YUPT ကုမ္ပဏီရှယ်ယာရှင်တွေ တောင်းဆိုချက်ကို ဥပဒေဘောင်အတွင်းကသာ ဖြေရှင်းမယ်လို့ YRTA တုံပြန်

YUPT ကုမ္ပဏီရှယ်ယာရှင်တွေ တောင်းဆိုချက်ကို ဥပဒေဘောင်အတွင်းကသာ ဖြေရှင်းမယ်လို့ YRTA တုံပြန်

ရန်ကုန်၊ဖေဖော်ဝါရီ ၅- ၂၀၂၀
သိင်္ဂီ(VOM)

ရန်ကုန်တိုင်းအစိုးရက ၈၅ ရာခိုင်နူန်းအထက် ရှယ်ယာထည့်ဝင်ပိုင်ဆိုင်ထားတဲ့ YUPT ကုမ္ပဏီအနေနဲ့ ရှယ်ယာရှင်တွေရဲ့ ၃ နှစ်ကျော်အကျိုးအမြတ်နဲ့အတူ ရှယ်ယာတွေပြန်ထုတ်ပေးဖို့ တောင်းဆိုမှုတွေအပေါ် ဥပဒေဘောင်အတွင်းကနေသာ ဖြေရှင်းသွားမှာဖြစ်တယ်လို့ YRTAရဲ့တာဝန်ရှိသူတွေကပြောဆိုလိုက်ပါတယ်။

YUPT ကုမ္ပဏီမှာ ရန်ကုန်တိုင်းအစိုးရက ရင်းနှီးမြှုပ်နှံငွေ ၃၅ ဘီလီယံထည့်ဝင်ထားပြီး ရှယ်ယာရှင် ၂၉၀ ဦးက ငွေကျပ် ၅.၆၃၄၄ ဘီလီယံ ရှယ်ယာထည့်ဝင်ထားပြီး ရန်ကုန်တိုင်းအစိုးရက ၈၆ ရာခိုင်နူန်းလောက် ပိုင်ဆိုဆိုင်မှုရှိနေတယ်လို့ သိရပါတယ်။

“ခုဖြစ်ပေါ်နေတဲ့ YUPT ရှယ်ယာရှင်တွေကိစ္စနဲ့ပတ်သက်လို့ ဥပဒေဘောင်အတွင်းကနေ ညီညွတ်တဲ့နည်းလမ်းနဲ့ ဆောင်ရွက်သွားမယ်လို့ ဖြေပါရစေ။ အစိုးရကလည်း YUPT အခက်အခဲကို ဖြေရှင်းပေးဖို့ စီစဉ်နေပါတယ်။ လူကြီးတွေကလည်း ပြန်လည်စီစဉ်ပေးဖို့ ပြောပြီးသားပါ။ ကုမ္ပဏီပိုင်ငွေကြေးကို စီမံခန့်ခွဲရတာဖြစ်လို့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်နေပါတယ်။YRTA အနေနဲ့ ဒီလောက်ပဲဖြေချင်ပါတယ်”လို့ YRTAရဲ့တွဲဖက်အတွင်းရေးမှူးဦးလှအောင်ကပြောပါတယ်။

ဒါ့ကြောင့် YUPT ရှယ်ယာရှင်တွေကိစ္စကြောင့် အများပြည်သူသယ်ယုူပို့ဆောင်ရေးမှာ အခက်အခဲမဖြစ်အောင် ပြည်သူလူထုအခက်အခဲမဖြစ်အောင် စီစဉ်သွားမှာဖြစ်တယ်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက် YRTA ရုံးမှာပြုလုပ်ခဲ့တဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာပြောဆိုခဲ့တာဖြစ်ပါတယ်။

ရှယ်ယာရှင်တစ်ဦးဖြစ်တဲ့ ရှယ်ယာရှင်ဦးထိန်ဝင်းက ” ရန်ကုန်တိုင်းဝန်ကြီးချုပ်စကားတွေကိုယုံလို့ ရှယ်ယာဝင်ခဲ့တယ်။ အရင်က လစဉ်အကျိုးအမြတ် ရှင်းပေးမယ်။ နောက်တဖြေးဖြေးနဲ့ တစ်နစ်မှရှင်းမယ်ပြောတယ်။ခု ၃ နှစ်ကြာတဲ့အထိ မရသေးဘူး။အားလုံးနစ်နာနေပါတယ်။ အရင်ကယုံခဲ့တယ်။ ခုမယုံကြည်တော့ဘူး။ ၃နှစ်ပြည်ပွဲမှာကျ အမြတ်ငွေကို ၅ နှစ်မှ ရှင်းလို့ရမယ်ပြောတယ်။ ဒါဟာကတိမတည်တာပဲ။ ၅ နှစ်မှဆို အစထဲက ရှယ်ယာမထည့်ဝင်ဘူး” လို့ ပြောပါတယ်။

ရှယ်ယာရှင် ၂၂၉ ဦးဟာ ရှယ်ယာတွေပြန်ထုတ်ပေးဖို့နဲ့ ၃ နှစ်ကျော်အတွက် အကျိုးအမြတ်ကိုပါ ခွဲဝေပေးဖို့ တောင်းဆိုနေပေမယ့်လည်း YUPT ကုမ္ပဏီက ခွဲဝေမပေးတဲ့အတွက် ဒီမော်တော်ယာဉ်လုပ်ငန်းအပေါ် မှီခိုနေသူတွေ အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။

အခုလိုတွေဖြစ်နေတဲ့အတွက် YUPT ရှယ်ယာရှင် ၂၂၉ ဦးကတော့ YUPT ကုမ္ပဏီနဲ့ ရန်ကုန်တိုင်းအစိုးရကို လမ်းပေါ်ထွက် ဆန္ဒပြဖို့ ဆောင်ရွက်နေသလို တရားစွဲဆိုနိုင်ဖို့ကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #YRTA #YUPTရှယ်ယာရှင်တောင်းဆိုချက် #ဥပဒေဘောင်အတွင်းကဖြေရှင်းမယ်

Zawgyi

YUPT ကုမၸဏီရွယ္ယာရွင္ေတြ ေတာင္းဆိုခ်က္ကို ဥပေဒေဘာင္အတြင္းကသာ ေျဖ႐ွင္းမယ္လို႔ YRTA တုံျပန္

ရန္ကုန္၊ေဖေဖာ္ဝါရီ ၅- ၂၀၂၀
သိဂႌ(VOM)

ရန္ကုန္တိုင္းအစိုးရက ၈၅ ရာခိုင္ႏူန္းအထက္ ရွယ္ယာထည့္ဝင္ပိုင္ဆိုင္ထားတဲ့ YUPT ကုမၸဏီအေနနဲ႔ ႐ွယ္ယာ႐ွင္ေတြရဲ႕ ၃ ႏွစ္ေက်ာ္အက်ိဳးအျမတ္နဲ႔အတူ ႐ွယ္ယာေတြျပန္ထုတ္ေပးဖို႔ ေတာင္းဆိုမွုေတြအေပၚ ဥပေဒေဘာင္အတြင္းကေနသာ ေျဖ႐ွင္းသြားမွာျဖစ္တယ္လို႔ YRTAရဲ႕တာဝန္႐ွိသူေတြကေျပာဆိုလိုက္ပါတယ္။

YUPT ကုမၸဏီမွာ ရန္ကုန္တိုင္းအစိုးရက ရင္းႏွီးျမႇဳပ္ႏွံေငြ ၃၅ ဘီလီယံထည့္ဝင္ထားၿပီး ႐ွယ္ယာ႐ွင္ ၂၉၀ ဦးက ေငြက်ပ္ ၅.၆၃၄၄ ဘီလီယံ ႐ွယ္ယာထည့္ဝင္ထားၿပီး ရန္ကုန္တုိင္းအစိုးရက ၈၆ ရာခိုင္ႏူန္းေလာက္ ပိုင္ဆိုဆိုင္မႈ႐ွိေနတယ္လို႔ သိရပါတယ္။

“ခုျဖစ္ေပၚေနတဲ့ YUPT ႐ွယ္ယာ႐ွင္ေတြကိစၥနဲ႔ပတ္သက္လို႔ ဥပေဒေဘာင္အတြင္းကေန ညီၫြတ္တဲ့နည္းလမ္းနဲ႔ ေဆာင္ရြက္သြားမယ္လို႔ ေျဖပါရေစ။ အစိုးရကလည္း YUPT အခက္အခဲကို ေျဖ႐ွင္းေပးဖို႔ စီစဥ္ေနပါတယ္။ လူႀကီးေတြကလည္း ျပန္လည္စီစဥ္ေပးဖို႔ ေျပာၿပီးသားပါ။ ကုမၸဏီပိုင္ေငြေၾကးကို စီမံခန္႔ခြဲရတာျဖစ္လို႔ ဘ႑ာေရး စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ လုပ္ေနပါတယ္။YRTA အေနနဲ႔ ဒီေလာက္ပဲေျဖခ်င္ပါတယ္”လို႔ YRTAရဲ႕တြဲဖက္အတြင္းေရးမွဴးဦးလွေအာင္ကေျပာပါတယ္။

ဒါ့ေၾကာင့္ YUPT ႐ွယ္ယာ႐ွင္ေတြကိစၥေၾကာင့္ အမ်ားျပည္သူသယ္ယုူပို႔ေဆာင္ေရးမွာ အခက္အခဲမျဖစ္ေအာင္ ျပည္သူလူထုအခက္အခဲမျဖစ္ေအာင္ စီစဥ္သြားမွာျဖစ္တယ္လို႔ ဒီကေန႔ ေဖေဖာ္ဝါရီ ၅ ရက္ YRTA ႐ုံးမွာျပဳလုပ္ခဲ့တဲ့ သတင္းမီဒီယာေတြ႕ဆုံပြဲမွာေျပာဆိုခဲ့တာျဖစ္ပါတယ္။

႐ွယ္ယာ႐ွင္တစ္ဦးျဖစ္တဲ့ ႐ွယ္ယာ႐ွင္ဦးထိန္ဝင္းက ” ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္စကားေတြကိုယုံလို႔ ႐ွယ္ယာဝင္ခဲ့တယ္။ အရင္က လစဥ္အက်ိဳးအျမတ္ ႐ွင္းေပးမယ္။ ေနာက္တေျဖးေျဖးနဲ႔ တစ္နစ္မွ႐ွင္းမယ္ေျပာတယ္။ခု ၃ ႏွစ္ၾကာတဲ့အထိ မရေသးဘူး။အားလုံးနစ္နာေနပါတယ္။ အရင္ကယုံခဲ့တယ္။ ခုမယုံၾကည္ေတာ့ဘူး။ ၃ႏွစ္ျပည္ပြဲမွာက် အျမတ္ေငြကို ၅ ႏွစ္မွ ႐ွင္းလို႔ရမယ္ေျပာတယ္။ ဒါဟာကတိမတည္တာပဲ။ ၅ ႏွစ္မွဆို အစထဲက ႐ွယ္ယာမထည့္ဝင္ဘူး” လို႔ ေျပာပါတယ္။

႐ွယ္ယာ႐ွင္ ၂၂၉ ဦးဟာ ႐ွယ္ယာေတြျပန္ထုတ္ေပးဖို႔နဲ႔ ၃ ႏွစ္ေက်ာ္အတြက္ အက်ိဳးအျမတ္ကိုပါ ခြဲေဝေပးဖို႔ ေတာင္းဆိုေနေပမယ့္လည္း YUPT ကုမၸဏီက ခြဲေဝမေပးတဲ့အတြက္ ဒီေမာ္ေတာ္ယာဥ္လုပ္ငန္းအေပၚ မွီခိုေနသူေတြ အခက္အခဲျဖစ္ေနရတယ္လို႔ သိရပါတယ္။

အခုလုိေတြျဖစ္ေနတဲ့အတြက္ YUPT ႐ွယ္ယာ႐ွင္ ၂၂၉ ဦးကေတာ့ YUPT ကုမၸဏီနဲ႔ ရန္ကုန္တိုင္းအစိုးရကို လမ္းေပၚထြက္ ဆႏၵျပဖို႔ ေဆာင္ရြက္ေနသလို တရားစြဲဆိုႏိုင္ဖို႔ကိုလည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #YRTA #YUPTရွယ္ယာရွင္ေတာင္းဆိုခ်က္ #ဥပေဒေဘာင္အတြင္းကေျဖရွင္းမယ္

Related posts

Leave a Comment

VOM News

FREE
VIEW