YBS ကဒ်စနစ်ကို သက်မှတ်ထားတဲ့ရက်မှာ အသုံးပြုနိုင်မှာမဟုတ်

ရန်ကုန် ၊ ဒီဇင်ဘာ ၃၀-၂၁၀၉
သူရိန်(VOM)

YBS သုံးနှစ်ပြည့်အခမ်းအနားမတိုင်ခင် လာမည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်မှာ YBS ကဒ်စနစ်အသုံးပြုဖို့ ဆောင်ရွက်ထားပေမယ့်လည်း အဲ့ဒီနေ့တွေမှာ အသုံးပြုနိုင်မှာမဟုတ်‌သေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)ကနေ သိရပါတယ်။

“ကဒ်စနစ်ကို လူတိုင်းကသုံးချင်တယ်။ ကျွန်တော်တို့လည်း သုံးချင်တယ်။ ဒါပေမဲ့အခု တပ်ဆင်ပြီးတဲ့ ယာဉ်လိုင်းတွေမှာ စမ်းသပ်နေတယ်။ ဘဏ်တွေနဲ့ချိတ်ဆက်မှု၊ ရေးဆွဲထားတဲ့ Software တွေ ဆန်းစစ်နေတယ်။ လာမယ့်ဇန်နဝါရီလ ၁၆ ရက်မတိုင်ခင် အသုံးပြုနိုင်ဖို့ခက်ခဲတယ်။ မမှန်ကန်ဘဲသုံးရင် အကျိုးထက် အပြစ်ကပိုဖြစ်မယ်။ အတိမ်းအစောင်းမခံဘူး။ အစိုးရကို ပြန်ပြီးတင်ပြရအုံးမယ်”လို့ YRTA ကတွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

ဒီ YBS ကဒ်စနစ်ကို YBS သုံးနှစ်ပြည့်အခမ်းအနားမတိုင်ခင် အသုံးပြုသွားမယ်လို့ ပြောဆိုထားပေမယ့်လည်း နည်းပညာပိုင်းဆိုင်ရာပြန်လည်ဆန်းစစ်မှု၊ ဘဏ်စနစ်ချိတ်ဆက်မှု အစရှိတာတွေကို စမ်းသပ်ရမှာဖြစ်တဲ့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်း ပြန်လည်တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ YBSကဒ်စနစ်ကို ယာဉ်အစီးရေ ၁၅၀၀ လုံးနီးပါးတပ်ဆင်ပြီး ဒုတိယအသုတ်မှာ တရုတ်နိုင်ငံထုတ် Foton ကားအစီးရေ တစ်ထောင်နဲ့ ရန်ကုန်မြို့ပတ်ပြေးဆွဲပေးနေတဲ့ Scania ကား ၃၉ စီးအပါအဝင် စုစုပေါင်းယာဉ်အစီးရေ ၁၀၃၉စီးကို ၂၀၂၀ ဇန်နဝါရီလဆန်းမှာ အပြီးတပ်ဆင်အသုံးပြုသွားမှာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #YBS #ကဒ်စနစ်

Zawgyi

YBS ကဒ္စနစ္ကို သက္မွတ္ထားတဲ့ရက္မွာ အသုံးျပဳႏိုင္မွာမဟုတ္

ရန္ကုန္ ၊ ဒီဇင္ဘာ ၃၀-၂၁၀၉
သူရိန္(VOM)

YBS သုံးႏွစ္ျပည့္အခမ္းအနားမတိုင္ခင္ လာမည့္ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၁၆ ရက္မွာ YBS ကဒ္စနစ္အသံုးျပဳဖို႔ ေဆာင္ရြက္ထားေပမယ့္လည္း အဲ့ဒီေန႔ေတြမွာ အသုံးျပဳႏိုင္မွာမဟုတ္‌ေသးဘူးလို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕(YRTA)ကေန သိရပါတယ္။

“ကဒ္စနစ္ကို လူတိုင္းကသုံးခ်င္တယ္။ ကြၽန္ေတာ္တို႔လည္း သုံးခ်င္တယ္။ ဒါေပမဲ့အခု တပ္ဆင္ၿပီးတဲ့ ယာဥ္လိုင္းေတြမွာ စမ္းသပ္ေနတယ္။ ဘဏ္ေတြနဲ႔ခ်ိတ္ဆက္မႈ၊ ေရးဆြဲထားတဲ့ Software ေတြ ဆန္းစစ္ေနတယ္။ လာမယ့္ဇန္နဝါရီလ ၁၆ ရက္မတိုင္ခင္ အသုံးျပဳႏိုင္ဖို႔ခက္ခဲတယ္။ မမွန္ကန္ဘဲသုံးရင္ အက်ိဳးထက္ အျပစ္ကပိုျဖစ္မယ္။ အတိမ္းအေစာင္းမခံဘူး။ အစိုးရကို ျပန္ၿပီးတင္ျပရအုံးမယ္”လို႔ YRTA ကတြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ေျပာပါတယ္။

ဒီ YBS ကဒ္စနစ္ကို YBS သုံးႏွစ္ျပည့္အခမ္းအနားမတိုင္ခင္ အသုံးျပဳသြားမယ္လို႔ ေျပာဆိုထားေပမယ့္လည္း နည္းပညာပိုင္းဆိုင္ရာျပန္လည္ဆန္းစစ္မႈ၊ ဘဏ္စနစ္ခ်ိတ္ဆက္မႈ အစရွိတာေတြကို စမ္းသပ္ရမွာျဖစ္တဲ့အျပင္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကိုလည္း ျပန္လည္တင္ျပရမွာျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိ YBSကဒ္စနစ္ကို ယာဥ္အစီးေရ ၁၅၀၀ လုံးနီးပါးတပ္ဆင္ၿပီး ဒုတိယအသုတ္မွာ တ႐ုတ္ႏိုင္ငံထုတ္ Foton ကားအစီးေရ တစ္ေထာင္နဲ႔ ရန္ကုန္ၿမိဳ႕ပတ္ေျပးဆြဲေပးေနတဲ့ Scania ကား ၃၉ စီးအပါအဝင္ စုစုေပါင္းယာဥ္အစီးေရ ၁၀၃၉စီးကို ၂၀၂၀ ဇန္နဝါရီလဆန္းမွာ အၿပီးတပ္ဆင္အသုံးျပဳသြားမွာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #YBS #ကဒ္စနစ္

Related posts

Leave a Comment

VOM News

FREE
VIEW