ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်တိုက်ကျဆင်းသွားကြောင်း တရုတ်နိုင်ငံကြေညာ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်တိုက်ကျဆင်းသွားကြောင်း တရုတ်နိုင်ငံကြေညာ

ပေကျင်း၊ ဖေဖော်ဝါရီ-၁၆-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိယမြောက်နေ့အဖြစ် ဆက်တိုက်ကျဆင်းသွားကြောင်း တရုတ်နိုင်ငံက ကြေညာလိုက်ပါတယ်။

နိုင်ငံတစ်ဝန်း ရောဂါဖြစ်ပွားမှုအသစ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ကူးစက်ခံရသူ ၂၀၀၉ ဦးရှိကာ သေဆုံးသူ ၁၄၂ ဦးရှိကြောင်း တရုတ်အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောပါတယ်။

လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၆၈၀၀၀ ဦးရှိပြီး သေဆုံးသူအရေအတွက် ၁၆၆၅ ဦးအထိ တိုးမြင့်လာပါတယ်။

တရုတ်နိုင်ငံပြင်ပ နိုင်ငံ ၃၀ နီးပါးမှာတော့ ရောဂါကူးစက်မှု ၅၀၀ ကျော်ရှိနေပြီး ပြင်သစ်၊ ဟောင်ကောင်၊ ဂျပန်နဲ့ ဖိလစ်ပိုင်တို့မှာ လူတစ်ဦးစီသေဆုံးခဲ့ကာ ပြင်သစ်နိုင်ငံမှာ သေဆုံးမှုကတော့ ဥရောပဒေသမှာ ပထမဆုံးသေဆုံးမှုဖြစ်ပါတယ်။

တရုတ်နိုင်ငံအတွင်း ရောဂါကူးစက်မှုတွေ ကျဆင်းလာတာဟာ ဗိုင်းရပ်စ်ကိုထိန်းချုပ်လာနိုင်တာကို ပြသခြင်းဖြစ်ကြောင်း အချက်အလက်များမထုတ်ပြန်မီ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကပြောဆိုပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #vom #ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ဆက္တိုက္က်ဆင္းသြားေၾကာင္း တရုတ္နုိင္ငံေၾကညာ

ေပက်င္း၊ ေဖေဖာ္၀ါရီ-၁၆-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နုိင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ တတိယေျမာက္ေန႔အျဖစ္ ဆက္တိုက္က်ဆင္းသြားေၾကာင္း တရုတ္နိုင္ငံက ေၾကညာလိုက္ပါတယ္။

နိုင္ငံတစ္၀န္း ေရာဂါျဖစ္ပြားမႈအသစ္ေတြဟာ ျပီးခဲ႔တဲ႔ သီတင္းပတ္အေစာပိုင္းက ျဖစ္ပြားခဲ႔တာျဖစ္ျပီး ကူးစက္ခံရသူ ၂၀၀၉ ဦးရိွကာ ေသဆံုးသူ ၁၄၂ ဦးရိွေၾကာင္း တရုတ္အာဏာပိုင္ေတြက ေဖေဖာ္၀ါရီ ၁၆ ရက္မွာ ေျပာပါတယ္။

လက္ရိွအခ်ိန္ထိ တရုတ္နုိင္ငံမွာ ေရာဂါကူးစက္ခံရသူ ၆၈၀၀၀ ဦးရိွျပီး ေသဆံုးသူအေရအတြက္ ၁၆၆၅ ဦးအထိ တိုးျမင္႔လာပါတယ္။

တရုတ္နုိင္ငံျပင္ပ နုိင္ငံ ၃၀ နီးပါးမွာေတာ႔ ေရာဂါကူးစက္မႈ ၅၀၀ ေက်ာ္ရိွေနျပီး ျပင္သစ္၊ ေဟာင္ေကာင္၊ ဂ်ပန္နဲ႔ ဖိလစ္ပိုင္တို႔မွာ လူတစ္ဦးစီေသဆံုးခဲ႔ကာ ျပင္သစ္နုိင္ငံမွာ ေသဆံုးမႈကေတာ႔ ဥေရာပေဒသမွာ ပထမဆံုးေသဆံုးမႈျဖစ္ပါတယ္။

တရုတ္နုိင္ငံအတြင္း ေရာဂါကူးစက္မႈေတြ က်ဆင္းလာတာဟာ ဗိုင္းရပ္စ္ကိုထိန္းခ်ဳပ္လာနုိင္တာကို ျပသျခင္းျဖစ္ေၾကာင္း အခ်က္အလက္မ်ားမထုတ္ျပန္မီ တရုတ္နိုင္ငံျခားေရး၀န္ၾကီး ၀မ္ယီကေျပာဆိုပါတယ္။

Ref : BBC
Photo: Reuters
#voiceofmyanmar #vom #ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ

Related posts

Leave a Comment

VOM News

FREE
VIEW