ပရိဘောဂတွေ အဝတ်လျှော်စက်တွေထဲပုန်းပြီး အမေရိကန်ကိုဝင်ဖို့ကြိုးစားတဲ့ တရုတ်နိုင်ငံသားတွေ အဖမ်းခံရ

ပရိဘောဂတွေ အဝတ်လျှော်စက်တွေထဲပုန်းပြီး အမေရိကန်ကိုဝင်ဖို့ကြိုးစားတဲ့ တရုတ်နိုင်ငံသားတွေ အဖမ်းခံရ

ဆန်ဒီယာဂို၊ ဒီဇင်ဘာ-၁၂-၂၀၁၉
မျိုးဆက် (VOM)

ပရိဘောဂပစ္စည်းတွေ၊ အဝတ်လျှော်စက်တွေထဲမှာ ပုန်းအောင်းလိုက်ပါလာတဲ့ လူ ၁၁ ဦးကို အမေရိကန်နိုင်ငံထဲ တရားမဝင်ခိုးသွင်းတဲ့ဖြစ်စဉ်တစ်ခုကို အမေရိကန်နယ်စပ်တာဝန်ရှိသူတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံကနေ ဆိုက်ရောက်လာတဲ့ ကုန်တင်ကားတစ်စီးထဲမှာ ပုန်းအောင်လိုက်ပါလာတဲ့ အဲဒီလူတွေအားလုံးဟာ တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီတရုတ်နိုင်ငံသားတွေကို ဆန်ဒီယာဂိုမြို့မှာရှိတဲ့ ဆန်စီဒရိုနယ်စပ်ဖြတ်ကျော်ဂိတ်မှာ နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေက ဒီဇင်ဘာ ၇ ရက်နေ့မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

နောက်ထပ်စစ်ဆေးမှုတွေပြုလုပ်ပြီးချိန်မှာတော့ အဝတ်လျှော်စက်နဲ့ ပရိဘောဂတွေထဲကနေ တရုတ်နိုင်ငံသားအချို့ကို တွေ့ရှိခဲ့ပြီး သူတို့ကို ကယ်ထုတ်ပေးခဲ့ပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ ဒါဏ်ရာမရဖူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ အသက် ၄၂ နှစ်အရွယ် အမေရိကန်နိုင်ငံသား ကုန်တင်ကားမောင်းသူကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ လူမှုဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုတွေနဲ့တရားစွဲခံရမယ့် တရုတ်နိုင်ငံသား ၁၁ ဦးကိုတော့ လူဝင်မှုကြီးကြပ်ရေးစခန်းတစ်ခုမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဆန်စီဒရိုနယ်စပ်ဖြတ်ကျော်ဂိတ်ကိုဖြတ်ကျော်ပြီး လူကုန်ကူးဖို့ကြိုးစားမှုဟာ ပထမဆုံးအကြိမ် တော့မဟုတ်ပါဘူး။ နိုဝင်ဘာလအတွင်းကလည်း ကုန်ကားတစ်စီးပေါ်မှာ ပုန်းပြီးလိုက်ပါလာတဲ့ တရုတ်နိုင်ငံသား ၆ ဦးကို အမေရိကန်နယ်စပ်တာဝန်ရှိသူတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Ref : CNA
Photo: CBP San Diego
#voiceofmyanmar #အမေရိကန်ထဲခိုးဝင်တဲ့တရုတ်

Zawgyi

ပရိေဘာဂေတြ အ၀တ္ေလွ်ာ္စက္ေတြထဲပုန္းျပီး အေမရိကန္ကို၀င္ဖို႔ၾကိဳးစားတဲ႔ တရုတ္နုိင္ငံသားေတြ အဖမ္းခံရ

ဆန္ဒီယာဂို၊ ဒီဇင္ဘာ-၁၂-၂၀၁၉
မ်ိဳးဆက္ (VOM)

ပရိေဘာဂပစၥည္းေတြ၊ အ၀တ္ေလွ်ာ္စက္ေတြထဲမွာ ပုန္းေအာင္းလိုက္ပါလာတဲ႔ လူ ၁၁ ဦးကို အေမရိကန္နိုင္ငံထဲ တရားမ၀င္ခိုးသြင္းတဲ႔ျဖစ္စဥ္တစ္ခုကို အေမရိကန္နယ္စပ္တာ၀န္ရိွသူေတြက ေဖာ္ထုတ္နုိင္ခဲ႔ပါတယ္။

မကၠဆီကိုနုိင္ငံကေန ဆိုက္ေရာက္လာတဲ႔ ကုန္တင္ကားတစ္စီးထဲမွာ ပုန္းေအာင္လိုက္ပါလာတဲ႔ အဲဒီလူေတြအားလံုးဟာ တရုတ္နုိင္ငံသားေတြျဖစ္တယ္လို႔ အေမရိကန္ အေကာက္ခြန္န႔ဲ နယ္စပ္လံုျခံဳေရးအဖြဲ႔က ထုတ္ျပန္ပါတယ္။

အဲဒီတရုတ္နုိင္ငံသားေတြကို ဆန္ဒီယာဂိုျမိဳ႕မွာရိွတဲ႔ ဆန္စီဒရိုနယ္စပ္ျဖတ္ေက်ာ္ဂိတ္မွာ နယ္စပ္လံုျခံဳေရးတာ၀န္ရိွသူေတြက ဒီဇင္ဘာ ၇ ရက္ေန႔မွာ ေတြ႔ရိွခဲ႔တာျဖစ္ပါတယ္။

ေနာက္ထပ္စစ္ေဆးမႈေတြျပဳလုပ္ျပီးခ်ိန္မွာေတာ႔ အ၀တ္ေလွ်ာ္စက္နဲ႔ ပရိေဘာဂေတြထဲကေန တရုတ္နုိင္ငံသားအခ်ိဳ႕ကို ေတြ႔ရိွခဲ႔ျပီး သူတုိ႔ကို ကယ္ထုတ္ေပးခဲ႔ျပီး ဘယ္သူတစ္ဦးတစ္ေယာက္မွ ဒါဏ္ရာမရဖူးလို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္။

လက္ရိွမွာေတာ႔ အသက္ ၄၂ နွစ္အရြယ္ အေမရိကန္နိုင္ငံသား ကုန္တင္ကားေမာင္းသူကို ဖမ္းဆီးထိန္းသိမ္းထားပါတယ္။ လူမႈ၀င္မႈၾကီးၾကပ္ေရးဆိုင္ရာ ျပစ္မႈေတြနဲ႔တရားစြဲခံရမယ္႔ တရုတ္နုိင္ငံသား ၁၁ ဦးကိုေတာ႔ လူ၀င္မႈၾကီးၾကပ္ေရးစခန္းတစ္ခုမွာ ဖမ္းဆီးထိန္းသိမ္းထားပါတယ္။

ဆန္စီဒရိုနယ္စပ္ျဖတ္ေက်ာ္ဂိတ္ကိုျဖတ္ေက်ာ္ျပီး လူကုန္ကူးဖို႔ၾကိဳးစားမႈဟာ ပထမဆံုးအၾကိမ္ ေတာ႔မဟုတ္ပါဘူး။ နို၀င္ဘာလအတြင္းကလည္း ကုန္ကားတစ္စီးေပၚမွာ ပုန္းျပီးလိုက္ပါလာတဲ႔ တရုတ္နုိင္ငံသား ၆ ဦးကို အေမရိကန္နယ္စပ္တာ၀န္ရိွသူေတြက ရွာေဖြေတြ႔ရိွခဲ႔ပါတယ္။

Ref : CNA
Photo: CBP San Diego
#voiceofmyanmar #အေမရိကန္ထဲခိုုးဝင္တဲ႕တရုုတ္

Related posts

Leave a Comment

VOM News

FREE
VIEW