ခိုးဝင်မွတ်စလင်တွေကို နိုင်ငံသားမပေးတဲ့ ဥပဒေကြမ်း အိန္ဒိယပါလီမန်အတည်ပြု

ခိုးဝင်မွတ်စလင်တွေကို နိုင်ငံသားမပေးတဲ့ ဥပဒေကြမ်း အိန္ဒိယပါလီမန်အတည်ပြု

ဒေလီ၊ ဒီဇင်ဘာ-၁၂-၂၀၁၉
မျိုးဆက် (VOM)

အိန္ဒိယပါလီမန်ဟာ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နဲ့ ပါကစ္စတန်နိုင်ငံတို့မှ တရားမဝင်ဝင်ရောက်လာတဲ့ မွတ်စလင်တွေကို နိုင်ငံသားဖြစ်ခွင့်ကန့်သတ်ထားတဲ့ ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုလိုက်ပါတယ်။

အောက်လွှတ်တော်မှာ အတည်ပြုပြီးဖြစ်တဲ့ အဲဒီဥပဒေကြမ်းကို အထက်လွှတ်တော်က ထောက်ခံမဲ ၁၂၅ မဲ၊ ကန့်ကွက်မဲ ၁၀၅ မဲနဲ့အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒီဥပဒေအတည်ပြုလိုက်တာကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယအရှေ့ မြောက်ပိုင်းပြည်နယ်တွေမှာ ဥပဒေကြမ်းအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဆန္ဒပြမှုတွေကြောင့် အိန္ဒိယတပ်ဖွဲ့ဝင်တွေကို ထရီပူရာမှာ ဖြန့်ကြက်ချထားပြီး အာသံပြည်နယ်မြို့တော် ဂူဝါဟာတီမြို့မှာတော့ ဆန္ဒပြသတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားနေပါတယ်။

ဥပဒေကြမ်းဟာ ခွဲခြားဆက်ဆံမှုတွေရှိတယ်လို့ ဝေဖန်သူတွေက ထောက်ပြပြောဆိုပါတယ်။ ဒါပေမယ့် အာဏာရ ဟိန္ဒိူအမျိုးသားရေးပါတီကမူ ဒီဥပဒေဟာ ဘာသာရေးဖိနှိပ်မှုကြောင့် ထွက်ပြေးလာသူတွေကို အကာအကွယ်ပေးလိမ့်မယ်လို့ ဆိုပါတယ်။

နိုင်ငံသားဖြစ်မှု ပြင်ဆင်ချက်ဥပဒေကြမ်းကို လက်ရှိမှာ ဥပဒေအဖြစ် လက်မှတ်ထိုးဖို့စီစဉ်နေပါတယ်။ ဥပဒေကြမ်းဟာ မွတ်စလင်တွေကိုဘေးဖယ်ထားပြီး အိန္ဒိယရဲ့ လောကီဆိုင်ရာမူဝါဒတွေကို ချိူးဖောက်ဖို့ အာဏာရဘီဂျေပီပါတီရဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

Ref : BBC
Photo: Reuters

#voiceofmyanmar #ခိုးဝင်ဘင်္ဂါလီ #အိန္ဒိယ #နိုင်ငံသားဖြစ်ခွင့်

Zawgyi

ခိုး၀င္မြတ္စလင္ေတြကို နုိင္ငံသားမေပးတဲ႔ ဥပေဒၾကမ္း အိႏိၵယပါလီမန္အတည္ျပဳ

ေဒလီ၊ ဒီဇင္ဘာ-၁၂-၂၀၁၉
မ်ိဳးဆက္ (VOM)

အိႏိၵယပါလီမန္ဟာ အာဖဂန္နစၥတန္၊ ဘဂၤလားေဒ႔ရွ္ နဲ႔႔ ပါကစၥတန္နိုင္ငံတို႔မွ တရားမ၀င္၀င္ေရာက္လာတဲ႔ မြတ္စလင္ေတြကို နိုင္ငံသားျဖစ္ခြင္႔ကန္႔သတ္ထားတဲ႔ ဥပေဒၾကမ္းတစ္ရပ္ကို အတည္ျပဳလိုက္ပါတယ္။

ေအာက္လႊတ္ေတာ္မွာ အတည္ျပဳျပီးျဖစ္တဲ႔ အဲဒီဥပေဒၾကမ္းကို အထက္လႊတ္ေတာ္က ေထာက္ခံမဲ ၁၂၅ မဲ၊ ကန္႔ကြက္မဲ ၁၀၅ မဲနဲ႔အတည္ျပဳခဲ႔တာျဖစ္ပါတယ္။

ဒီဥပေဒအတည္ျပဳလိုက္တာေၾကာင္႔ ဘဂၤလားေဒ႔ရွ္နဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ႕ အိႏိၵယအေရွ႕ ေျမာက္ပိုင္းျပည္နယ္ေတြမွာ ဥပေဒၾကမ္းအေပၚ ဆန္႔က်င္တဲ႔ ဆႏၵျပမႈေတြ ျဖစ္ေပၚေနပါတယ္။

ဆႏၵျပမႈေတြေၾကာင္႔ အိႏိၵယတပ္ဖြဲ႔၀င္ေတြကို ထရီပူရာမွာ ျဖန္႔ၾကက္ခ်ထားျပီး အာသံျပည္နယ္ျမိဳ႕ေတာ္ ဂူ၀ါဟာတီျမိဳ႕မွာေတာ႔ ဆႏၵျပသေတြနဲ႔ ရဲတပ္ဖြဲ႔တို႔အၾကား ထိပ္တိုက္ရင္ဆိုင္မႈေတြ ျဖစ္ပြားေနပါတယ္။

ဥပေဒၾကမ္းဟာ ခြဲျခားဆက္ဆံမႈေတြရိွတယ္လို႔ ေ၀ဖန္သူေတြက ေထာက္ျပေျပာဆိုပါတယ္။ ဒါေပမယ္႔ အာဏာရ ဟိႏိၵဴအမ်ိဳးသားေရးပါတီကမူ ဒီဥပေဒဟာ ဘာသာေရးဖိနွိပ္မႈေၾကာင္႔ ထြက္ေျပးလာသူေတြကို အကာအကြယ္ေပးလိ္မ္႔မယ္လို႔ ဆိုပါတယ္။

နိုင္ငံသားျဖစ္မႈ ျပင္ဆင္ခ်က္ဥပေဒၾကမ္းကို လက္ရိွမွာ ဥပေဒအျဖစ္ လက္မွတ္ထိုးဖို႔စီစဥ္ေနပါတယ္။ ဥပေဒၾကမ္းဟာ မြတ္စလင္ေတြကိုေဘးဖယ္ထားျပီး အိႏိၵယရဲ႕ ေလာကီဆိုင္ရာမူ၀ါဒေတြကို ခ်ိဴးေဖာက္ဖို႔ အာဏာရဘီေဂ်ပီပါတီရဲ႕ အစီအစဥ္တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ ဆႏၵျပသူေတြက ေျပာပါတယ္။

Ref : BBC
Photo: Reuters

#voiceofmyanmar #ခိုုးဝင္ဘဂၤါလီ #အိႏိၵယ #နိုုင္ငံသားျဖစ္ခြင့္

Related posts

Leave a Comment

VOM News

FREE
VIEW