ဝါယာကြိုးအပူလွန်ကဲရာက မီးလောင်မှုဖြစ်ပွားလို့ နေအိမ်(၁၁)လုံး မီးလောင်

ဝါယာကြိုးအပူလွန်ကဲရာက မီးလောင်မှုဖြစ်ပွားလို့ နေအိမ်(၁၁)လုံး မီးလောင်

မန္တလေး၊ ‌မတ် ၁-၂၀၂၀
လင်းခိုင်(VOM)

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်၊ တောင်ရွာသစ်ရပ်ကွက်၊ အကွက် (၈၆၀)ရှိ နေအိမ်တစ်အိမ်အတွင်း ဘုရာစင်မှာသွယ်တန်းထားတဲ့ ဝါယာကြိုးအပူလွန်ကဲပြီး မီးလောင်ခဲ့တဲ့ဖြစ်စဉ် ဒီကနေ့နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီမီးလောင်မှုကြောင့် ဘေးပတ်ဝန်းကျင်က လူနေအိမ်(၁၁)လုံး နဲ့ တန်ဖိုးငွေ (၆၅)သိန်းကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

အဲ့ဒီ‌မီးလောင်မှုကို မီးသတ်တပ်ဖွဲ့က မီးလောင်မှုအဆင့် Level-3၊ မီးငြိမ်းသတ်ယာဉ် နဲ့ရေသယ်ယာဉ်အစီး၅၀တို့နဲ့မီးငြိမ်းသတ်ခဲ့ကြပါတယ်။

မီးစလောင်ခဲ့တဲ့ နေအိမ်မှာ အိမ်ဌားနေထိုင်သူ အမျိုးသမီးကို ချမ်းမြသာစည်မြို့နယ်၊အမှတ်(၁၁)ရဲစခန်းမှ ပ-၉၂/၂၀၂၀၊ မီးပေါဆစွာသုံးစွဲမှု ပုဒ်မ-၂၈၅နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ချမ်းမြသာစည် #မီးလောင်မှု

Zawgyi


မန္တလေး၊ ‌မတ် ၁-၂၀၂၀
လင်းခိုင်(VOM)






Related posts

Leave a Comment

VOM News

FREE
VIEW