မငြိမ်းချမ်းလို့ နိုင်ငံရေးပါတီတွေ ရှေ့မရောက်ဖြစ်နေ

မငြိမ်းချမ်းလို့ နိုင်ငံရေးပါတီတွေ ရှေ့မရောက်ဖြစ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၀
အောင်ထူးနိုင်(VOM)

ငြိမ်းချမ်းရေးမရသေးတဲ့အတွက် နိုင်ငံရေးပါတီတွေ ရှေ့မရောက်သေးဘူးလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောဆိုလိုက်ပါတယ်။

ပြည်ထောင်စုအင်စတီကျူ့က “အမျိုးသားလွှတ်တော်အခန်းကဏ္ဍနဲ့ ဖက်ဒရယ်အိမ်မက်”သုတေသနစာတမ်းမိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ဒီနေ့ ပြုလုပ်နေပြီး အမှာစကားပြောကြားရာမှာ စိုင်းညွန့်လွင်က ထည့်သွင်း ပြောဆိုခဲ့တာပါ။

“နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက ရှေ့မှာမရှိပါဘူး။ ဘေးမှာပဲ ရှိနေတုန်းပါပဲ၊ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးမရသေးဘူးပေါ့လေ၊ ငြိမ်းချမ်းရေးမရသေးတော့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍဟာ စောင့်ဆိုင်းနေရမယ့် အနေအထားမျိုး ရှိပါသေးတယ်”လို့ စိုင်းညွန့်လွင်က ပြောပါတယ်။

ငြိမ်းချမ်းရေးကို အစဉ်တစိုက် လက်ဆင့်ကမ်းပြီး လုပ်လာကြပေမယ့် ပန်းတိုင်ကို မရောက်ရှိသေးပါဘူး၊ မရသေးဘူးဆိုပေမယ့်လည်း ရပ်ဆိုင်းထားရမှာမျိုးမဟုတ်ဘဲ လုပ်ကိုလုပ်နေရမယ့် တာဝန်ရှိတယ်လို့ စိုင်းညွန့်လွင်က ပြောပါတယ်။

“လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးက တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ လုပ်နေတဲ့ ငြိမ်းချမ်းရေးဟာ ရှေ့တန်းရောက်ပါတယ်”လို့ စိုင်းညွန့်လွင်က ပြောပါတယ်။

ဒီနေ့မိတ်ဆက်တဲ့ သုတေသနစာတမ်းကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာက အလှူငွေပူးပေါင်းထည့်ဝင်ထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Joint Peace Fund (JPF) က ပံ့ပိုးပေးထားတယ်လို့ သိရပါတယ်။

အခုစာတမ်းကို အပိုင်း(၅)ပိုင်းနဲ့ ခွဲခြားဖော်ပြထားတာဖြစ်ပြီးတော့ လွတ်တော်နှစ်ရပ်ရဲ့အယူအဆ၊ ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတွေရဲ့ လွှတ်တော်တွေအကြောင်းနဲ့ မြန်မာနိုင်ငံလွှတ်တော်အကြောင်းတွေအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တာတွေလည်း ဖော်ပြပါရှိပါတယ်။

#VOM #voiceofmyanmar #အမျိုးသားလွှတ်တော် #ဖက်ဒရယ်အိမ်မက်၊ #သုတေသနစာတမ်းမိတ်ဆက်

Zawgyi

မၿငိမ္းခ်မ္းလို႔ ႏိုင္ငံေရးပါတီေတြ ေရွ႕မေရာက္ျဖစ္ေန

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၁ ၊ ၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ၿငိမ္းခ်မ္းေရးမရေသးတဲ့အတြက္ ႏိုင္ငံေရးပါတီေတြ ေရွ႕မေရာက္ေသးဘူးလို႔ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဒုတိယဥကၠ႒ စိုင္းၫြန႔္လြင္က ေျပာဆိုလိုက္ပါတယ္။

ျပည္ေထာင္စုအင္စတီက်ဴ႕က “အမ်ိဳးသားလႊတ္ေတာ္အခန္းက႑နဲ႔ ဖက္ဒရယ္အိမ္မက္”သုေတသနစာတမ္းမိတ္ဆက္ပြဲအခမ္းအနားကို ရန္ကုန္ၿမိဳ႕ ႏိုဗိုတယ္ဟိုတယ္မွာ ဒီေန႔ ျပဳလုပ္ေနၿပီး အမွာစကားေျပာၾကားရာမွာ စိုင္းၫြန႔္လြင္က ထည့္သြင္း ေျပာဆိုခဲ့တာပါ။

“ႏိုင္ငံေရးပါတီေတြရဲ႕ အခန္းက႑က ေရွ႕မွာမရွိပါဘူး။ ေဘးမွာပဲ ရွိေနတုန္းပါပဲ၊ ဘာေၾကာင့္လဲဆိုေတာ့ ၿငိမ္းခ်မ္းေရးမရေသးဘူးေပါ့ေလ၊ ၿငိမ္းခ်မ္းေရးမရေသးေတာ့ ႏိုင္ငံေရးပါတီေတြရဲ႕ အခန္းက႑ဟာ ေစာင့္ဆိုင္းေနရမယ့္ အေနအထားမ်ိဳး ရွိပါေသးတယ္”လို႔ စိုင္းၫြန႔္လြင္က ေျပာပါတယ္။

ၿငိမ္းခ်မ္းေရးကို အစဥ္တစိုက္ လက္ဆင့္ကမ္းၿပီး လုပ္လာၾကေပမယ့္ ပန္းတိုင္ကို မေရာက္ရွိေသးပါဘူး၊ မရေသးဘူးဆိုေပမယ့္လည္း ရပ္ဆိုင္းထားရမွာမ်ိဳးမဟုတ္ဘဲ လုပ္ကိုလုပ္ေနရမယ့္ တာဝန္ရွိတယ္လို႔ စိုင္းၫြန႔္လြင္က ေျပာပါတယ္။

“လက္ရွိလုပ္ေနတဲ့ ၿငိမ္းခ်မ္းေရးက တပ္မေတာ္နဲ႔ လက္နက္ကိုင္အဖြဲ႕အစည္းေတြ လုပ္ေနတဲ့ ၿငိမ္းခ်မ္းေရးဟာ ေရွ႕တန္းေရာက္ပါတယ္”လို႔ စိုင္းၫြန႔္လြင္က ေျပာပါတယ္။

ဒီေန႔မိတ္ဆက္တဲ့ သုေတသနစာတမ္းကို ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ ႏိုင္ငံတကာက အလႉေငြပူးေပါင္းထည့္ဝင္ထားတဲ့ အဖြဲ႕အစည္းျဖစ္တဲ့ Joint Peace Fund (JPF) က ပံ့ပိုးေပးထားတယ္လို႔ သိရပါတယ္။

အခုစာတမ္းကို အပိုင္း(၅)ပိုင္းနဲ႔ ခြဲျခားေဖာ္ျပထားတာျဖစ္ၿပီးေတာ့ လြတ္ေတာ္ႏွစ္ရပ္ရဲ႕အယူအဆ၊ ဖက္ဒရယ္ဒီမိုကရက္တစ္ႏိုင္ငံေတြရဲ႕ လႊတ္ေတာ္ေတြအေၾကာင္းနဲ႔ ျမန္မာႏိုင္ငံလႊတ္ေတာ္အေၾကာင္းေတြအျပင္ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ပတ္သက္တာေတြလည္း ေဖာ္ျပပါရွိပါတယ္။

#VOM #voiceofmyanmar #အမ်ိဳးသားလႊတ္ေတာ္ #ဖက္ဒရယ္အိမ္မက္၊ #သုေတသနစာတမ္းမိတ္ဆက္

Related posts

Leave a Comment

VOM News

FREE
VIEW