မြသိန်းတန်စေတီတော်ရှေ့က ဈေးဆိုင်ခန်းများ ဖယ်ရှားမယ့်အပေါ် ဆိုင်ခန်းပိုင်ရှင်များ လက်မခံ

မြသိန်းတန်စေတီတော်ရှေ့က ဈေးဆိုင်ခန်းများ ဖယ်ရှားမယ့်အပေါ် ဆိုင်ခန်းပိုင်ရှင်များ လက်မခံ

စစ်ကိုင်း၊ မတ် ၁၈-၂၀၂၀
မောင်တာရာ (VOM)

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ သမိုင်းဝင်မြသိန်းတန်စေတီတော်ရှေ့က ဈေးဆိုင်ခန်းတွေ ဖယ်ရှားမယ့်အပေါ် ဈေးဆိုင်ခန်းပိုင်ရှင်တွေက လက်မခံနိုင်ဘူးလို့ပြောပါတယ်။

သမိုင်းဝင်မြသိန်းတန်စေတီတော်ရှေ့က ဈေးဆိုင်ခန်းတွေကို မင်းကွန်းလေးဌာန ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့နဲ့ စစ်ကိုင်းခရိုင်ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီတို့က ဖယ်ရှားရှင်းလင်းပြီး အခြားနေရာကို ပြောင်းရွေ့ချထားပေးဖို့ စီစဉ်နေပြီး အဲဒီနေရာကိုတော့ ကားရပ်နားကွင်းလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မြသိန်းတန်စေတီတော်ရှေ့က ဈေးဆိုင်ခန်းတွေ နေရာပြောင်းရွေ့ချထားရေးနဲ့ပတ်သက်ပြီး ဒီကနေ့နေ့လယ်ပိုင်း ဖောင်တော်သီကျောင်းတိုက်မှာ မင်းကွန်းလေးဌာန ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဆရာတော်တွေ၊ စစ်ကိုင်းခရိုင် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီက တာဝန်ရှိသူတွေနဲ့ ဈေးဆိုင်ခန်းပိုင်ရှင်တွေ တွေ့ဆုံညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #မြသိန်းတန်စေတီ #ဈေးဆိုင်ခန်းတွေဖယ်ရှားမယ်

Zawgyi

ျမသိန္းတန္ေစတီေတာ္ေရွ႕က ေစ်းဆုိင္ခန္းမ်ား ဖယ္ရွားမယ့္အေပၚ ဆုိင္ခန္းပုိင္ရွင္မ်ား လက္မခံ

စစ္ကုိင္း၊ မတ္ ၁၈-၂၀၂၀
ေမာင္တာရာ (VOM)

စစ္ကုိင္းၿမဳိ႕နယ္၊ မင္းကြန္းေဒသ၊ သမုိင္းဝင္ျမသိန္းတန္ေစတီေတာ္ေရွ႕က ေစ်းဆုိင္ခန္းေတြ ဖယ္ရွားမယ့္အေပၚ ေစ်းဆုိင္ခန္းပုိင္ရွင္ေတြက လက္မခံႏုိင္ဘူးလုိ႔ေျပာပါတယ္။

သမုိင္းဝင္ၿမသိန္းတန္ေစတီေတာ္ေရွ႕က ေစ်းဆုိင္ခန္းေတြကုိ မင္းကြန္းေလးဌာန ထိန္းသိမ္းေစာင့္ ေရွာက္ေရးအဖဲြ႕နဲဲ႕ စစ္ကုိင္းခရုိင္ေဒသဆုိင္ရာထိန္းသိမ္းေရးေကာ္မတီတုိ႔က ဖယ္ရွားရွင္းလင္းၿပီး အျခားေနရာကုိ ေၿပာင္းေရြ႕ခ်ထားေပးဖို႔ စီစဥ္ေနၿပီး အဲဒီေနရာကုိေတာ့ ကားရပ္နားကြင္းလုပ္ဖို႔ စီစဥ္ထားတယ္လုိ႔ သိရပါတယ္။

ျမသိန္းတန္ေစတီေတာ္ေရွ႕က ေစ်းဆုိင္ခန္းေတြ ေနရာေၿပာင္းေရြ႕ခ်ထားေရးနဲ႔ပတ္သက္ၿပီး ဒီကေန႕ေန႔လယ္ပုိင္း ေဖာင္ေတာ္သီေက်ာင္းတုိက္မွာ မင္းကြန္းေလးဌာန ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖဲြ႕ ဆရာေတာ္ေတြ၊ စစ္ကုိင္းခရုိင္ ေဒသဆုိင္ရာ ထိန္းသိမ္းေရးေကာ္မတီက တာဝန္ရွိသူေတြနဲ႕ ေစ်းဆုိင္ခန္းပုိင္ရွင္ေတြ ေတြ႔ဆုံညွိႏႈိင္း အစည္းအေဝးျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #စစ္ကိုင္း #ျမသိန္းတန္ေစတီ #ေစ်းဆိုင္ခန္းေတြဖယ္ရွားမယ္

Related posts

Leave a Comment

VOM News

FREE
VIEW