တရုတ်နိုင်ငံမှာ Avigan အဖျားပျောက်ဆေးနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကုသတော့မယ်

တရုတ်နိုင်ငံမှာ Avigan အဖျားပျောက်ဆေးနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကုသတော့မယ်

ပေကျင်း၊ မတ်-၁၉-၂၀၂၀
မျိုးဆက် (VOM)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို ကုသရာမှာ ဂျပန်နိုင်ငံကထုတ်လုပ်ထားတဲ့ အဖျားပျောက်ဆေး Avigan ကိုအသုံးပြုဖို့ တရားဝင်ဆုံးဖြတ်လိုက်ပြီလို့ တရုတ်အစိုးရကပြောပါတယ်။

တရုတ်နိုင်ငံက ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းနှစ်ခုဟာ အဲဒီဆေးကိုအသုံးပြုပြီး လက်တွေ့စမ်းသပ်ကုသမှုတွေ လုပ်ဆောင်ရာမှာ ထိရောက်မှုရှိခဲ့တယ်လို့ တရုတ်နိုင်ငံ ဇီဝနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားဌာနရဲ့ ညွှန်ကြားရေးမှူး ဇန်စီမင်းက ပေကျင်းမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲဒီဆေးကို ဝူဟန်နဲ့ ရှန်ကျန်းမြို့တွေမှာ စမ်းသပ်ကုသမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး Avigan ဆေးမသောက်တဲ့လူနာတွေဟာ အပူချိန်ကျဖို့အတွက် လေးရက်ကျော်ကြာအချိန်ယူရပြီး ဆေးသောက်သူတွေကတော့ နှစ်ရက်ခွဲလောက်မှာ အပူချိန်ပုံမှန်ပြန်ဖြစ်လာတယ်လို့ ဝူဟန်မှာ စမ်းသပ်ခဲ့တဲ့ရလဒ်ကို ဇန်စီမင်းက ပြောပါတယ်။ အဲဒီဆေးနဲ့ကုသမှုပြုရာမှာ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူးလို့ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာကို စစ်ဆေးတွေ့ရှိပြီးနောက် Avigan ဆေးသောက်သုံးသူတွေဟာ လေးရက်အကြာမှာ ဗိုင်းရပ်စ်ကူးစက်မှုမရှိတော့ပဲ အဲဒီဆေးမသောက်သူတွေကတော့ ၁၁ ရက်လောက်အကြာမှသာ သက်သာလာတယ်လို့ပြောပါတယ်။

Aviganဆေးနဲ့ကုသူပေးခဲ့သူ လူနာ ၉၁ ရာခိုင်နှုန်းရဲ့ အဆုတ်အခြေအနေဟာ ဓါတ်မှန်စစ်ဆေးမှု ရလဒ်တွေအရ တိုးတက်ကောင်းမွန်ပြီး ဆေးမသောက်သူတွေထက် (၆၂)ရာခိုင်နှုန်း ပိုမိုကောင်းမွန်လာတယ်လို့ သိရပါတယ်။

Ref : NHK Photo: AFP
#VOM #voiceofmyanmar #ပေကျင်း #ဂျပန်အဖျားပျောက်ဆေး #ကိုရိုနာဗိုင်းရပ်စ် #ကုသမယ်

Zawgyi

တရုတ္နိုင္ငံမွာ Avigan အဖ်ားေပ်ာက္ေဆးနဲ႔ ကိုရိုနာဗိုင္းရပ္စ္ကို ကုသေတာ႔မယ္

ေပက်င္း၊ မတ္-၁၉-၂၀၂၀
မ်ိဳးဆက္ (VOM)

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူေတြကို ကုသရာမွာ ဂ်ပန္နုိင္ငံကထုတ္လုပ္ထားတဲ႔ အဖ်ားေပ်ာက္ေဆး Avigan ကိုအသံုးျပဳဖို႔ တရား၀င္ဆံုးျဖတ္လိုက္ျပီလို႔ တရုတ္အစိုးရကေျပာပါတယ္။

တရုတ္နုိင္ငံက ေဆးဘက္ဆုိင္ရာအဖြဲ႔အစည္းနွစ္ခုဟာ အဲဒီေဆးကိုအသံုးျပဳျပီး လက္ေတြ႔စမ္းသပ္ကုသမႈေတြ လုပ္ေဆာင္ရာမွာ ထိေရာက္မႈရိွခဲ႔တယ္လို႔ တရုတ္နုိင္ငံ ဇီ၀နည္းပညာဖြြ႔ံျဖိဳးတိုးတက္ေရးဆိုင္ရာ အမ်ိဳးသားဌာနရဲ႕ ညႊန္ၾကားေရးမွဴး ဇန္စီမင္းက ေပက်င္းမွာ လုပ္တဲ႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

အဲဒီေဆးကို ၀ူဟန္နဲ႔ ရွန္က်န္းျမိဳ႕ေတြမွာ စမ္းသပ္ကုသမႈေတြ လုပ္ေဆာင္ခဲ႔တာျဖစ္ျပီး Avigan ေဆးမေသာက္တဲ႔လူနာေတြဟာ အပူခ်ိန္က်ဖို႔အတြက္ ေလးရက္ေက်ာ္ၾကာအခ်ိန္ယူရျပီး ေဆးေသာက္သူေတြကေတာ႔ နွစ္ရက္ခြဲေလာက္မွာ အပူခ်ိန္ပံုမွန္ျပန္ျဖစ္လာတယ္လို႔ ၀ူဟန္မွာ စမ္းသပ္ခဲ႔တဲ႔ရလဒ္ကို ဇန္စီမင္းက ေျပာပါတယ္။ အဲဒီေဆးနဲ႔ကုသမႈျပဳရာမွာ ေဘးထြက္ဆိုးက်ိဳးလည္း မရိွဘူးလို႔ေျပာပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရတာကုိ စစ္ေဆးေတြ႔ရိွျပီးေနာက္ Avigan ေဆးေသာက္သံုးသူေတြဟာ ေလးရက္အၾကာမွာ ဗိုင္းရပ္စ္ကူးစက္မႈမရိွေတာ႔ပဲ အဲဒီေဆးမေသာက္သူေတြကေတာ႔ ၁၁ ရက္ေလာက္အၾကာမွသာ သက္သာလာတယ္လို႔ေျပာပါတယ္။

Aviganေဆးနဲ႔ကုသူေပးခဲ႔သူ လူနာ ၉၁ ရာခိုင္နႈန္းရဲ႕ အဆုတ္အေျခအေနဟာ ဓါတ္မွန္စစ္ေဆးမႈ ရလဒ္ေတြအရ တိုးတက္ေကာင္းမြန္ျပီး ေဆးမေသာက္သူေတြထက္ (၆၂)ရာခိုင္နႈန္း ပိုမိုေကာင္းမြန္လာတယ္လို႔ သိရပါတယ္။

Ref : NHK Photo: AFP
#VOM #voiceofmyanmar #ေပက်င္း #ဂ်ပန္အဖ်ားေပ်ာက္ေဆး #ကိုရိုနာဗိုင္းရပ္စ္ #ကုသမယ္

Related posts

Leave a Comment

VOM News

FREE
VIEW