ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံကို ကိုရိုနာဗိုင်းရက်စ် သတင်းပို့လူနာတစ်ဦးရောက်ရှိ

ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံကို ကိုရိုနာဗိုင်းရက်စ် သတင်းပို့လူနာတစ်ဦးရောက်ရှိ

ဇီးကုန်း မတ် ၁၈-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံမှာ မနေ့မတ်လ ၁၇ရက် ညပိုင်းက ကြို့ပင်ကောက်မြို့ အောင်မြင်မြင့်မိုရ်ပုဂ္ဂလိကဆေးရုံကနေ ကိုရိုနာဗိုင်းရက်စ် သတင်းပို့လူနာတစ်ဦး လာရောက်ကုသမှုခံယူနေတယ်လို့ ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်နိုင်ဦးကပြောပါတယ်။

ဇီးကုန်းမြို့နယ်အတွင်းရှိ ရွာတစ်ရွာက အသက်(၂၇)နှစ်ရှိ အမျိုးသမီးတစ်ဦးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေရာကနေ မတ်လ၉ရက်နေ့က ပြန်လည်ရောက်ရှိလာပြီး ချောင်းဆိုနေတဲ့အတွက် ကြို့ပင်ကောက်မြို့နယ်ရှိ အောင်မြင်မြင့်ရ်အထူးကုဆေးရုံမှာ ရောဂါကုသဖို့ရောက်လာခဲ့တယ်လို့ သိရပါတယ်။

‟ဒီလူနာက ယိုးဒယားကပြန်လာတာ (၁၄)ရက်မပြည့်သေးဘူး၊ ကျန်းမာရေးဌာနကချမှတ်ထားတဲ့ သတင်းပို့ရမယ်ဆိုတာနဲ့ ကိုက်ညီနေလို့ သတင်းပို့ထားပါတယ်။ ကြို့ပင်ကောက်မြို့နယ် ပုဂ္ဂလိကဆေးရုံတစ်ခုကနေ ဒီဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံကို လာတက်တယ်ဆိုတာ ဟုတ်ပါတယ်။ ကျနော်တို့က လောလောဆယ် ကိုဗစ်သံသယလူနာအဖြစ်မသတ်မှတ်သေးဘူး သတင်းပို့လူနာအဆင့်ဘဲရှိပါသေးတယ်၊ ဆေးရုံမှာ သီးသန့်ခန်းနဲ့ထားပါတယ်”လို့ ဇီးကုန်းမြို့နယ် ဆရာဝန်ကြီးဒေါက်တာဇော်နိုင်ဦးကပြောပါတယ်။

မတ်လ ၁၇ရက်ကလည်း ပဲခူးမြို့ အောင်ဆေးရုံကနေ ပဲခူးဆေးရုံကြီးကို လွှဲပြောင်းခဲ့တဲ့ စောင့်ကြည့်လူနာတစ်ဦးရောက်ရှိပြီး စစ်ဆေးခဲ့ရာCOVID-19ရောဂါမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနကနေ ကြေငြာချက်ထုတ်ခဲ့ပါတယ်။

အောင်မြင်မြင့်မိုရ်အထူးကုဆေးရုံမှာ ဆေးကုသမှုခံယူခဲ့တဲ့အတွက် ဆက်သွယ်မေးမြန်းရာမှာတော့ ကိုဗစ် စောင့်ကြည့်လူနာ လာရောက်ကုသတယ်ဆိုတာ မဟုတ်ပါဘူးလို့ငြင်းဆိုခဲ့ပါတယ်။

ပဲခူးတိုင်းအတွင်း ထန်းတပင်မြို့နယ်နဲ့ ရေတာရှည်မြို့နယ်တို့မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်နဲ့ စောင့်ကြည့်ရတဲ့လူနာ သုံးဦးရှိခဲ့ပါတယ်။

#VOM #voiceofmyanmar #ဇီးကုန်း #ကိုရိုနာ #သတင်းပို့လူနာတစ်ဦး

Zawgyi

ဇီးကုန္းၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံကုိ ကို႐ိုနာဗိုင္းရက္စ္ သတင္းပို႔လူနာတစ္ဦးေရာက္ရိွ

ဇီးကုန္း မတ္ ၁၈-၂၀၂၀
မုိးယံ(VOM)

ပဲခူးတိုင္း၊ သာယာဝတီခ႐ိုင္၊ ဇီးကုန္းၿမိဳ႕နယ္ျပည္သူ႔ေဆးရံုမွာ မေန႔မတ္လ ၁၇ရက္ ညပိုင္းက ႀကိဳ႕ပင္ေကာက္ၿမိဳ႕ ေအာင္ျမင္ျမင့္မိုရ္ပုဂၢလိကေဆး႐ုံကေန ကို႐ိုနာဗိုင္းရက္စ္ သတင္းပို႔လူနာတစ္ဦး လာေရာက္ကုသမႈခံယူေနတယ္လို႔ ဇီးကုန္းၿမိဳ႕နယ္ျပည္သူ႔ေဆးရံု ေဆးရံုအုပ္ႀကီး ေဒါက္တာေဇာ္ႏိုင္ဦးကေျပာပါတယ္။

ဇီးကုန္းၿမိဳ႕နယ္အတြင္းရိွ ရြာတစ္ရြာက အသက္(၂၇)ႏွစ္ရွိ အမ်ိဳးသမီးတစ္ဦးဟာ ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕ရိွ အထည္ခ်ဳပ္စက္႐ုံတစ္ခုမွာ အလုပ္လုပ္ကိုင္ေနရာကေန မတ္လ၉ရက္ေန႔က ျပန္လည္ေရာက္ရွိလာၿပီး ေခ်ာင္းဆိုေနတဲ့အတြက္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ရွိ ေအာင္ျမင္ျမင့္ရ္အထူးကုေဆး႐ုံမွာ ေရာဂါကုသဖုိ႔ေရာက္လာခဲ့တယ္လုိ႔ သိရပါတယ္။

‟ဒီလူနာက ယိုးဒယားကျပန္လာတာ (၁၄)ရက္မျပည့္ေသးဘူး၊ က်န္းမာေရးဌာနကခ်မွတ္ထားတဲ့ သတင္းပို႔ရမယ္ဆိုတာနဲ႔ ကိုက္ညီေနလို႔ သတင္းပို႔ထားပါတယ္။ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ ပုဂၢလိကေဆး႐ုံတစ္ခုကေန ဒီဇီးကုန္းၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံကို လာတက္တယ္ဆိုတာ ဟုတ္ပါတယ္။ က်ေနာ္တို႔က ေလာေလာဆယ္ ကိုဗစ္သံသယလူနာအျဖစ္မသတ္မွတ္ေသးဘူး သတင္းပို႔လူနာအဆင့္ဘဲရွိပါေသးတယ္၊ ေဆး႐ုံမွာ သီးသန႔္ခန္းနဲ႔ထားပါတယ္”လို႔ ဇီးကုန္းၿမိဳ႕နယ္ ဆရာဝန္ႀကီးေဒါက္တာေဇာ္ႏိုင္ဦးကေျပာပါတယ္။

မတ္လ ၁၇ရက္ကလည္း ပဲခူးၿမိဳ႕ ေအာင္ေဆး႐ုံကေန ပဲခူးေဆး႐ုံႀကီးကို လႊဲေျပာင္းခဲ့တဲ့ ေစာင့္ၾကည့္လူနာတစ္ဦးေရာက္ရွိၿပီး စစ္ေဆးခဲ့ရာCOVID-19ေရာဂါမရွိဘူးလို႔ က်န္းမာေရးဝန္ႀကီးဌာနကေန ေၾကျငာခ်က္ထုတ္ခဲ့ပါတယ္။

ေအာင္ျမင္ျမင့္မိုရ္အထူးကုေဆး႐ုံမွာ ေဆးကုသမႈခံယူခဲ့တဲ့အတြက္ ဆက္သြယ္ေမးျမန္းရာမွာေတာ့ ကိုဗစ္ ေစာင့္ၾကည့္လူနာ လာေရာက္ကုသတယ္ဆိုတာ မဟုတ္ပါဘူးလို႔ျငင္းဆိုခဲ့ပါတယ္။

ပဲခူးတိုင္းအတြင္း ထန္းတပင္ၿမိဳ႕နယ္နဲ႔ ေရတာရွည္ၿမိဳ႕နယ္တို႔မွာလည္း ၿပီးခဲ့တဲ့ရက္ပိုင္းက ကိုရိုနာဗုိင္းရပ္စ္နဲ႔ ေစာင့္ၾကည့္ရတဲ့လူနာ သုံးဦးရွိခဲ့ပါတယ္။

#VOM #voiceofmyanmar #ဇီးကုန္း #ကိုရိုနာ #သတင္းပို႔လူနာတစ္ဦး

Related posts

Leave a Comment

VOM News

FREE
VIEW