ကျွန်းလှမြို့က အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဖြိုး ကွယ်လွန်

မန္တလေး၊ ဒီဇင်ဘာ ၂၃-၂၀၁၉
လင်းခိုင်(VOM)

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့က အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဖြိုးဟာ ဒီကနေ့မနက်(၆)နာရီခွဲ‌လောက်က မန္တလေးမြို့၊ နန်းတော် ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်းလူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

” ဒီနေ့မနက် ၆နာရီခွဲလောက် မန္တလေးက နန်းတော်ဆေးရုံမှာ ဆုံးသွားတယ်၊ ဦးလှဖြိုးကလည်း ကျောင်းဆရာထွက်၊ သူ့မိန်းမကလည်း ကျောင်းဆရာမ အငြိမ်းစား၊ သူကလေးတွေကလည်း ပညာတတ်တွေပါ ၊ ၉၆ပါးရောဂါနဲ့ ဆုံးသွားတာပါ၊ ခု စစ်ကိုင်းတိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေစုပြီး သူ့ဆီကို နာရေးသွားမေးနေပါတယ်” လို့ ကျွန်းလှမြို့ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဦးကျော်လင်းကပြောပါတယ်။

ဦးလှဖြိုးဟာ ကျွန်းလှမြို့နယ်၊ ပျဉ်းမမြိုင်ရပ်မှာ နေထိုင်သူဖြစ်ပြီး ကျောင်းဆရာအငြိမ်းစားတစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း စိုက်ပျိုးရေး၊မွေးမြူရေး၊ သယံဇာတ နှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ နဲ့ စီးပွားရေး၊ ကူးသန်းရောင်း၀ယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီမှာလည်း အဖွဲ့၀င်တစ်ဦးဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးလှဖြိုးရဲ့ ဈာပနအခမ်းအနားကို ဒီဇင်ဘာ (၂၅)ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ကျွန်းလှ #ဦးလှဖြိုး #လွှတ်တော်ကိုယ်စားလှယ်

Zawgyi

ကြၽန္းလွၿမိဳ႕က အမွတ္(၂)တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွၿဖိဳး ကြယ္လြန္

မႏၲေလး၊ ဒီဇင္ဘာ ၂၃-၂၀၁၉
လင္းခိုင္(VOM)

စစ္ကိုင္းတိုင္း၊ ကြၽန္းလွၿမိဳ႕က အမွတ္(၂)တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွၿဖိဳးဟာ ဒီကေန႔မနက္(၆)နာရီခြဲ‌ေလာက္က မႏၲေလးၿမိဳ႕၊ နန္းေတာ္ ေဆး႐ုံမွာ ေဆးကုသမႈခံယူေနရင္းလူႀကီးေရာဂါနဲ႔ ကြယ္လြန္ခဲ့ပါတယ္။

” ဒီေန႔မနက္ ၆နာရီခြဲေလာက္ မႏၲေလးက နန္းေတာ္ေဆး႐ုံမွာ ဆုံးသြားတယ္၊ ဦးလွၿဖိဳးကလည္း ေက်ာင္းဆရာထြက္၊ သူ႔မိန္းမကလည္း ေက်ာင္းဆရာမ အၿငိမ္းစား၊ သူကေလးေတြကလည္း ပညာတတ္ေတြပါ ၊ ၉၆ပါးေရာဂါနဲ႔ ဆုံးသြားတာပါ၊ ခု စစ္ကိုင္းတိုင္းက လႊတ္ေတာ္ကိုယ္စားလွယ္ေတြစုၿပီး သူ႔ဆီကို နာေရးသြားေမးေနပါတယ္” လို႔ ကြၽန္းလွၿမိဳ႕ အမွတ္(၁)တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စာလွယ္ ဦးေက်ာ္လင္းကေျပာပါတယ္။

ဦးလွၿဖိဳးဟာ ကြၽန္းလွၿမိဳ႕နယ္၊ ပ်ဥ္းမၿမိဳင္ရပ္မွာ ေနထိုင္သူျဖစ္ၿပီး ေက်ာင္းဆရာအၿငိမ္းစားတစ္ဦး ျဖစ္ပါတယ္။

ဒါ့အျပင္ စစ္ကိုင္းတိုင္း စိုက္ပ်ိဳးေရး၊ေမြးျမဴေရး၊ သယံဇာတ ႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးဆိုင္ရာေကာ္မတီ နဲ႔ စီးပြားေရး၊ ကူးသန္းေရာင္း၀ယ္ေရးႏွင့္ စည္ပင္သာယာေရးဆိုင္ရာေကာ္မတီမွာလည္း အဖြဲ႕၀င္တစ္ဦးျဖစ္ပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွၿဖိဳးရဲ႕ ဈာပနအခမ္းအနားကို ဒီဇင္ဘာ (၂၅)ရက္ေန႔မွာ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ကြၽန္းလွ #ဦးလွၿဖိဳး #လႊတ္ေတာ္ကိုယ္စားလွယ္

Related posts

Leave a Comment

VOM News

FREE
VIEW