ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ညွှန်ကြားချက် မလိုက်နာသူတွေကို ဒါဏ်ရိုက်၊ ထောင်ချတော့မယ်

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ညွှန်ကြားချက် မလိုက်နာသူတွေကို ဒါဏ်ရိုက်၊ ထောင်ချတော့မယ်

ဘန်ကောက်၊ မတ်-၁-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းအစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ကို အန္တရာယ်ရှိတဲ့ ကူးစက်ရောဂါအဖြစ် ဖေဖော်ဝါရီ ၂၉ ရက်မှာ သတ်မှတ်ကြေညာလိုက်သည်။

ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့အတွက် ပိုမိုတင်းကြပ်တဲ့ အကောင်အထည်ဖော်မှုတွေကို မတ် ၁ ရက်ကနေစပြီး အင်ပြည့်အားပြည့်ဆောင်ရွက်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရန်ပျက်ကွက်သူတွေနဲ့ ခရီးသွားလာခဲ့တာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်ပေဖို့ ပျက်ကွက်သူတွေကို ဒါဏ်ငွေသို့မဟုတ် ထောင်ဒါဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။

ကျန်းမာရေးအခြေအနေ ဘယ်လိုပင်ရှိရှိ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှ ပြန်လာသူတွေကို မိမိကိုယ်တိုင် ၁၄ ရက်သီးခြားနေထိုင်ကြဖို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပြီးဖြစ်ပါတယ်။

အစိုးရက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဟာ အန္တရာယ်ရှိတဲ့ နိုင်ငံတွေနဲ့ ဒေသတွေကနေ ပြန်လာသူတွေကို ၁၄ရက်ကြာ သီးခြားနေထိုင်ဖို့ ဝန်ကြီးဌာနရဲ့သတ်မှတ်ချက်ကို အထောက်အကူပြုဖွယ်ရှိပါတယ်။

နောက်ပိုင်းမှာတော့ ဗိုင်းရပ်စ်အန္တရာယ်ရှိတဲ့ နိုင်ငံနဲ့ နယ်မြေတွေကို သတ်မှတ်ပေးသွားမှာဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

Ref : NHK
Photo: AFP
#voiceofmyanmar #VOM #ထိုင်း #ကိုရိုနာဗိုင်းရပ်စ်

 

ထိုင္းနိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ညႊန္ၾကားခ်က္ မလိုက္နာသူေတြကို ဒါဏ္ရိုက္၊ ေထာင္ခ်ေတာ႔မယ္

ဘန္ေကာက္၊ မတ္-၁-၂၀၂၀
မ်ိဳးဆက္ (VOM)

ထိုင္းအစိုးရဟာ ကိုရိုနာဗိုင္းရပ္စ္ကို အႏၱရာယ္ရိွတဲ႔ ကူးစက္ေရာဂါအျဖစ္ ေဖေဖာ္၀ါရီ ၂၉ ရက္မွာ သတ္မွတ္ေၾကညာလိုက္သည္။

ဗိုင္းရပ္ကူးစက္ပ်ံ႕နွံ႕မႈကို တားဆီးဖို႔အတြက္ ပိုမိုတင္းၾကပ္တဲ႔ အေကာင္အထည္ေဖာ္မႈေတြကို မတ္ ၁ ရက္ကေနစျပီး အင္ျပည္႔အားျပည္႔ေဆာင္ရြက္သြားမယ္လို႔ ထိုင္းအစိုးရက ေျပာပါတယ္။

ကိုရိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ျပီး က်န္းမာေရးအာဏာပိုင္ေတြရဲ႕ ညႊန္ၾကားခ်က္ေတြကို လိုက္နာရန္ပ်က္ကြက္သူေတြနဲ႔႔ ခရီးသြားလာခ႔ဲတာေတြနဲ႔ ပတ္သက္တဲ႔ အခ်က္အလက္ေပဖို႔ ပ်က္ကြက္သူေတြကို ဒါဏ္ေငြသို႔မဟုတ္ ေထာင္ဒါဏ္ခ်မွတ္ခံရမွာျဖစ္ပါတယ္။

က်န္းမာေရးအေျခအေန ဘယ္လိုပင္ရိွရိွ တရုတ္၊ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္နိုင္ငံတို႔မွ ျပန္လာသူေတြကို မိမိကိုယ္တိုင္ ၁၄ ရက္သီးျခားေနထိုင္ၾကဖို႔ ထိုင္းက်န္းမာေရး၀န္ၾကီးဌာနက တိုက္တြန္းထားျပီးျဖစ္ပါတယ္။

အစိုးရက ထုတ္ျပန္လိုက္တဲ႔ ေၾကညာခ်က္ဟာ အႏၱရာယ္ရိွတဲ႔ နုိ္င္ငံေတြနဲ႔ ေဒသေတြကေန ျပန္လာသူေတြကို ၁၄ရက္ၾကာ သီးျခားေနထိုင္ဖို႔ ၀န္ၾကီးဌာနရဲ႕သတ္မွတ္ခ်က္ကို အေထာက္အကူျပဳဖြယ္ရိွပါတယ္။

ေနာက္ပိုင္းမွာေတာ႔ ဗိုင္းရပ္စ္အႏၱရာယ္ရိွတဲ႔ နိုင္ငံနဲ႔ နယ္ေျမေတြကို သတ္မွတ္ေပးသြားမွာျဖစ္ေၾကာင္း ထိုင္းအာဏာပိုင္ေတြက ေျပာပါတယ္။

Ref : NHK
Photo: AFP
#voiceofmyanmar #VOM #ထိုင္း #ကိုရိုနာဗိုင္းရပ္စ္

Related posts

Leave a Comment

VOM News

FREE
VIEW