ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းကစက်ရုံတွေပိတ်တာကို အစိုးရအနေနဲ့ဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆို

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းကစက်ရုံတွေပိတ်တာကို အစိုးရအနေနဲ့ဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆို

မန္တလေး၊ မတ် ၈-၂၀၂၀
ဖြူဖြူ(VOM)

တရုတ်နိုင်ငံကနေ စတင်ဖြစ်ပေါ်လာတဲ့ COVID 19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းက စက်ရုံ၊အလုပ်ရုံတချို့ပိတ်သိမ်းတာနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ဖြေရှင်းပေးဖို့အတွက် ရာနဲ့ချီတဲ့အလုပ်သမားတွေစုပေါင်းကာ ဒီကနေ့မနက်ပိုင်းက မန္တလေးမြို့မှာဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

စက်ရုံတွေပိတ်သိမ်းလိုက်တဲ့အတွက် အလုပ်သမားတွေအဟာ အခက်အခဲတွေကြုံရနိုင်တဲ့အတွက် အစိုးရအနေနဲ့ စိစစ်ဆောင်ရွက်ပေးဖို့နဲ့ ကူညီဖြေရှင်းပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

“ဒီလိုတွေ ပိတ်တဲ့အတွက် အလုပ်ရှင်လည်းနစ်နာသလို ကျနော်တို့ အလုပ်သမားတွေလည်း နစ်နာပါတယ်။ အဓိကကတော့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်သွားတယ်။ဒီအလုပ်သမားတွေ အနေနဲ့ အလုပ်အကိုင်အာမခံချက်မရှိသလိုဖြစ်နေတယ်။”လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကပြောပါတယ်။

လက်ရှိကုန်ဈေးနှုန်းနဲ့ မီတာခနှုန်းထားတွေမြင့်လာပေမယ့် အနည်းဆုံးလုပ်ခလစာက ၄၈၀၀ ကျပ်သာဖြစ်နေသေးတဲ့အတွက် မလုံလောက်တာကြောင့် ဖူလုံတဲ့လုပ်ခလစာဖြစ်ရေး၊ တစ်နှစ်တစ်ကြိမ် သုံးသပ်ပြင်ဆင်ပေးဖို့ကိုလည်း အလုပ်သမားတွေက အဓိကထား တောင်းဆိုခဲ့ကြပါတယ်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်(၁)အတွင်းရှိ ကနောင်ခန်းမမှာကျင်းပမယ့် မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် အထွေထွေညီလာခံဆီကိုချီတက်လမ်းလျှောက်ရင်း ဆန္ဒပြတောင်းဆိုမှုတွေလုပ်ခဲ့ကြတာပါ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စက်ရုံ အလုပ်ရုံတွေပိတ်သိမ်းတာကို စနစ်တကျ စီစစ်ပေးရေး၊ အလုပ်သမား လူမှုဘဝနဲ့ကိုက်ညီတဲ့ လုပ်ခလစာရရှိရေး၊ အနည်းဆုံးလုပ်ခလစာကို တစ်နှစ်တစ်ကြိမ် သုံးသပ်ပြင်ဆင်ပေးရေး၊ အလုပ်သမားတရားရုံးတွေ ပေါ်ပေါက်ရေးနဲ့ ဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်ဖြစ်ပေါ်စေရေးစတာတွေကို ကြွေးကြော်တောင်းဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ရန်ကုန်တိုင်း ဧရာဝတီတိုင်းဒေသကြီးတွေက စက်ရုံတချို့ ကုန်ကြမ်းပြတ်တောက်လာတဲ့အတွက် ရပ်ဆိုင်းထားရသလို မန္တလေးမြို့ရှိ ကျောက်စိမ်းအလုပ်ရုံတစ်ခုလည်း ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #အလုပ်သမားတွေ #စက်ရုံတွေပိတ်တဲ့အပေါ် #အစိုးရဖြေရှင်းဖို့ #ဆန္ဒပြ

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ျပည္တြင္းကစက္ရံုေတြပိတ္တာကို အစိုးရအေနနဲ႔ေျဖရွင္းေပးဖို႔ ဆႏၵျပေတာင္းဆို

မႏၲေလး၊ မတ္ ၈-၂၀၂၀
ျဖဴျဖဴ(VOM)

တ႐ုတ္ႏိုင္ငံကေန စတင္ျဖစ္ေပၚလာတဲ့ COVID 19 ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျပည္တြင္းက စက္႐ုံ၊အလုပ္႐ုံတခ်ိဳ႕ပိတ္သိမ္းတာနဲ႔ ပတ္သက္ၿပီး အစိုးရအေနနဲ႔ေျဖရွင္းေပးဖို႔အတြက္ ရာနဲ႔ခ်ီတဲ့အလုပ္သမားေတြစုေပါင္းကာ ဒီကေန႔မနက္ပိုင္းက မႏၲေလးၿမိဳ႕မွာဆႏၵျပ ေတာင္းဆိုခဲ့ပါတယ္။

စက္႐ုံေတြပိတ္သိမ္းလိုက္တဲ့အတြက္ အလုပ္သမားေတြအဟာ အခက္အခဲေတြႀကဳံရႏိုင္တဲ့အတြက္ အစိုးရအေနနဲ႔ စိစစ္ေဆာင္႐ြက္ေပးဖို႔နဲ႔ ကူညီေျဖရွင္းေပးဖို႔ကိုလည္း ေတာင္းဆိုခဲ့ၾကပါတယ္။

“ဒီလိုေတြ ပိတ္တဲ့အတြက္ အလုပ္ရွင္လည္းနစ္နာသလို က်ေနာ္တို႔ အလုပ္သမားေတြလည္း နစ္နာပါတယ္။ အဓိကကေတာ့ အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္သြားတယ္။ဒီအလုပ္သမားေတြ အေနနဲ႔ အလုပ္အကိုင္အာမခံခ်က္မရွိသလိုျဖစ္ေနတယ္။”လို႔ ျမန္မာႏိုင္ငံ စက္မႈလက္မႈနဲ႔ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဦးသက္ႏွင္းေအာင္ကေျပာပါတယ္။

လက္ရွိကုန္ေဈးႏႈန္းနဲ႔ မီတာခႏႈန္းထားေတြျမင့္လာေပမယ့္ အနည္းဆုံးလုပ္ခလစာက ၄၈၀၀ က်ပ္သာျဖစ္ေနေသးတဲ့အတြက္ မလုံေလာက္တာေၾကာင့္ ဖူလုံတဲ့လုပ္ခလစာျဖစ္ေရး၊ တစ္ႏွစ္တစ္ႀကိမ္ သုံးသပ္ျပင္ဆင္ေပးဖို႔ကိုလည္း အလုပ္သမားေတြက အဓိကထား ေတာင္းဆိုခဲ့ၾကပါတယ္။

မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ စက္မႈဇုန္(၁)အတြင္းရွိ ကေနာင္ခန္းမမွာက်င္းပမယ့္ ျမန္မာႏိုင္ငံစက္မႈလက္မႈနဲ႔ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢအဖြဲ႕ခ်ဳပ္ရဲ႕ ဒုတိယအႀကိမ္ အေထြေထြညီလာခံဆီကိုခ်ီတက္လမ္းေလွ်ာက္ရင္း ဆႏၵျပေတာင္းဆိုမႈေတြလုပ္ခဲ့ၾကတာပါ။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စက္႐ုံ အလုပ္႐ုံေတြပိတ္သိမ္းတာကို စနစ္တက် စီစစ္ေပးေရး၊ အလုပ္သမား လူမႈဘဝနဲ႔ကိုက္ညီတဲ့ လုပ္ခလစာရရွိေရး၊ အနည္းဆုံးလုပ္ခလစာကို တစ္ႏွစ္တစ္ႀကိမ္ သုံးသပ္ျပင္ဆင္ေပးေရး၊ အလုပ္သမားတရား႐ုံးေတြ ေပၚေပါက္ေရးနဲ႔ ေဘးအႏၲရာယ္ကင္းၿပီး လုံၿခဳံစိတ္ခ်ရတဲ့ လုပ္ငန္းခြင္ျဖစ္ေပၚေစေရးစတာေတြကို ေႂကြးေၾကာ္ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ရန္ကုန္တိုင္း ဧရာဝတီတိုင္းေဒသႀကီးေတြက စက္႐ုံတခ်ိဳ႕ ကုန္ၾကမ္းျပတ္ေတာက္လာတဲ့အတြက္ ရပ္ဆိုင္းထားရသလို မႏၲေလးၿမိဳ႕ရွိ ေက်ာက္စိမ္းအလုပ္႐ုံတစ္ခုလည္း ရပ္ဆိုင္းထားရတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #အလုပ္သမားေတြ #စက္ရံုေတြပိတ္တဲ့အေပၚ #အစိုးရေျဖရွင္းဖို႔ #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW