မတ်လကုန်အထိ စာသင်ကာလတိုးမြှင့်တာကို ပထမအကြိမ် လမ်းပေါ်ထွက်ဆန္ဒပြမှုပြုလုပ်
Read More
မန္တလေးမြို့က ကျောက်အရောင်းအဝယ်လုပ်နေသူတွေကို လိုင်စင်လုပ်ပေးမယ်
မန္တလေး ဇန်နဝါရီ ၂၀-၂၀၂၀ ဖြူဖြူ(VOM) မန္တလေးမြို့မှာရှိတဲ့ အခြေခံကျောက်မျက် ရောင်းဝယ်လုပ်ကိုင်သူတွေအတွက် မန္တလေးမြို့ရဲ့မည့်သည့်နေရာမှာမဆို ရောင်းဝယ်ခွင့်ရမယ့် လိုင်စင်ပြုလုပ်ပေးသွားမယ်လို့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်အသင်းကနေ သိရပါတယ်။ “သူတို့တွေ ကျောက်ကိုင်ဆောင်ခွင့်ရဖို့ လိုင်စင်တစ်မျိုးမျိုး လုပ်ပေးမယ်။ ဒါဆိုသူက မန္တလေးမြို့မှာ ဘယ်နေရာကိုပဲသယ်သယ် လွတ်လပ်စွာသယ်ဆောင်ခွင့်ရှိတယ်။ ရောင်းချခွင့်၊ ကိုင်ဆောင်ခွင့်ရှိမယ်။ ဒါကိုလုပ်ပေးမှာ။ အဓိကကတော့ သူတို့ကို ဥပဒေဘောင်ထဲရောက်စေချင်တာ။ ” လို့ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်အသင်း(မန္တလေးတိုင်း)ဥက္ကဌ ဦးသန်းဝင်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကျောက်မျက်အရောင်းအဝယ် လုပ်ကိုင်သူရဲ့ ၉၅ ရာခိုင်နှုန်းလောက် အခြေချနေတဲ့ မန္တလေးမြို့မှာ အခြေခံကျောက်သမားတွေကလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ အဲ့ဒီကျောက်သမားတွေဟာ မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ အရောင်းအဝယ်လုပ်နေကြပြီး မြို့တွင်းအခြားနေရာတွေကို သယ်ဆောင်တဲ့အခါ သက်ဆိုင်ရာဌာနတွေရဲ့ စစ်ဆေးမှုခံရတာတွေ ရှိနေတဲ့အတွက် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ “ဒါက မှတ်ပုံတင်သဘောမျိုးလို့ သိရတယ်။ အခုလိုကိုင်ဆောင်ခွင့်ရခြင်းအားဖြင့် သူတို့အနေနဲ့ ဥပဒေနဲ့အညီဆိုတာ ဖြစ်သွားမယ်။…
Read More
မင်းပြားမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ၈ ဦးဒဏ်ရာရ၊ ၄ ဦးဒဏ်ရာပြင်းထန်
မင်းပြား၊ ဇန်နဝါရီ ၂၀-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့နယ်၊ ရွေကျင်ကျေးရွာအနီး ၄ ဖာလုံလောက်အကွာမှာ မနေ့က ဇန်နဝါရီလ ၁၉ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ထင်းခွေသွားတဲ့ ဒေသခံ ၈ ဦး ဒဏ်ရာရရှိရာမှာ ၄ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့အတွက် မြောက်ဦးဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ ဒဏ်ရာရရှိသူ ၈ ဦးထဲမှာ အမျိုးသမီး သက်ကြီးပိုင်းအရွယ် ၅ ဦးနဲ့ ၁၂ နှစ်အရွယ် ကလေး ၃ ဦး တို့ပါဝင်တယ်လို့ သိရပါတယ်။ ” ထင်းခွေဖို့သွားတာလို့ ပြောတယ်။ အယင်တိုက်ပွဲတုန်းက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေရှိသေးတယ်။ အဲ့ဒီနေရာတွေမှာ ဘာသွားလုပ်လဲမသိဘူး။ ကျွန်တော်တို့လည်း အတိအကျမသိသေးဘူး။ ပေါက်ကွဲလို့ အမျိုးသမီး ၅ ဦး၊ ကလေး ၃…
Read More
ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါ ပေကျင်းနဲ့ ရှန်ကျန်းမြို့တွေမှာပါ ကူးစက်ပျံ့နှံ့နေ
ပေကျင်း၊ ဇန်နဝါရီ-၂၀-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူတွေကို နှစ်ရက်အတွင်း ၁၃၉ ဦးထိတွေ့ရှိတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောဆိုလိုက်ပြီး ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ပြင်ပဒေသတွေမှာပါ ကူးစက်နေပြီဆိုတာ ပထမဆုံးအကြိမ်အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူတွေကို ဝူဟန်မြို့အပြင် မြို့တော်ပေကျင်းနဲ့ ရှန်ကျန်းမြို့တွေမှာပါ တွေ့ရှိနေပြီဖြစ်ပါတယ်။ ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူတွေကို ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့မှာတွေ့ရှိပြီးနောက် တောင်ကိုရီးယားနိုင်ငံမှာလည်း ရောဂါကူးစက်ခံရသူတွေ့ရှိကြောင်း ဇန်နဝါရီ ၂၀ ရက်မှာ ပထမဆုံးအကြိမ်အတည်ပြုခဲ့ပါတယ်။ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူဦးရေဟာ လူ ၂၀၀ ကျော်ရှိနေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာဖြစ်ပွားကာ လူ သုံးဦးသေဆုံးသွားပြီဖြစ်ပါတယ်။ အဲဒီရောဂါဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက အတည်ပြုထားပြီး အဆုတ်ရောင်ရောဂါကို ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်အမျိုးအစားအဖြစ် ဖော်ပြထားပေမယ့် ဒီဗိုင်းရပ်နဲ့ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးဘူးလို့ သိရပါတယ်။ ရောဂါကူးစက်ခံရသူဦးရေဟာ တရုတ်တာဝန်ရှိသူတွေထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေထက်ပိုများနိုင်ပြီး လူ ၁၇၀၀ လောက်ရှိနိုင်တယ်လို့…
Read More
တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာက ဘာတွေယူသွားပြီး ဘာတွေပြန်ပေးခဲ့လဲ
တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာက ဘာတွေယူသွားပြီး ဘာတွေပြန်ပေးခဲ့လဲ အောင်ထူးနိုင်(VOM) မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးလာရောက်ခဲ့တဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ခရီးစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ခရီးစဉ်အတွင်း သမ္မတရှီဟာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ပထမဆုံးတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ နှစ်ဖက်ခေါင်းဆောင်တွေက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံမှု ခိုင်မာစေရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား တည်ရှိတဲ့ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အေးအတူပူအမျှအဖြစ် တိုးမြှင့်သွားနိုင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ပူးတွဲကျင်းပသွားရေးနဲ့ နှစ်နိုင်ငံယဉ်ကျေးမှုနဲ့ ပြည်သူတွေအကြား ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်သွားရေး ကိစ္စရပ်တွေနဲ့စပ်လျဉ်းလို့ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံခေါင်းဆောင်တွေက သက်ဆိုင်ရာနိုင်ငံတွေမှာ တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးနဲ့ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်ရာမှာ အောင်မြင်တိုးတက်မှုတွေ…
Read More
SKY WALKမီးလောင်မှု အထည်ဆိုင်ကမဟုတ်ဘဲ နာမည်ကြီးဖိနပ်ဆိုင်က မီးစတင်‌လောင်ခြင်းသာဖြစ်
မန္တလေး၊ ဇန်နဝါရီ ၂၀-၂၀၂၀ Voice Of Myanmar မန္တလေးမြို့မှာ ဇန်နဝါရီ ၁၇ရက်နေ့ ညနေပိုင်းကလောင်ကျွမ်းခဲ့တဲ့ SKY WALKမီးလောင်မှုဟာ ပထမထပ်က နာမည်ကြီးဖိနပ်ဆိုင်ကနေ မီးစတင်လောင်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ နာမည်ကြီး ဖိနပ်ဆိုင်အတွင်းရှိ စတိုခန်းထဲကနေ ‘‌ဖောင်း’ဆိုတဲ့ ပေါက်ကွဲသံကြားရပြီး ဆိုင်အတွင်းမီးခိုးတွေ ပြည့်နှက်သွားတဲ့အတွက်ဖိနပ်ဆိုင်ထဲကလူတွေဟာ အသက်ရှုကြပ်လာပြီး မြေညီထပ်ကို ပြေးဆင်းသွားချိန် 199ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် SKY WALKပထမထပ်က ဈေးဆိုင်ပေါင်း ၁၅၀ကျော်မှာ ၁၂၀ကျော်မီးလောင်းဆုံးရှုံးခဲ့ပြီး မီးလောင်မှုကိုလည်း ဇန်နဝါရီ ၁၇ရက် ညနေပိုင်းကနေ ဇန်နဝါရီ ၁၈ရက် မနက်အစောပိုင်းထိ မီးငြိမ်းသတ်ခဲ့ရတဲ့အပြင် တန်ဖိုးငွေ သိန်းပေါင်း တစ်သောင်းကျော်မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မနေ့က SKY WALKပထမထပ်က နာမည်ကြီးအထည်ဆိုင်ကနေမီးစတင်လောင်တယ်လို့ ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပေမယ့် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုအပြီးမှာ အထည်ဆိုင်ရဲ့ ဘေးကပ်လျက်က…
Read More
မင်းပြားမြို့နယ်မှာ လက်နက်ကြီးကျည်ပေါက်လို့ ကလေးတွေနဲ့ အမျိုးသမီးတွေဒဏ်ရာရ
မင်းပြား၊ ဇန်နဝါရီ ၁၉-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းက ပန်းမြောင်းကြီးကျောင်းအတွင်းမှာရှိတဲ့ ရွှေကျန်ကျေးရွာအနီးမှာ လက်နက်ကြီးကျည်တစ်လုံးပေါက်ကွဲပြီး လူငယ် ၃ ဦးနဲ့ အမျိုးသမီးငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်ကတော့ ဇန်နဝါရီ ၁၉ ရက် နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာရဲ့ရှေ့မြောက် ခြောက်ဖာလုံခန့်အကွာ တောစပ်နားမှာ တိုက်ပွဲအတွင်းမပေါက်ကွဲဘဲကျန်နေခဲ့တဲ့ လက်နက်ကြီးကျည် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ “နေ့လည် ၁၁ နာရီခွဲကျော်လောက်မှာ ဖြစ်တာပါ။ ရွာက ကလေးသုံးယောက်နဲ့ အမျိုးသမီး ငါးယောက်က တောကိုထင်းရှာဖို့သွားတယ်။ အဲ့ဒီမှာ လက်နက်ကြီးကျည်တစ်လုံးကိုတော့ပြီးတော့ မြှောက်ကြည့်ရာမှာ ပေါက်ကွဲသွားတယ်လို့သိရတယ်။”လို့ အုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းကပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ၈ ဦးစလုံးမှာ မိသားစုတစ်ခုတည်းဖြစ်ပြီး အဲ့ဒီထဲက ကလေးနှစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရကာ (၇) ဦးကို ပန်းမောင်းဆေးရုံကနေ မြောက်ဦးဆေးရုံကို ထပ်မံပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။ “နေ့လည် ၂…
Read More
ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေ အရာမထင်
ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေ အရာမထင် ကျောက်ဖြူ ၊ ဇန်နဝါရီ ၁၉-၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို အသစ်ထပ်မံမလုပ်ဆောင်ဘဲ ရပ်တန့်ထားဖို့၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စုကို မတည်ဆောက်မီ ကာလအတွင်းမှာ တရုတ်စီမံကိန်းတွေကို လက်မှတ်မရေးထိုးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ခဲ့ပေမယ့် ထုတ်ပြန်ချက်တွေဟာ အရာမထင် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အခုလို အရပ်ဖက်အဖွ့ဲအစည်းတွေရဲ့ ထုတ်ပြန်ချက်တွေ အရာမထင်ခဲ့တာဟာ မနေ့က ဇန်နဝါရီလ ၁၈ ရက်နေ့မှာ မြန်မာအစိုးရနဲ့ တရုတ်သမ္မတချီကျင့်ဖျင်တို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ပတ်သတ်ပြီး လက်မှတ်ရေးထိုးခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ” စီမံကိန်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကိုလည်း ဒေသခံတွေကို ဘာမှ ထုတ်ဖော်ပြောကြားတာလည်းမရှိဘူး။ ပြည်သူတွေရဲ့ အသံ၊ ဒေသခံတွေရဲ့ အသံတွေကိုလည်း ဘာမှနားမထောင်ဘဲ ဒီလိုမျိုးလက်မှတ်ထိုးလိုက်တာက ဒီမိုကရေစီ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေရဲ့ အသံကို ဂရုမစိုက်ဘဲ…
Read More
ခေတ်နဲ့အညီ ဖူလုံတဲ့လုပ်ခလစာရရှိရေး ရန်ကုန်မှာ အလုပ်သမားတွေ ထောင်ချီဆန္ဒပြ
ခေတ်နဲ့အညီ ဖူလုံတဲ့လုပ်ခလစာရရှိရေး ရန်ကုန်မှာ အလုပ်သမားတွေ ထောင်ချီဆန္ဒပြ ရန်ကုန် ဇန်နဝါရီလ ၁၉-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်က စက်ရုံ အလုပ်သမား ၈၀၀၀ ကျော် က ခေတ်နှင့်ညီတဲ့ ဖူလုံသည့်လုပ်ခလစာရရှိဖို့ ၊ ကုန်ဈေးနူန်းလျှော့ချပေးဖို့အခက်အခဲတွေအပါအဝင် လိုအပ်ချက်တွေကို ရရှိဖို့ ဒီကနေ့ ဇန်နဝါရီ လ၁၉ ရက်နေ့ မြို့နယ်နှစ်ခုမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေကို ရွှေပြည်သာမြို့နယ် နဲ့ လိူင်သာယာမြို့နယ်နှစ်ခုမှာ ပြုလုပ်ခဲ့တာပါ ။လိူင်သာယာမြို့နယ်ဆန္ဒပြမှုမှာ မြိုနယ်ထဲက စက်ရုံပေါင်း ၂၀ က အလုပ်သမား ၇၅၀၀ ကျော်က စီတန်းလှည့်လည်ကာဆန္ဒပြခဲ့ကြပြီး ရွှေပြည်သာမြို့နယ်မှာတော့ စက်မှုဇုံလေးခုက အလုပ်သမားအင်အား ၁၀၀၀ ဝန်းလောက်က ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ လိူင်သာယာဆန္ဒထုတ်ဖော်ပွဲမှာ ဆန္ဒပြအလုပ်သမား ၇၅၀၀ ကျော်က ဖူလုံသည့်လုပ်ခလစာရရှိရေး ၊ ကုန်ဈေးနုန်းများလျှော့ချရေးအပါအဝင် ၂၀၂၀ မေလမှာ အနည်းဆုံး လုပ်ခလစာနှုန်းထားအသစ် သတ်မှတ်ပေးရေး၊စားဝတ်နေရေးစရိတ်…
Read More
Sky Walkမီးလောင်မှု ပထမထပ်ရှိ အထည်ဆိုင်ကနေ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ ကနဦး သတင်းရရှိ
Sky Walkမီးလောင်မှု ပထမထပ်ရှိ အထည်ဆိုင်ကနေ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ ကနဦး သတင်းရရှိ မန္တလေး၊ ဇန်နဝါရီ ၁၉-၂၀၂၀ Voice Of Myanmar မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်၊ ၇၈လမ်းနဲ့ ၃၄လမ်းထောင့်က Sky Walkမီးလောင်မှုဟာ ပထမထပ်ရှိ နာမည်ကြီးအသင့်ဝတ်အထည်ဆိုင်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ “ဟုတ်တယ် အဲ့ဒီဆိုင်က တာဝန်ရှိသူကို အရေးယူဖို့လုပ်‌နေတယ် ၊ တခြား ဆုံးရှုံးမှုဘာညာတော့ မရသေးဘူး”လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။ မီးလောင်မှုစတင်ဖြစ်ပွားချိန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးချိန်မှာ အဲ့ဒီအထည်ဆိုင်က မီးခိုးစတင်ထွက်နေတာကို မျက်မြင်သက်သေတွေ့ရှိတဲ့အတွက် အခုလို အမှုဖွင့်အရေးယူဖို့ ဆောင်‌ရွက်နေတာဖြစ်တယ်လို့သိရပါတယ်။ အထည်ဆိုင်ကလည်း မီးစတင်လောင်ချိန်မှာ မီးသတ်ဆေးဘူး၊ ဈေးအတွင်းတပ်ဆင်ထားတဲ့မီးသတ်ရေပိုက်တွေနဲ့ ဝိုင်းငြိမ်းခဲ့ပေမယ့် မီးလောင်မှုများလာတဲ့အတွက် အပြင်ကိုထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။ Sky Wall မီးလောင်မှုဟာ ဇန်နဝါရီ ၁၇ ညနေပိုင်းကနေ လောင်ကျွမ်းခဲ့တာဖြစ်ပြီး…
Read More
VOM News
FREE
VIEW