လူ့အခွင့်အရေးအဖွဲ့တွေကန့်ကွက်ပေမယ့် ဒုက္ခသည်စခန်းတွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ် ခြံစည်းရိုးခတ်

Unicode

လူ့အခွင့်အရေးအဖွဲ့တွေကန့်ကွက်ပေမယ့် ဒုက္ခသည်စခန်းတွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ် ခြံစည်းရိုးခတ်

ကော့ဘဇား၊ ဒီဇင်ဘာ-၁၁-၂၀၁၉
မျိုးဆက် (VOM)

ဒေသခံခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်မှုတွေရှိနေပေမယ့် ရိုဟင်ဂျာဒုက္ခသည် သိန်းပေါင်းများစွာနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေရဲ့ ဝန်းကျင်မှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ခြံစည်းရိုးခတ်တာတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ကော့ဘဇားခရိုင်အတွင်းမှာရှိတဲ့ အကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့ ဘာလူခါလီစခန်းဝန်းကျင်မှာလည်း ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်တွေဟာ သံဆူးကြိုးတွေနဲ့ ခြံစည်းရိုးကာဖို့ တိုင်တွေစိုက်ထူနေတာကို မြင်တွေ့နေရတယ်လို့ နယ်ခံအေအက်ဖ်ပီသတင်းထောက်က ပြောပါတယ်။

ခြံစည်းရိုးကာတာတဲ့ လုပ်ငန်းတွေကို စတင်နေပြီလို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်ဆိုင်ရာမဟာမင်းကြီး အလန်တာလူဒါကအတည်ပြုပြောဆိုခဲ့ပြီး နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုတာမရှိပါဘူး။

ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေရဲ့ လှုပ်ရှားမှုအားလုံးကို ရဲတပ်ဖွဲ့က စောင့်ကြည့်ထိန်း ချုပ်နိုင်ခြင်းမရှိပေမယ့်လည်း စခန်းအတွင်းကနေ ဒုက္ခသည်တွေ ထွက်ခွာခွင့်ကို ယခင်ကတည်းက တားမြစ်ထားပါတယ်။

ဒုက္ခသည်စခန်းတွေကိုသွားတဲ့ အဓိကလမ်းမကြီးတွေမှာ စစ်ဆေးရေးဂိတ်အသစ်တွေထားရှိပြီး စခန်းထဲကနေ ဘင်္ဂလားဒေ့ရှ်ရဲ့ အခြားနေရာတွေကိုသွားဖို့ကြိုးစားသူတွေကို ဖမ်းဆီးပြီး စခန်းထဲကိုပြန်ပို့လေ့ရှိပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မြန်မာနိုင်ငံကို ပြန်ပို့ဖို့ကိစ္စမအောင်မမြင်ဖြစ်ပွားပြီနောက် ဒုက္ခသည်တွေကို လက်ခံထားရခြင်းအတွက် ဘင်္ဂလားဒေ့ရှ်မှာ စိတ်ပျက်လက်ပျက်ဖြစ်မှုတွေ တိုးပွားလာနေပါတယ်။ စခန်းတွေမှာတော့ ဒုက္ခသည် တစ်သန်းနီးပါးထိရှိနေပါတယ်။
လက်ရှိမှာတော့ ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်ကြောင်း စွပ်စွဲပြီး ဂမ်ဘီယာနိုင်ငံ နိုင်ငံတကာတရားရုံးမှာ တရားစွဲထားတာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာ တရားရင်ဆိုင်နေရပါတယ်။

Ref : CNA
Photo : AFP

#voiceofmyanmar #VOM #ဘင်္ဂလားဒေရှ် #ဒုက္ခသည်စခန်း #လူ့အခွင့်အရေးအဖွဲ့

Zawgyi

လူ႔အခြင္႔အေရးအဖြဲ႔ေတြကန္႔ကြက္ေပမယ္႔ ဒုကၡသည္စခန္းေတြကို ဘဂၤလားေဒ႔ရွ္စစ္တပ္ ျခံစည္းရိုးခတ္

ေကာ႔ဘဇား၊ ဒီဇင္ဘာ-၁၁-၂၀၁၉
မ်ိဳးဆက္ (VOM)

ေဒသခံေခါင္းေဆာင္ေတြနဲ႔ လူ႔အခြင္႔အေရးအဖြဲ႔ေတြက ကန္႔ကြက္မႈေတြရိွေနေပမယ္႔ ရိုဟင္ဂ်ာဒုကၡသည္ သိန္းေပါင္းမ်ားစြာေနထိုင္တဲ႔ ဒုကၡသည္စခန္းေတြရဲ႕ ၀န္းက်င္မွာ ဘဂၤလားေဒ႔ရွ္စစ္တပ္က ျခံစည္းရိုးခတ္တာေတြ စတင္လုပ္ေဆာင္ေနျပီျဖစ္ပါတယ္။

ေကာ႔ဘဇားခရိုင္အတြင္းမွာရိွတဲ႔ အၾကီးဆံုးဒုကၡသည္စခန္းျဖစ္တဲ႔ ဘာလူခါလီစခန္း၀န္းက်င္မွာလည္း ဘဂၤလားေဒ႔ရွ္တပ္ဖြဲ႔၀င္ေတြဟာ သံဆူးၾကိဳးေတြနဲ႔ ျခံစည္းရိုးကာဖို႔ တိုင္ေတြစိုက္ထူေနတာကို ျမင္ေတြ႔ေနရတယ္လို႔ နယ္ခံေအအက္ဖ္ပီသတင္းေထာက္က ေျပာပါတယ္။

ျခံစည္းရိုးကာတာတဲ႔ လုပ္ငန္းေတြကို စတင္ေနျပီလို႔ ဘဂၤလားေဒ႔ရွ္ဒုကၡသည္ဆိုင္ရာမဟာမင္းၾကီး အလန္တာလူဒါကအတည္ျပဳေျပာဆုိခဲ႔ျပီး ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကိုေတာ႔ ေျပာဆိုတာမရိွပါဘူး။

ဒုကၡသည္စခန္းထဲက ရိုဟင္ဂ်ာေတြရဲ႕ လႈပ္ရွားမႈအားလံုးကို ရဲတပ္ဖြဲ႔က ေစာင္႔ၾကည္႔ထိန္း ခ်ဳပ္နုိင္ျခင္းမရိွေပမယ္႔လည္း စခန္းအတြင္းကေန ဒုကၡသည္ေတြ ထြက္ခြာခြင္႔ကို ယခင္ကတည္းက တားျမစ္ထားပါတယ္။

ဒုကၡသည္စခန္းေတြကိုသြားတဲ႔ အဓိကလမ္းမၾကီးေတြမွာ စစ္ေဆးေရးဂိတ္အသစ္ေတြထားရိွျပီး စခန္းထဲကေန ဘဂၤလားေဒ႔ရွ္ရဲ႕ အျခားေနရာေတြကိုသြားဖို႔ၾကိဳးစားသူေတြကို ဖမ္းဆီးျပီး စခန္းထဲကိုျပန္ပို႔ေလ႔ရိွပါတယ္။

အထူးသျဖင္႔ ျပီးခဲ႔တဲ႔ ၾသဂုတ္လအတြင္းက ျမန္မာနုိင္ငံကို ျပန္ပို႔ဖို႔ကိစၥမေအာင္မျမင္ျဖစ္ပြားျပီေနာက္ ဒုကၡသည္ေတြကို လက္ခံထားရျခင္းအတြက္ ဘဂၤလားေဒ႔ရွ္မွာ စိတ္ပ်က္လက္ပ်က္ျဖစ္မႈေတြ တိုးပြားလာေနပါတယ္။ စခန္းေတြမွာေတာ႔ ဒုကၡသည္ တစ္သန္းနီးပါးထိရိွေနပါတယ္။
လက္ရိွမွာေတာ႔ ရိုဟင္ဂ်ာေတြအေပၚ ျမန္မာနုိင္ငံက လူမ်ိဳးတုန္းသတ္ျဖတ္ေၾကာင္း စြပ္စြဲျပီး ဂမ္ဘီယာနုိင္ငံ နုိင္ငံတကာတရားရံုးမွာ တရားစြဲထားတာေၾကာင္႔ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ျပီး နယ္သာလန္နိုင္ငံ သည္ဟိဂ္ျမိဳ႕မွာ တရားရင္ဆိုင္ေနရပါတယ္။

Ref : CNA
Photo : AFP

#voiceofmyanmar #VOM #ဘဂၤလားေဒရွ္ #ဒုုကၡသည္စခန္း #လူ႕အခြင့္အေရးအဖြဲ႕

Related posts

Leave a Comment

VOM News

FREE
VIEW