ကချင်ပြည်နယ်မှာ မဲစာရင်းမကောင်ယူနိုင်တဲ့ကျေးရွာအုပ်စု ၂၀၀ ကျော်ရှိနေ

မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၁-၂၀၁၉
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်မှာ မဲစာရင်းမကောင်ယူနိုင်တဲ့ကျေးရွာအုပ်စု ၂၀၀ ကျော်ရှိနေတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရသိရပါတယ်။

မကောက်ယူနိုင်တဲ့ အရေအတွက်ကို အမျိူအစားခွဲထားရာမှာတော့ ကျေးရွာအုပ်စုပျက်သွားတဲ့ ရွာအုပ်စု (၁၁၃) အုပ်စု ၊ လက်နက်ကိုင်အဖွဲ့တွေ စုဝေးနေတဲ့ နယ်မြေမှာ ကျေးရွာအုပ်စု (၅၀) အုပ်စု၊ တိမ်းရှောင်အုပ်စု (၁၉) အုပ်စု ၊ လုံခြုံရေးကန့်သတ်နယ်မြေက ကျေးရွာအုပ်စု (၂၀) ရှိပါတယ်။

” (၂၀၁၅) ခုနှစ်က (၂၁၂) အုပ်စုစာရင်ထက်တော့ လျော့သွားပါတယ် နောက်ပိုင်းတော့ ငြိမ်းချမ်းရေး ရရှိမှုအပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်တယ် ” လို့ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဒေါ်မေရီမီနန်ကပြောပါတယ်။

ပြည်နယ် (လဝက) ဝန်ကြီး ဦးဇော်ဝင်းကတော့ လာမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ဖို့ ” စစ်ရှောင်စခန်းတွေ ၊ ဘုရားကျောင်းတွေ ၊ စာသင်းကျောင်းတွေအထိ လိုက်ပြီး မှတ်ပုံတင်လုပ်ပေးထားတယ်။ ‌နောက် တပ်နဲ့ တပ်မိသားစု‌တွေကို အိမ်ထောင်စုဇယား မှတ်ပုံတင် လိုက်လုပ်ပေးထားပါတယ်။ ထွေအုပ်ကပေးတဲ့ စာရင်းအတိုင်းလည်း မှတ်ပုံတင်၊ အိမ်ထောင်စုဇယား အကုန်လုပ်ပေးထားတယ်။ လိုင်ဇာဘက် ၊ လွယ်ဂျယ်ဘက်တွေမှာတော့ စာရင်းဝင်ကောက်လို့ မရနိုင်လို့ လဝက လုပ်ငန်းတွေ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ လုပ်လို့မရတာရှိတယ် ” လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ မြစ်ပြီးနား ၊ ပူတာအို ၊ ဗန်းမော် ၊ မိုးညှင်း ဆိုပြီး ခရိုင် လေးခုရှိရာမှာ မိုးညှင်းခရိုင်ကိုပဲ ရာနှုန်းပြည့် မဲစာရင်းကောက်ယူနိုင်တာဖြစ်ပြီး လက်ရှိကောက်ယူထားတဲ့ မဲဆန္ဒရှင်စာရင်းအရ လူဦးရေ ၁၅ သိန်းကျော်ရှိတဲ့အထဲက မဲဆန္ဒရှင် ၁၀ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ကချင် #မဲစာရင်း

Zawgyi

ကခ်င္ျပည္နယ္မွာ မဲစာရင္းမေကာင္ယူႏိုင္တဲ့ေက်း႐ြာအုပ္စု ၂၀၀ ေက်ာ္ရွိေန

ျမစ္ၾကီးနား၊ ဒီဇင္ဘာ ၂၁-၂၀၁၉
ရန္ေအာင္ထြန္း(VOM)

ကခ်င္ျပည္နယ္မွာ မဲစာရင္းမေကာင္ယူႏိုင္တဲ့ေက်း႐ြာအုပ္စု ၂၀၀ ေက်ာ္ရွိေနတယ္လို႔ ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ စာရင္းေတြအရသိရပါတယ္။

မေကာက္ယူႏိုင္တဲ့ အေရအတြက္ကို အမ်ိဴအစားခြဲထားရာမွာေတာ့ ေက်း႐ြာအုပ္စုပ်က္သြားတဲ့ ႐ြာအုပ္စု (၁၁၃) အုပ္စု ၊ လက္နက္ကိုင္အဖြဲ႕ေတြ စုေဝးေနတဲ့ နယ္ေျမမွာ ေက်း႐ြာအုပ္စု (၅၀) အုပ္စု၊ တိမ္းေရွာင္အုပ္စု (၁၉) အုပ္စု ၊ လုံၿခဳံေရးကန႔္သတ္နယ္ေျမက ေက်း႐ြာအုပ္စု (၂၀) ရွိပါတယ္။

” (၂၀၁၅) ခုႏွစ္က (၂၁၂) အုပ္စုစာရင္ထက္ေတာ့ ေလ်ာ့သြားပါတယ္ ေနာက္ပိုင္းေတာ့ ၿငိမ္းခ်မ္းေရး ရရွိမႈအေပၚ မူတည္ၿပီး ေျပာင္းလဲသြားႏိုင္တယ္ ” လို႔ ကခ်င္ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠဌ ေဒၚေမရီမီနန္ကေျပာပါတယ္။

ျပည္နယ္ (လဝက) ဝန္ႀကီး ဦးေဇာ္ဝင္းကေတာ့ လာမယ့္ ေ႐ြးေကာက္ပြဲအတြက္ မဲဆႏၵရွင္ေတြ အဆင္ေျပေခ်ာေမြ႕စြာ မဲေပးႏိုင္ဖို႔ ” စစ္ေရွာင္စခန္းေတြ ၊ ဘုရားေက်ာင္းေတြ ၊ စာသင္းေက်ာင္းေတြအထိ လိုက္ၿပီး မွတ္ပုံတင္လုပ္ေပးထားတယ္။ ‌ေနာက္ တပ္နဲ႔ တပ္မိသားစု‌ေတြကို အိမ္ေထာင္စုဇယား မွတ္ပုံတင္ လိုက္လုပ္ေပးထားပါတယ္။ ေထြအုပ္ကေပးတဲ့ စာရင္းအတိုင္းလည္း မွတ္ပုံတင္၊ အိမ္ေထာင္စုဇယား အကုန္လုပ္ေပးထားတယ္။ လိုင္ဇာဘက္ ၊ လြယ္ဂ်ယ္ဘက္ေတြမွာေတာ့ စာရင္းဝင္ေကာက္လို႔ မရႏိုင္လို႔ လဝက လုပ္ငန္းေတြ ႏိုင္ငံသားစိစစ္ေရးကတ္ျပားေတြ လုပ္လို႔မရတာရွိတယ္ ” လို႔ ေျပာပါတယ္။

ကခ်င္ျပည္နယ္မွာ ျမစ္ၿပီးနား ၊ ပူတာအို ၊ ဗန္းေမာ္ ၊ မိုးညႇင္း ဆိုၿပီး ခ႐ိုင္ ေလးခုရွိရာမွာ မိုးညႇင္းခ႐ိုင္ကိုပဲ ရာႏႈန္းျပည့္ မဲစာရင္းေကာက္ယူႏိုင္တာျဖစ္ၿပီး လက္ရွိေကာက္ယူထားတဲ့ မဲဆႏၵရွင္စာရင္းအရ လူဦးေရ ၁၅ သိန္းေက်ာ္ရွိတဲ့အထဲက မဲဆႏၵရွင္ ၁၀ သိန္းေက်ာ္ရွိတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ကခ်င္ #မဲစာရင္း

Related posts

Leave a Comment

VOM News

FREE
VIEW