ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းမှားတွေကို ဖြန့်ဝေတာမပြုလုပ်ဖို့လို

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းမှားတွေကို ဖြန့်ဝေတာမပြုလုပ်ဖို့လို

မန္တလေး မတ် ၁၃
ဖြူဖြူ (VOM)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေ COVID 19 ရောဂါဖြစ်ပွားပျံ့နှံ့မှုကို ကမ္ဘာ့ကပ်ရောဂါ ( Pandemic) အဖြစ် မတ်လ ၁၁ ရက်က ကြေညာခဲ့ပါတယ်။ အဲဒီနောက် မတ်လ ၁၂ ရက်နေ့လည်က မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ COVID 19 စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ( SRT) နဲ့ သက်ဆိုင်ရာဌာနတွေ တွေ့ဆုံပြီး COVID 19 ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ရုံးမှာ အစည်းအဝေးကျင်းပခဲ့ပါတယ်။

အစည်းအဝေးကနေ SRT အနေနဲ့ ရှေ့ဆက်လုပ်ကိုင်မယ့် လုပ်ငန်းစဉ်တွေ ၊ တိုင်းနဲ့ခရိုင်တွေတိုင်းမှာ SRT Team တွေတိုးမြှင့်ဖွဲ့စည်းပြီး ၂၄ နာရီ တာဝန်ချထားဖို့၊ မြို့နယ် ခရိုင်တွေတိုင်းမှာ စောင့်ကြည့်လူနာတွေအတွက် သီးသန့်ခန်းတွေလုပ်ထားပြီး အဆင့်သင့်ပြင်ထားဖို့၊ အဲဒီ သံသယဖြစ်ဖွယ်လူနာတွေကို ကိုယ့် ခရိုင်၊ တိုင်းဒေသကြီးတွေမှာပဲ ထားရှိစောင့်ကြည့်ဖို့၊ လူစုလူဝေးနဲ့ နေရာတွေမှာ နေထိုင်သူတွေကို အသိပညာပေးလုပ်ငန်းတွေလုပ်ဆောင်ဖို့၊ နိုင်ငံခြားတိုင်းပြည်တွေက ပြန်ရောက်လာသူတွေအနေနဲ့လည်း ကိုယ့်အိမ်မှာကိုယ် ၁၄ ရက် စောင့်ကြည့်နေထိုင်ပြီး ထူးခြားမှုရှိပါက နီးစပ်ရာဆေးခန်းတွေမှာ ပြသဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေကနေ ဆောင်ရွက်ဖို့ တွေကို ဆုံးဖြတ်ချမှတ်ခဲ့ပါတယ်။

အများပြည်သူအနေနဲ့ အလွန်အမင်း စိုးရိမ်ထိတ်လန့်မှုမဖြစ်ဘဲ WHO လမ်းညွှန်မှုအတိုင်း တုန့်ပြန်ဆောင်ရွက်ဖို့နဲ့ သတင်းအမှားတွေကို အလွယ်တကူမယုံကြဘဲ သက်ဆိုင်ရာကို အတည်ပြုပြီးမှယုံကြည်ကြဖို့အပြင် သတင်းအမှားတွေကို ပြန်လည် ဖြန့်ဝေတာ မလုပ်ကြဖို့ကိုလည်း ဦးဇာနည်အောင်က တိုက်တွန်းပြောဆိုပါတယ်။
သကြန်ကာလ ရပ်နားဖို့ ရှိမရှိဆိုတာကတော့ ပြည်ထောင်စု အစိုးရရဲ့ လမ်းညွှန်မှုအတိုင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကူးစက်ပြန့်နှံံံ့မှုတွေမဖြစ်အောင် တားဆီးတဲ့အနေနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို စောင့်ကြည့်ဖို့နဲ့ မန္တလေးမြို့မှာရှိတဲ့ အမျိုးသားဓါတ်ခွဲခန်းကို COVID 19 စမ်းသပ်စစ်ဆေးနိုင်တဲ့ ဓါတ်ခွဲခန်းဖြစ်ရေးပြည်ထောင်စုအစိုးရကို ညှိနှိုင်းတင်ပြဖို့အပါအဝင် ဆက်လက်လုပ်ဆောင်မယ့် ကိစ္စတွေကို မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က အခုလို ပြောပါတယ်။

#voiceofmyanmar #မန္တလေး #coronavirus #ကိုရိုနာ #VOM

Zawgyi

ကိုရိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့ သတင္းမွားေတြကို ျဖန္႔ေဝတာမျပဳလုပ္ဖို႔လုိ

မႏၲေလး မတ္ ၁၃
ျဖဴျဖဴ (VOM)

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကေန COVID 19 ေရာဂါျဖစ္ပြားပ်ံ႕ႏွံ႔မႈကို ကမာၻ႔ကပ္ေရာဂါ ( Pandemic) အျဖစ္ မတ္လ ၁၁ ရက္က ေၾကညာခဲ့ပါတယ္။ အဲဒီေနာက္ မတ္လ ၁၂ ရက္ေန႔လည္က မႏၲေလးတိုင္းအစိုးရအဖြဲ႕နဲ႔ COVID 19 ေစာင့္ၾကည့္ စစ္ေဆးကုသေရး ႀကီးၾကပ္မႈေကာ္မတီ ( SRT) နဲ႔ သက္ဆိုင္ရာဌာနေတြ ေတြ႕ဆုံၿပီး COVID 19 ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး တိုင္းအစိုးရအဖြဲ႕႐ုံးမွာ အစည္းအေဝးက်င္းပခဲ့ပါတယ္။

အစည္းအေဝးကေန SRT အေနနဲ႔ ေရွ႕ဆက္လုပ္ကိုင္မယ့္ လုပ္ငန္းစဥ္ေတြ ၊ တိုင္းနဲ႔ခ႐ိုင္ေတြတိုင္းမွာ SRT Team ေတြတိုးျမႇင့္ဖြဲ႕စည္းၿပီး ၂၄ နာရီ တာဝန္ခ်ထားဖို႔၊ ၿမိဳ႕နယ္ ခ႐ိုင္ေတြတိုင္းမွာ ေစာင့္ၾကည့္လူနာေတြအတြက္ သီးသန႔္ခန္းေတြလုပ္ထားၿပီး အဆင့္သင့္ျပင္ထားဖို႔၊ အဲဒီ သံသယျဖစ္ဖြယ္လူနာေတြကို ကိုယ့္ ခ႐ိုင္၊ တိုင္းေဒသႀကီးေတြမွာပဲ ထားရွိေစာင့္ၾကည့္ဖို႔၊ လူစုလူေဝးနဲ႔ ေနရာေတြမွာ ေနထိုင္သူေတြကို အသိပညာေပးလုပ္ငန္းေတြလုပ္ေဆာင္ဖို႔၊ ႏိုင္ငံျခားတိုင္းျပည္ေတြက ျပန္ေရာက္လာသူေတြအေနနဲ႔လည္း ကိုယ့္အိမ္မွာကိုယ္ ၁၄ ရက္ ေစာင့္ၾကည့္ေနထိုင္ၿပီး ထူးျခားမႈရွိပါက နီးစပ္ရာေဆးခန္းေတြမွာ ျပသဖို႔ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနေတြကေန ေဆာင္႐ြက္ဖို႔ ေတြကို ဆုံးျဖတ္ခ်မွတ္ခဲ့ပါတယ္။

အမ်ားျပည္သူအေနနဲ႔ အလြန္အမင္း စိုးရိမ္ထိတ္လန႔္မႈမျဖစ္ဘဲ WHO လမ္းၫႊန္မႈအတိုင္း တုန႔္ျပန္ေဆာင္႐ြက္ဖို႔နဲ႔ သတင္းအမွားေတြကို အလြယ္တကူမယုံၾကဘဲ သက္ဆိုင္ရာကို အတည္ျပဳၿပီးမွယုံၾကည္ၾကဖို႔အျပင္ သတင္းအမွားေတြကို ျပန္လည္ ျဖန႔္ေဝတာ မလုပ္ၾကဖို႔ကိုလည္း ဦးဇာနည္ေအာင္က တိုက္တြန္းေျပာဆိုပါတယ္။
သၾကန္ကာလ ရပ္နားဖို႔ ရွိမရွိဆိုတာကေတာ့ ျပည္ေထာင္စု အစိုးရရဲ႕ လမ္းၫႊန္မႈအတိုင္း လုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ကူးစက္ျပန႔္ႏွံံံ့မႈေတြမျဖစ္ေအာင္ တားဆီးတဲ့အေနနဲ႔ ဆက္သြယ္ေရး လမ္းေၾကာင္းေတြကို ေစာင့္ၾကည့္ဖို႔နဲ႔ မႏၲေလးၿမိဳ႕မွာရွိတဲ့ အမ်ိဳးသားဓါတ္ခြဲခန္းကို COVID 19 စမ္းသပ္စစ္ေဆးႏိုင္တဲ့ ဓါတ္ခြဲခန္းျဖစ္ေရးျပည္ေထာင္စုအစိုးရကို ညႇိႏႈိင္းတင္ျပဖို႔အပါအဝင္ ဆက္လက္လုပ္ေဆာင္မယ့္ ကိစၥေတြကို မႏၲေလးတိုင္း ေခတၱဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္က အခုလို ေျပာပါတယ္။

#voiceofmyanmar #မႏၲေလး #coronavirus #ကို႐ိုနာ #VOM

Related posts

Leave a Comment

VOM News

FREE
VIEW