ကချင်ပြည်နယ် ကျောက်မျက်ပြပွဲအခွန်ကိစ္စ အစိုးရနဲ့ လုပ်ငန်းရှင်ကြား သဘောထားကွဲလွဲ

ကချင်၊ဒီဇင်ဘာ ၁၆-၂၀၁၉
ရန်အောင်ထွန်း (VOM )

ကချင်ပြည်နယ်မှာကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ကျောက်မျက်ပြပွဲကနေ ပြည်ထောင်စုအစိုးရကို ပေးဖို့ကျန်တဲ့ အခွန်ကိစ္စမှာ ကျောက်မျက်လုပ်ငန်းရှင်တွေနဲ့ အစိုးရကြား သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ ကချင်ပြည်နယ် သယံဇာတဝန်ကြီးနဲ့ မြစ်ကြီးနားကျောက်မျက် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌရဲ့ ပြောကြားချက် တွေအရ သိရပါတယ်။

ဒုတိယအကြိမ်ပြပွဲမှာ ကျောက်စိမ်းအတွဲပေါင်း ၄၀၀ လောက်ပြသခဲ့ပြီး ဝယ်လက်နည်းနေလို့ တချို့ လုပ်ငန်းရှင်တွေက သူ့တို့ကျောက် ဈေးပေါပေါနဲ့ ရောင်းထွက်သွားမှကို စိုးရိမ်တဲ့အတွက် အဆင်ပြေမယ့် ဈေးတစ်ခုသတ်မှတ်ကာ ကိုယ့်ကျောက်ကို ပြန်ကာထားမှုကနေ ပေးရမယ့်အခွန်ကိစ္စမှာ သဘောထားအမြင် ကွဲလွဲနေကြတယ်လို့ သိရပါတယ်။

“ကျောက်အရောင်းအဝယ် ဖြစ်ပြီဆိုရင်တော့ စားသောက်ဆိုင်တွေမှာလိုပေါ့၊ စားသုံးသူ ဝယ်ယူသူ အခွန်ဆောင်ရတဲ့ ပုံစံမျိုးပေါ့၊ အခုလည်းသူတို့က ကျောက်ကရောင်းထွက်သွားတယ် ၊ ရောင်းရတဲ့အပေါ်မှာ သူတို့အနေနဲ့ အခွန်ဆောင်ရတဲ့အပေါ်မှာပေါ့ ၊ အခွန်ရဲ့လုပ်ထုံးလုပ်နည်း အဆင့်တစ်ဆင့်ကျန်ခဲ့တာ ၊ အဲ့ဒါကို အခွန်ဌာနကနေ ပေးပို့လာတာရှိတယ်၊ အဲ့ဒီပေးပို့လာတဲ့ ငွေပမာဏကို သူတို့ဘက်က မဆောင်ပေးတဲ့ အနေအထာဖြစ်တယ်။ မဆောင်ရတဲ့အနေအထားကလည်း ကျောက်မျက်လုပ်ငန်းရှင်က ပြပွဲမှာပြတဲ့ ကိုယ့်ကျောက်ကို ကိုယ်တိုင်ပြန်ကာခဲ့တယ်၊ အဲ့ဒီအပေါ်မှာ လုပ်ငန်းရှင်နဲ့ပတ်သက်ပြီး သူတို့အနေနဲ့ အခွန်မဆောင်ရဘူးလို့ ထင်ထားမိပုံ ပေါက်ပါတယ်။ ကာတယ် ဆိုတာကလည်း ကိုယ့်ကျောက်ကို ကိုပြန်ဝယ်တာဖြစ်လို့ ဝယ်တဲ့ အခွန်ဆောင်ရမယ်လို့ ပြောပြီးသား ဖြစ်တယ်။ ဒါပေမဲ့ သူတို့ဘက်က ဒါကိုအမြင်လွဲပုံပေါက်ပါတယ်” လို့ ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလဆန်း ကပြောပါတယ်။

ကျောက်မျက်လုပ်ငန်းရှင်တွေဘက်က ဒုတိယအကြိမ်ကျောက်မျက်ပြပွဲမှာ ကုမ္ပဏီပေါင်း ၂၀ ကျော် ဝင်ရောက်ပြသခဲ့ပြီး ကျောက်စိမ်းတွဲပေါင်း ၄၉၅ တွဲပြတဲ့အထဲက ၃၈၄ တွဲ ရောင်းချခဲ့ရကာ မြန်မာကျပ်ငွေ သိန်းပေါင်း ၆၀၀၀၀ ကျော်ရရှိခဲ့တာဖြစ်ပါတယ်။

အခွန်လက်ကျန်ပေးဖို့ ကုမ္ပဏီ ၈ ခုလောက်ကျန်နေပြီး ပြည်ထောင်စုအစိုးရကို ပေးရမယ့်အခွန်ငွေပမာဏက ကျပ်သိန်းငါးထောင်ကျော် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒုတိယအကြိမ် ကချင်ပြည်နယ်ကျောက်မျက်ပြပွဲမှာပြတဲ့ ကျောက်အတွက် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ၊ ဝန်ဆောင်ခ ၂ ရာခိုင်နှုန်း ၊ အထူးကုန်စည်ခွန် ၁၅ ရာခိုင်နှုန်း လုပ်ငန်းရှင်ဘက်က ပေးဆောင်ခဲ့ရပြီး အဲ့ဒီကျောက်ကို တခြားပြပွဲမှာတင်တဲ့အခါ အခွန်ထပ်မံကောက်ခံတဲ့အပေါ်နစ်နာတဲ့အတွက် လုပ်ငန်းရှင်တွေကလည်း မြစ်ကြီးနား ကျောက်မျက်လုပ်ငန်းရှင်အသင်းကို စာတင်ထားတယ်လို့လည်း သိရပါတယ်။

မြစ်ကြီးနား ကျောက်မျက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဇလွမ်းကတော့ “သူ့ကျောက်သာ သူပြန်ကာပြီးမှ မရောင်းရင် ကျွန်တော်တို့က ဘာမှရမှာမဟုတ်ဘူး ၊ သူ့ဘက်က ကျွန်တော်တို့ကို ခင်ဗျားတို့က ကျွန်တော်တို့ကို အခွန်ဒီလောက်ပဲကောက်ပါ၊ ပြီးမှ လာပြီးမှ ပံ့ပိုးကူညီမှုပေးတယ်။ ကျွန်တော့်ကျောက်ကို ဈေးပေါပေါနဲ့ မထွက်အောင် ပြန်ကာပြီးမှ ခင်ဗျားတို့ကြော်ငြာထားတဲ့အတိုင်း အခွန်ပေးတယ်။ နောက်ထပ် ဒီလိုကောက်တော့ ဘယ်လိုလုပ်တော့မလည်းလို့ ကျွန်တော်တို့ကို စာတင်ထားတာ၊ နောက်ပြီး သူက အဲ့ဒီကျောက်တွေကို နေပြည်တော်ပွဲတို့ မန္တလေးပွဲတို့မှာ ပြန်တင်ရင် အခွန်ထပ်ပေးရတယ်။ ကျွန်တော်တို့ကို အဲ့ဒါတွေ ပြောနေတယ်။ ကျွန်တော်အနေနဲ့ကတော့ ဆုံးဖြတ်ချက်လည်းမပေးနိုင်ဘူး၊ ဆုံးဖြတ်ခွင့်လည်း မရှိဘူး ကြားညပ်သလိုဖြစ်နေတာပေါ့။”လို့ အခွန်နဲ့ပတ်သက်ပြီး ကြုံနေရတဲ့ အသင်းရဲ့အခက်အခဲကို ရှင်းပြပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် တတိယအကြိမ်ကျောက်မျက်ပြပွဲကို ဒီဇင်ဘာလမှာ ကျင်ပမယ့်အစီအစဉ် ရက်ရွှေ့လိုက်ရတဲ့ အနေအထားဖြစ်နေတယ်လို့ ကချင်ပြည်နယ်သယံဇာတဝန်ကြီးကပြောပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ ကျင်းပတဲ့ အစည်းအဝေးမှာ တတိယအကြိမ်ကျောက်မျက်ပြပွဲအတွက် အထူးကုန်စည် အခွန် (ရတနာအခွန်) ၁၁ ရာခိုင်နှုန်းနဲ့ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းလို့ တရားဝင်ကြော်ငြားထားပြီလို့လည်း သိရပါတယ်။

အဲ့ဒီအထဲက ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကို ဝယ်တဲ့သူဆီကောက်ခံပြီး ၁၁ ရာခိုင်နှုန်းကို ရောင်းတဲ့ကုမ္ပဏီဆီက ကောက်ခံဖို့ သတ်မှတ်ထာတာဖြစ်ပါတယ်။

ကျောက်မျက်လုပ်ငန်းရှင်များအဖွဲ့က ဒီဇင်ဘာလမှာ ပြည်နယ်အစိုးရအဖွဲ့ ဦးစီးကျင်းပဖို့ စာတင်ခဲ့သလို ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ကလည်း အခွန်ကျန်ငွေ ပေးချေပြီးပါက ပွဲကြီးကြပ်ရေးကော်မတီဖွဲ့ပြီး ပြည်နယ်အစိုးရက ဦးဆောင်ကျင်းပဖို့ ခွင့်ပြုထားသလို ပြပွဲရက်ကို ၂၀၂၀ ဖေဖော်ဝါရီလမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ကချင် #ကျောက်မျက်လုပ်ငန်း

Zawgyi

ကခ်င္ျပည္နယ္ ေက်ာက္မ်က္ျပပြဲအခြန္ကိစၥ အစိုးရနဲ႔ လုပ္ငန္းရွင္ၾကား သေဘာထားကြဲလြဲ

ကခ်င္၊ဒီဇင္ဘာ ၁၆-၂၀၁၉
ရန္ေအာင္ထြန္း (VOM )

ကခ်င္ျပည္နယ္မွာက်င္းပခဲ့တဲ့ ဒုတိယအႀကိမ္ ေက်ာက္မ်က္ျပပြဲကေန ျပည္ေထာင္စုအစိုးရကို ေပးဖို႔က်န္တဲ့ အခြန္ကိစၥမွာ ေက်ာက္မ်က္လုပ္ငန္းရွင္ေတြနဲ႔ အစိုးရၾကား သေဘာထားကြဲလြဲမႈေတြ ရွိေနတယ္လို႔ ကခ်င္ျပည္နယ္ သယံဇာတ၀န္ႀကီးနဲ႔ ျမစ္ႀကီးနားေက်ာက္မ်က္ လုပ္ငန္းရွင္အသင္း ဥကၠ႒ရဲ႕ ေျပာၾကားခ်က္ ေတြအရ သိရပါတယ္။

ဒုတိယအႀကိမ္ျပပြဲမွာ ေက်ာက္စိမ္းအတြဲေပါင္း ၄၀၀ ေလာက္ျပသခဲ့ၿပီး ၀ယ္လက္နည္းေနလို႔ တခ်ိဳ႕ လုပ္ငန္းရွင္ေတြက သူ႔တို႔ေက်ာက္ ေစ်းေပါေပါနဲ႔ ေရာင္းထြက္သြားမွကို စိုးရိမ္တဲ့အတြက္ အဆင္ေျပမယ့္ ေစ်းတစ္ခုသတ္မွတ္ကာ ကိုယ့္ေက်ာက္ကို ျပန္ကာထားမႈကေန ေပးရမယ့္အခြန္ကိစၥမွာ သေဘာထားအျမင္ ကြဲလြဲေနၾကတယ္လို႕ သိရပါတယ္။

“ေက်ာက္အေရာင္းအ၀ယ္ ျဖစ္ၿပီဆိုရင္ေတာ့ စားေသာက္ဆိုင္ေတြမွာလိုေပါ့၊ စားသုံးသူ ၀ယ္ယူသူ အခြန္ေဆာင္ရတဲ့ ပုံစံမ်ိဳးေပါ့၊ အခုလည္းသူတို႔က ေက်ာက္ကေရာင္းထြက္သြားတယ္ ၊ ေရာင္းရတဲ့အေပၚမွာ သူတို႔အေနနဲ႔ အခြန္ေဆာင္ရတဲ့အေပၚမွာေပါ့ ၊ အခြန္ရဲ႕လုပ္ထုံးလုပ္နည္း အဆင့္တစ္ဆင့္က်န္ခဲ့တာ ၊ အဲ့ဒါကို အခြန္ဌာနကေန ေပးပို႔လာတာရွိတယ္၊ အဲ့ဒီေပးပို႔လာတဲ့ ေငြပမာဏကို သူတို႔ဘက္က မေဆာင္ေပးတဲ့ အေနအထာျဖစ္တယ္။ မေဆာင္ရတဲ့အေနအထားကလည္း ေက်ာက္မ်က္လုပ္ငန္းရွင္က ျပပြဲမွာျပတဲ့ ကိုယ့္ေက်ာက္ကို ကိုယ္တိုင္ျပန္ကာခဲ့တယ္၊ အဲ့ဒီအေပၚမွာ လုပ္ငန္းရွင္နဲ႔ပတ္သက္ၿပီး သူတို႔အေနနဲ႔ အခြန္မေဆာင္ရဘူးလို႔ ထင္ထားမိပုံ ေပါက္ပါတယ္။ ကာတယ္ ဆိုတာကလည္း ကိုယ့္ေက်ာက္ကို ကိုျပန္၀ယ္တာျဖစ္လို႔ ၀ယ္တဲ့ အခြန္ေဆာင္ရမယ္လို႔ ေျပာၿပီးသား ျဖစ္တယ္။ ဒါေပမဲ့ သူတို႔ဘက္က ဒါကိုအျမင္လြဲပုံေပါက္ပါတယ္” လို႔ ကခ်င္ျပည္နယ္ သယံဇာတ၀န္ႀကီး ဦးဒါရွီလဆန္း ကေျပာပါတယ္။

ေက်ာက္မ်က္လုပ္ငန္းရွင္ေတြဘက္က ဒုတိယအႀကိမ္ေက်ာက္မ်က္ျပပြဲမွာ ကုမၸဏီေပါင္း ၂၀ ေက်ာ္ ၀င္ေရာက္ျပသခဲ့ၿပီး ေက်ာက္စိမ္းတြဲေပါင္း ၄၉၅ တြဲျပတဲ့အထဲက ၃၈၄ တြဲ ေရာင္းခ်ခဲ့ရကာ ျမန္မာက်ပ္ေငြ သိန္းေပါင္း ၆၀၀၀၀ ေက်ာ္ရရွိခဲ့တာျဖစ္ပါတယ္။

အခြန္လက္က်န္ေပးဖို႔ ကုမၸဏီ ၈ ခုေလာက္က်န္ေနၿပီး ျပည္ေထာင္စုအစိုးရကို ေပးရမယ့္အခြန္ေငြပမာဏက က်ပ္သိန္းငါးေထာင္ေက်ာ္ ျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒုတိယအႀကိမ္ ကခ်င္ျပည္နယ္ေက်ာက္မ်က္ျပပြဲမွာျပတဲ့ ေက်ာက္အတြက္ ကုန္သြယ္ခြန္ ၅ ရာခိုင္ႏႈန္း ၊ ၀န္ေဆာင္ခ ၂ ရာခိုင္ႏႈန္း ၊ အထူးကုန္စည္ခြန္ ၁၅ ရာခိုင္ႏႈန္း လုပ္ငန္းရွင္ဘက္က ေပးေဆာင္ခဲ့ရၿပီး အဲ့ဒီေက်ာက္ကို တျခားျပပြဲမွာတင္တဲ့အခါ အခြန္ထပ္မံေကာက္ခံတဲ့အေပၚနစ္နာတဲ့အတြက္ လုပ္ငန္းရွင္ေတြကလည္း ျမစ္ႀကီးနား ေက်ာက္မ်က္လုပ္ငန္းရွင္အသင္းကို စာတင္ထားတယ္လို႔လည္း သိရပါတယ္။

ျမစ္ႀကီးနား ေက်ာက္မ်က္လုပ္ငန္းရွင္အသင္း ဥကၠ႒ ဦးဇလြမ္းကေတာ့ “သူ႔ေက်ာက္သာ သူျပန္ကာၿပီးမွ မေရာင္းရင္ ကြၽန္ေတာ္တို႔က ဘာမွရမွာမဟုတ္ဘူး ၊ သူ႔ဘက္က ကြၽန္ေတာ္တို႔ကို ခင္ဗ်ားတို႔က ကြၽန္ေတာ္တို႔ကို အခြန္ဒီေလာက္ပဲေကာက္ပါ၊ ၿပီးမွ လာၿပီးမွ ပံ့ပိုးကူညီမႈေပးတယ္။ ကြၽန္ေတာ့္ေက်ာက္ကို ေစ်းေပါေပါနဲ႔ မထြက္ေအာင္ ျပန္ကာၿပီးမွ ခင္ဗ်ားတို႔ေၾကာ္ျငာထားတဲ့အတိုင္း အခြန္ေပးတယ္။ ေနာက္ထပ္ ဒီလိုေကာက္ေတာ့ ဘယ္လိုလုပ္ေတာ့မလည္းလို႔ ကြၽန္ေတာ္တို႔ကို စာတင္ထားတာ၊ ေနာက္ၿပီး သူက အဲ့ဒီေက်ာက္ေတြကို ေနျပည္ေတာ္ပြဲတို႔ မႏၲေလးပြဲတို႔မွာ ျပန္တင္ရင္ အခြန္ထပ္ေပးရတယ္။ ကြၽန္ေတာ္တို႔ကို အဲ့ဒါေတြ ေျပာေနတယ္။ ကြၽန္ေတာ္အေနနဲ႔ကေတာ့ ဆုံးျဖတ္ခ်က္လည္းမေပးႏိုင္ဘူး၊ ဆုံးျဖတ္ခြင့္လည္း မရွိဘူး ၾကားညပ္သလိုျဖစ္ေနတာေပါ့။”လို႔ အခြန္နဲ႔ပတ္သက္ၿပီး ႀကဳံေနရတဲ့ အသင္းရဲ႕အခက္အခဲကို ရွင္းျပေျပာဆိုခဲ့တာျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ တတိယအႀကိမ္ေက်ာက္မ်က္ျပပြဲကို ဒီဇင္ဘာလမွာ က်င္ပမယ့္အစီအစဥ္ ရက္ေ႐ႊ႕လိုက္ရတဲ့ အေနအထားျဖစ္ေနတယ္လုိ႔ ကခ်င္ျပည္နယ္သယံဇာတ၀န္ႀကီးကေျပာပါတယ္။

ဒီဇင္ဘာ ၃ ရက္ေန႔ က်င္းပတဲ့ အစည္းအေဝးမွာ တတိယအႀကိမ္ေက်ာက္မ်က္ျပပြဲအတြက္ အထူးကုန္စည္ အခြန္ (ရတနာအခြန္) ၁၁ ရာခိုင္ႏႈန္းနဲ႔ ကုန္သြယ္ခြန္ ၅ ရာခိုင္ႏႈန္းလို႔ တရား၀င္ေၾကာ္ျငားထားၿပီလို႔လည္း သိရပါတယ္။

အဲ့ဒီအထဲက ကုန္သြယ္ခြန္ ၅ ရာခိုင္ႏႈန္းကို ၀ယ္တဲ့သူဆီေကာက္ခံၿပီး ၁၁ ရာခိုင္ႏႈန္းကို ေရာင္းတဲ့ကုမၸဏီဆီက ေကာက္ခံဖို႔ သတ္မွတ္ထာတာျဖစ္ပါတယ္။

ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအဖြဲ႕က ဒီဇင္ဘာလမွာ ျပည္နယ္အစိုးရအဖြဲ႕ ဦးစီးက်င္းပဖို႔ စာတင္ခဲ့သလို ျပည္ေထာင္စုအဆင့္ အစိုးရအဖြဲ႕ကလည္း အခြန္က်န္ေငြ ေပးေခ်ၿပီးပါက ပြဲႀကီးၾကပ္ေရးေကာ္မတီဖြဲ႕ၿပီး ျပည္နယ္အစိုးရက ဦးေဆာင္က်င္းပဖို႔ ခြင့္ျပဳထားသလို ျပပြဲရက္ကို ၂၀၂၀ ေဖေဖာ္ဝါရီလမွာ က်င္းပဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ကခ်င္ #ေက်ာက္မ်က္လုပ္ငန္း

Related posts

Leave a Comment

VOM News

FREE
VIEW