ဘိလပ်မြေကုန်ကြမ်းအတွက် တရားမဝင်မြေတူးဖော်မှုတွေ ရှိနေတယ်လို့ ဒေသခံအချို့က စွပ်စွဲ

ပြင်ဦးလွင် ဒီဇင်ဘာ ၂၃
ဖြူဖြူ (VOM)

ပြင်ဦးလွင်မြို့နယ် အင်းပုတ်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ သစ်တောမြေနဲ့ တောင်သူပိုင်ယာမြေအချို့မှာ ဘိလပ်မြေကုန်ကြမ်းအတွက် အသုံးပြုတဲ့ သံကျောက်မြေတွေကို စက်ယန္တရားကြီးတွေအသုံးပြုပြီး တရားမဝင်တူးယူတာ တွေရှိနေတယ်လို့ ဒေသခံအချို့က စွပ်စွဲပြောဆိုပါတယ်။

ဒါ့အပြင် ကျေးရွာချင်းဆက်လမ်းတွေကို အသုံးပြုပြီး နေ့စဉ်မြေသယ်ကား ၅၀ ကျော်လောက်ဖြတ်သန်းနေမှုတွေကြောင့် လမ်းပျက်စီးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းကတော့ ဌာနပေါင်းစုံပူးပေါင်းပြီး အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

#voiceofmyanmar #ပြင်ဦးလွင် #တရားမဝင် #မြေတူးဖော်

Zawgyi

ဘိလပ္ေျမကုန္ၾကမ္းအတြက္ တရားမဝင္ေျမတူးေဖာ္မႈေတြ ရွိေနတယ္လို႔ ေဒသခံအခ်ိဳ႕က စြပ္စြဲ

ျပင္ဦးလြင္ ဒီဇင္ဘာ ၂၃
ျဖဴျဖဴ (VOM)

ျပင္ဦးလြင္ၿမိဳ႕နယ္ အင္းပုတ္ေက်း႐ြာအုပ္စုအတြင္းမွာရွိတဲ့ သစ္ေတာေျမနဲ႔ ေတာင္သူပိုင္ယာေျမအခ်ိဳ႕မွာ ဘိလပ္ေျမကုန္ၾကမ္းအတြက္ အသုံးျပဳတဲ့ သံေက်ာက္ေျမေတြကို စက္ယႏၲရားႀကီးေတြအသုံးျပဳၿပီး တရားမဝင္တူးယူတာ ေတြရွိေနတယ္လို႔ ေဒသခံအခ်ိဳ႕က စြပ္စြဲေျပာဆိုပါတယ္။

ဒါ့အျပင္ ေက်း႐ြာခ်င္းဆက္လမ္းေတြကို အသုံးျပဳၿပီး ေန႔စဥ္ေျမသယ္ကား ၅၀ ေက်ာ္ေလာက္ျဖတ္သန္းေနမႈေတြေၾကာင့္ လမ္းပ်က္စီးမႈေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။

ျပင္ဦးလြင္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ ၁ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္မင္းကေတာ့ ဌာနေပါင္းစုံပူးေပါင္းၿပီး အေရးယူမႈေတြ လုပ္ေဆာင္သြားမယ္လို႔ ေျပာပါတယ္။

#voiceofmyanmar #ျပင္ဦးလြင္ #တရားမဝင္ #ေျမတူးေဖာ္

Related posts

Leave a Comment

VOM News

FREE
VIEW