အစိုးရက ပညာရေးအသုံးစရိတ်တိုးမပေးလို့ အီတလီပညာရေးဝန်ကြီး ရာထူးမှနှုတ်ထွက်

ရောမ၊ ဒီဇင်ဘာ-၂၆-၂၀၁၉
မျိုးဆက် (VOM)

အီတလီပညာရေးဝန်ကြီး လောရန်ဇိုဖီအိုနာမွန်တီဟာ နိုင်ငံအတွင်းရှိ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်နေတဲ့ ရန်ပုံငွေကို အစိုးရဆီကမရရှိတာကြောင့် ဒီဇင်ဘာ ၂၅ ရက်မှာ ရာထူးကနေ နှုတ်ထွက်လိုက်ပါတယ်။

ပညာရေးဝန်ကြီးရဲ့နှုတ်ထွက်မှုဟာ ယူရိုဇုန်ပြုပြင်ပြောင်းလဲရေးကနေ ရွှေ့ပြောင်းနေထိုင်သူတွေ အခွင့်အရေးအထိ ပြသနာတွေအပေါ်ကွဲလွဲမှုများရှိနေတဲ့ အနိုင်ရရပါတီတွေနဲ့ဖွဲ့စည်းထားပြီး ပြသနာဝိုင်းနေတဲ့ အီတလီအစိုးရအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။

သူ့ရဲ့နှုတ်ထွက်စာကို ဒီဇင်ဘာ ၂၃ ရက်မှာ အီတလီဝန်ကြီးချုပ် ဂျက်ဆက်ပီကွန်တီထံ ပေးပို့ခတယ်လို့ ပညာရေးဝန်ကြီး ဖီအိုနာမွန်တီကပြောပါတယ်။

ဒါဟာ ဖီအိုနာမွန်တီရဲ့ပါတီဖြစ်တဲ့ ဖိုက်စတားပါတီခေါင်းဆောင် လူဂီဒီမာရီယိုနဲ့ ပါတီတွင်းမကျေမနပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေချိန်မှာ ပြန်လည်ဖွ့ဲစည်းရန်ကြိုးပမ်းနေတဲ့ ပါတီတွင်းပြသနာတွေကိုလည်း မီးမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။

ယခုလအတွင်းကလည်း ကြယ်ငါးပွင့်ပါတီမှ အထက်လွှတ်တော်အမတ်သုံးဦးဟာ အတိုက်အခံဖြစ်တဲ့ လက်ယာယိမ်းအဖွဲ့ချုပ်ကို ကူးပြောင်းသွားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်ဘက်ဂျက်တွင် ပညာရေးအသုံးစရိတ်ကို ယူရို သုံးဘီလီယံတိုးမြင့်ပေးခြင်းမရှိပါက ရာထူးကနေနှုတ်ထွက်မယ်လို့ စက်တင်ဘာလအတွင်း ဖိုက်စတားပါတီနဲ့ ဗဟိုလက်ယာယိမ်းပါတီတို့ အစိုးရဖွဲ့ပြီးများမကြာမီ ပညာရေးဝန်ကြီး ဖီအိုနာမွန်တီက ပြောဆိုခဲ့ပါတယ်။

Ref & Photo : Reuters
#voiceofmyanmar #VOM #အီတလီပညာရေး

Zawgyi

Related posts

Leave a Comment

VOM News

FREE
VIEW