Outbound Tours ကုမ္ပဏီတည်ထောင်မယ်ဆိုပါက စပေါ်ငွေ တင်ရမယ်

Outbound Tours ကုမ္ပဏီတည်ထောင်မယ်ဆိုပါက စပေါ်ငွေ တင်ရမယ်

‌ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၀
အောင်ထူးနိုင်(VOM)

ပြည်ပခရီးသွားလုပ်ငန်း(Outbound Tours) ကုမ္ပဏီတည်ထောင်မယ်ဆိုရင် စပေါ်ငွေ(Deposit) ကျပ်သိန်း ၁၀၀ တင်သွင်းရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးကို ဒီနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ကျင်းပခဲ့ပြီး အစည်းအဝေးအပြီး မီဒီယာနဲ့တွေ့ဆုံရာမှာ ဝန်ကြီးနော်ပန်းသဉ္ဇာမျိုးက ပြောတာပါ။

“အဓိကရည်ရွယ်ချက်ကတော့ Outbound Tours တွေက တစ်ဖက်နိုင်ငံကို ဧည့်သည်ပို့တယ်၊ ဟိုဘက်နိုင်ငံမှာ ပြဿနာရှိခဲ့တာမျိုး ရှိတယ်၊ တချို့ကြတော့ ဟိုဘက်နိုင်ငံမှာ Travel Agent အဖြစ် ဒီမှာလိုင်စင်ယူပြီး လူတွေကို သွားလိုက်တယ်၊ ဟိုဘက်နိုင်ငံရောက်တော့ အလုပ်လုပ်ဖို့ ဖြစ်သွားတယ်၊ ဒါမျိုးတွေ ရှိလာတယ်၊ ဥပဒေကို လက်တလုံးခြား လုပ်တဲ့ကိစ္စတွေ ရှိလာတဲ့အခါကြတော့ ကျွန်မတို့က သေသေချာချာ စနစ်တကျနဲ့ Standard တစ်ခုဖြစ်လာအောင် Outbound Tours တွေကို Deposit တင်ဖို့ ကိစ္စတွေကို စတင်ဆောင်ရွက်တာ ဖြစ်ပါတယ်” လို့ ဝန်ကြီးက ပြောပါတယ်။

Deposit(စပေါ်ငွေ) တင်ရတာ မြန်မာတစ်နိုင်ငံတည်းမဟုတ်ဘဲ တခြားအိမ်နီးချင်းနိုင်ငံတွေမှာလည်းရှိတယ်လို့ ဝန်ကြီးက ပြောပါတယ်။

Deposit (စပေါ်ငွေ) တင်‌ဖို့ သိန်း ၅၀၀ ကျပ်အထိ စဉ်းစားဆွေးနွေးခဲ့ကြပေမယ့် ကုမ္ပဏီအသေးလေးတွေ ထိခိုက်နစ်နာမှာစိုးတဲ့အတွက် ကျပ်သိန်း ၁၀၀ သာသတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တာလို့ ဝန်ကြီးက ပြောပါတယ်။

“ဒီပမာဏ သိန်း ၁၀၀ တောင် Deposit မတင်နိုင်တဲ့ ကုမ္ပဏီတစ်ခုက package တစ်ခုကိုပဲ ကြည့်လိုက်၊ လူတစ်ယောက်ကို သိန်း ၂၀ လောက် ရှိနေပြီ၊ သူ ၁၀ ယောက်၊ ၁၅ ယောက်လောက် နိုင်ငံခြားကို ပို့မယ်၊ သိန်း ၁၀၀ တောင် သူအာမမခံထားနိုင်ဘူးဆိုရင် အဲဒီမှာ အလိမ်ခံရမယ့် ကျွန်မတို့ ပြည်သူတွေအတွက်ရော၊ ပြဿနာတစ်ခုခုဖြစ်လို့ တာဝန်ခံပြီး ဖြေရှင်းရမယ့် ကျွန်မတို့အစိုးရရော ဒီ Deposit တစ်ခုလောက်ကတော့ ရှိသင့်တယ်ဆိုပြီး ကျွန်မတို့ ဆုံးဖြတ်တာပါ”လို့ ဝန်ကြီးက ပြောပါတယ်။

ပြည်ပခရီးသွားလုပ်ငန်း(Outbound Tours)ကုမ္ပဏီ‌တွေဘက်က ဒီဆုံးဖြတ်ချက်ကို လက်ခံပေမယ့် လိုင်စင်မရှိဘဲ လုပ်ဆောင်နေတဲ့ ခရီးသွားလုပ်ငန်းတွေကို ထိန်းကျောင်းပေးဖို့ တောင်းဆိုလာတဲ့အတွက် ကော်မတီဖွဲ့စည်းပြီး ဥပဒေအတိုင်း တိတိကျကျ အရေးယူဆောင်ရွက်သွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ စတင်ဖွဲ့စည်းပြီး စတင်ဆောင်ရွက်တဲ့ အစည်းအဝေးအမှန်စဉ် (၁/၂၀၁၉)မှ (၆/၂၀၁၉)အထိ ကော်မတီအနေနဲ့ ဟိုတယ်လုပ်ငန်းလိုင်စင်(၄၂)ခု ၊ တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်(၁၄)ခု ၊ စုစုပေါင်းအခန်း (၂၆၃၉)၊ ဟိုတယ်တည်ဆောက်ခွင့် (၂၀)လုံး၊ တည်းခိုရိပ်သာတည်ဆောက်ခွင့်(၃)လုံး၊ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် (ပြည်တွင်း/ပြည်ဝင်) (၃၅၆)ခု ၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်(ပြည်ပ) (၁၂၁)ခု ၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်(၂၁၈)ခု တို့ကို အတည်ပြုခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #Outbound Tours ကုမ္ပဏီ

Outbound Tours ကုမၸဏီတည္ေထာင္မယ္ဆိုပါက စေပၚေငြ တင္ရမယ္

‌ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၁ ၊ ၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ျပည္ပခရီးသြားလုပ္ငန္း(Outbound Tours) ကုမၸဏီတည္ေထာင္မယ္ဆိုရင္ စေပၚေငြ(Deposit) က်ပ္သိန္း ၁၀၀ တင္သြင္းရမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္ ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေနာ္ပန္းသၪၨာမ်ိဳးက ေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး ေဒသဆိုင္ရာခရီးသြားလုပ္ငန္းေကာ္မတီအစည္းအေဝးကို ဒီေန႔မြန္းလြဲပိုင္းက တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံးမွာ က်င္းပခဲ့ၿပီး အစည္းအေဝးအၿပီး မီဒီယာနဲ႔ေတြ႕ဆုံရာမွာ ဝန္ႀကီးေနာ္ပန္းသၪၨာမ်ိဳးက ေျပာတာပါ။

“အဓိကရည္႐ြယ္ခ်က္ကေတာ့ Outbound Tours ေတြက တစ္ဖက္ႏိုင္ငံကို ဧည့္သည္ပို႔တယ္၊ ဟိုဘက္ႏိုင္ငံမွာ ျပႆနာရွိခဲ့တာမ်ိဳး ရွိတယ္၊ တခ်ိဳ႕ၾကေတာ့ ဟိုဘက္ႏိုင္ငံမွာ Travel Agent အျဖစ္ ဒီမွာလိုင္စင္ယူၿပီး လူေတြကို သြားလိုက္တယ္၊ ဟိုဘက္ႏိုင္ငံေရာက္ေတာ့ အလုပ္လုပ္ဖို႔ ျဖစ္သြားတယ္၊ ဒါမ်ိဳးေတြ ရွိလာတယ္၊ ဥပေဒကို လက္တလုံးျခား လုပ္တဲ့ကိစၥေတြ ရွိလာတဲ့အခါၾကေတာ့ ကြၽန္မတို႔က ေသေသခ်ာခ်ာ စနစ္တက်နဲ႔ Standard တစ္ခုျဖစ္လာေအာင္ Outbound Tours ေတြကို Deposit တင္ဖို႔ ကိစၥေတြကို စတင္ေဆာင္႐ြက္တာ ျဖစ္ပါတယ္” လို႔ ဝန္ႀကီးက ေျပာပါတယ္။

Deposit(စေပၚေငြ) တင္ရတာ ျမန္မာတစ္ႏိုင္ငံတည္းမဟုတ္ဘဲ တျခားအိမ္နီးခ်င္းႏိုင္ငံေတြမွာလည္းရွိတယ္လို႔ ဝန္ႀကီးက ေျပာပါတယ္။

Deposit (စေပၚေငြ) တင္‌ဖို႔ သိန္း ၅၀၀ က်ပ္အထိ စဥ္းစားေဆြးေႏြးခဲ့ၾကေပမယ့္ ကုမၸဏီအေသးေလးေတြ ထိခိုက္နစ္နာမွာစိုးတဲ့အတြက္ က်ပ္သိန္း ၁၀၀ သာသတ္မွတ္ဖို႔ ဆုံးျဖတ္လိုက္တာလို႔ ဝန္ႀကီးက ေျပာပါတယ္။

“ဒီပမာဏ သိန္း ၁၀၀ ေတာင္ Deposit မတင္ႏိုင္တဲ့ ကုမၸဏီတစ္ခုက package တစ္ခုကိုပဲ ၾကည့္လိုက္၊ လူတစ္ေယာက္ကို သိန္း ၂၀ ေလာက္ ရွိေနၿပီ၊ သူ ၁၀ ေယာက္၊ ၁၅ ေယာက္ေလာက္ ႏိုင္ငံျခားကို ပို႔မယ္၊ သိန္း ၁၀၀ ေတာင္ သူအာမမခံထားႏိုင္ဘူးဆိုရင္ အဲဒီမွာ အလိမ္ခံရမယ့္ ကြၽန္မတို႔ ျပည္သူေတြအတြက္ေရာ၊ ျပႆနာတစ္ခုခုျဖစ္လို႔ တာဝန္ခံၿပီး ေျဖရွင္းရမယ့္ ကြၽန္မတို႔အစိုးရေရာ ဒီ Deposit တစ္ခုေလာက္ကေတာ့ ရွိသင့္တယ္ဆိုၿပီး ကြၽန္မတို႔ ဆုံးျဖတ္တာပါ”လို႔ ဝန္ႀကီးက ေျပာပါတယ္။

ျပည္ပခရီးသြားလုပ္ငန္း(Outbound Tours)ကုမၸဏီ‌ေတြဘက္က ဒီဆုံးျဖတ္ခ်က္ကို လက္ခံေပမယ့္ လိုင္စင္မရွိဘဲ လုပ္ေဆာင္ေနတဲ့ ခရီးသြားလုပ္ငန္းေတြကို ထိန္းေက်ာင္းေပးဖို႔ ေတာင္းဆိုလာတဲ့အတြက္ ေကာ္မတီဖြဲ႕စည္းၿပီး ဥပေဒအတိုင္း တိတိက်က် အေရးယူေဆာင္႐ြက္သြားမယ္လို႔ ဝန္ႀကီးက ေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး ေဒသဆိုင္ရာခရီးသြားလုပ္ငန္းေကာ္မတီ စတင္ဖြဲ႕စည္းၿပီး စတင္ေဆာင္႐ြက္တဲ့ အစည္းအေဝးအမွန္စဥ္ (၁/၂၀၁၉)မွ (၆/၂၀၁၉)အထိ ေကာ္မတီအေနနဲ႔ ဟိုတယ္လုပ္ငန္းလိုင္စင္(၄၂)ခု ၊ တည္းခိုရိပ္သာလုပ္ငန္းလိုင္စင္(၁၄)ခု ၊ စုစုေပါင္းအခန္း (၂၆၃၉)၊ ဟိုတယ္တည္ေဆာက္ခြင့္ (၂၀)လုံး၊ တည္းခိုရိပ္သာတည္ေဆာက္ခြင့္(၃)လုံး၊ ခရီးလွည့္လည္ေရး လုပ္ငန္းလိုင္စင္ (ျပည္တြင္း/ျပည္ဝင္) (၃၅၆)ခု ၊ ခရီးလွည့္လည္ေရးလုပ္ငန္းလိုင္စင္(ျပည္ပ) (၁၂၁)ခု ၊ ဧည့္လမ္းၫႊန္လုပ္ငန္းလိုင္စင္(၂၁၈)ခု တို႔ကို အတည္ျပဳခြင့္ျပဳေပးခဲ့တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #Outbound Tours ကုမၸဏီ

Related posts

Leave a Comment

VOM News

FREE
VIEW