

ေခတ္သစ္ဘုရင့္ေနာင္ယာဥ္လိုင္းမွာ နယ္ေက်ာ္ေျပးဆြဲတဲ့အမႈ ၁၄ ႀကိမ္ရွိခဲ့ၿပီး လက္ရွိမွာYRTA က ၿမိဳ႕တြင္းေျပးဆြဲေနတဲ့ YBS ယာဥ္လိုင္းက ယာဥ္ေမာင္းေတြ ေမာင္းႏွင္တဲ့အေျခအေနကို သိရွိႏိုင္ဖို႔နဲ႔ ယာဥ္ေပၚက အခက္အခဲေတြ သိရွိႏိုင္ဖို႔အတြက္ ယာဥ္ေတြမွာ တယ္လီမက္တစ္စနစ္တပ္ဆင္ၿပီး ဒီစနစ္ကို Yangon Bus Operator နဲ႔ခ်ိတ္ဆက္ထားတယ္လုိ႔ သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #YBS #ယာဥ္လိုင္း၁၅

Related posts

Leave a Comment

VOM News

FREE
VIEW