မန္တလေးတိုင်းအစိုးရက ဝက်ဝံကျေးရွာကလူတွေ ကျေနပ်တဲ့အထိရှင်းပြသွားမယ်

မန္တလေးတိုင်းအစိုးရက ဝက်ဝံကျေးရွာကလူတွေ ကျေနပ်တဲ့အထိရှင်းပြသွားမယ်

မန္တလေး၊ မတ် ၁၉-၂၀၂၀
ဖြူဖြူ(VOM)

မူးယစ်ဆေးဝါးနဲ့ တရားမဝင်ပစ္စည်းတွေကို X-ray စက်နဲ့ စစ်ဆေးတဲ့ဂိတ်ကို ဝက်ဝံကျေးရွာအနီးမှာ ထားရှိနိုင်ဖို့အတွက် ဒေသခံတွေသဘောပေါက်လက်ခံတဲ့အထိ ရှင်းလင်းတင်ပြသွားမယ်လို့ မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ်ဦးဇာနည်အောင်ကပြောပါတယ်။

“ပထမထားတဲ့နေရာက ရှောင်ကွင်းလမ်းတွေရှိတယ်။ ဒီ X-ray စက်ကိုရှောင်ပြီးတော့ လုပ်လို့ရတဲ့ position ဖြစ်နေတယ်။ အဲဒီလိုလုပ်လို့မရအောင် အကောင်းဆုံးနေရာကတော့ အဲဒီဝက်ဝံနေရာပဲ။ ဒါကတရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးရှုထောင့်ကနေပြောပါတယ်။”လို့ မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ်ဦးဇာနည်အောင်ကပြောပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ဟာ တစ်ဖက်နိုင်ငံကနေ ပြည်တွင်းကိုဝင်ရောက်လာတဲ့ ဝင်ပေါက်တစ်ခုလည်းဖြစ်ပြီး မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်လက်နက်နဲ့ မှောင်ခိုပစ္စည်းတွေ ဝင်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်တဲ့အတွက် ရှောင်ကွင်းသွားလာလို့မရတဲ့နေရာကနေ ခေတ်မီ X-ray စက်နဲ့ စစ်ဆေးမှုတွေလုပ်ဆောင်မှ တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးကို ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဦးဇာနည်အောင်က ပြောပါတယ်။

ဒါကြောင့် အဲဒီ X-ray စက်နဲ့စစ်ဆေးရေးဂိတ်ကို ဝက်ဝံကျေးရွာဘက်ထားရှိနိုင်ဖို့ ဒေသခံတွေနားလည် လက်ခံအောင် ရှင်းလင်းတင်ပြမှာဖြစ်တဲ့အပြင် ဒေသခံတွေရဲ့ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေ ထိခိုက်နိုင်မှုရှိမရှိကိုလည်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။

လက်ရှိ ပြင်ဦးလွင်မြို့အထွက်မှာ ထားရှိထားတဲ့ X-ray စက်နဲ့ စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့နှစ်က လက်နက်ကိုင်တစ်ချို့ကနေ လာရောက်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

အဲဒီလိုအခြေအနေတွေကြောင့် ဝက်ဝံကျေးရွာဘက်မှာ X-ray စက်နဲ့စစ်ဆေးရေးဂိတ်ထားရှိမယ့်အပေါ် ဒေသခံတွေအနေနဲ့က စိုးရိမ်မှုဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပြည်ဦးလွင်မြို့မှာပြုလုပ်ခဲ့တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပွဲမှာ တင်ပြမှုတွေရှိခဲ့ပါတယ်။

ကျေးရွာမှာ X-ray စက်ထားရှိမှုဟာ ဒေသခံတွေရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တဲ့အတွက် ကန့်ကွက်မှုတွေကိုလည်း မတ်လ ၁၈ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

ဝက်ဝံကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၉ ရွာရှိပြီး လူဦးရေ ၅၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ X-ray စက်ထားရှိမယ့်နေရာနဲ့ အနီးဆုံးဖြစ်တဲ့ ဝက်ဝံဘူတာကျေးရွာမှာတော့ လူဦးရေ ၂၀၀၀ ခန့်ရှိတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ပြင်ဦးလွင် #ဝက်ဝံကျေးရွာ #မန္တလေးတိုင်းအစိုးရ #ဒေသခံတွေလက်ခံအောင် #ရှင်းပြမယ်

Zawgyi

မႏၱေလးတုိုင္းအစိုးရက ဝက္ဝံေက်းရြာကလူေတြ ေက်နပ္တဲ့အထိရွင္းျပသြားမယ္

မႏၲေလး၊ မတ္ ၁၉-၂၀၂၀
ျဖဴျဖဴ(VOM)

မူးယစ္ေဆးဝါးနဲ႔ တရားမဝင္ပစၥည္းေတြကို X-ray စက္နဲ႔ စစ္ေဆးတဲ့ဂိတ္ကို ဝက္ဝံေက်း႐ြာအနီးမွာ ထားရွိႏိုင္ဖို႔အတြက္ ေဒသခံေတြသေဘာေပါက္လက္ခံတဲ့အထိ ရွင္းလင္းတင္ျပသြားမယ္လို႔ မႏၲေလးတိုင္း ေခတၱဝန္ႀကီးခ်ဳပ္ဦးဇာနည္ေအာင္ကေျပာပါတယ္။

“ပထမထားတဲ့ေနရာက ေရွာင္ကြင္းလမ္းေတြရွိတယ္။ ဒီ X-ray စက္ကိုေရွာင္ၿပီးေတာ့ လုပ္လို႔ရတဲ့ position ျဖစ္ေနတယ္။ အဲဒီလိုလုပ္လို႔မရေအာင္ အေကာင္းဆုံးေနရာကေတာ့ အဲဒီဝက္ဝံေနရာပဲ။ ဒါကတရားဥပေဒစိုးမိုးေရးနဲ႔ လုံၿခဳံေရးရႈေထာင့္ကေနေျပာပါတယ္။”လို႔ မႏၲေလးတိုင္း ေခတၱဝန္ႀကီးခ်ဳပ္ဦးဇာနည္ေအာင္ကေျပာပါတယ္။

မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္ဟာ တစ္ဖက္ႏိုင္ငံကေန ျပည္တြင္းကိုဝင္ေရာက္လာတဲ့ ဝင္ေပါက္တစ္ခုလည္းျဖစ္ၿပီး မူးယစ္ေဆးဝါးအပါအဝင္ တရားမဝင္လက္နက္နဲ႔ ေမွာင္ခိုပစၥည္းေတြ ဝင္ႏိုင္တဲ့ ေနရာတစ္ခုလည္း ျဖစ္တဲ့အတြက္ ေရွာင္ကြင္းသြားလာလို႔မရတဲ့ေနရာကေန ေခတ္မီ X-ray စက္နဲ႔ စစ္ေဆးမႈေတြလုပ္ေဆာင္မွ တရားဥပေဒစိုးမိုးေရးနဲ႔လုံၿခဳံေရးကို ေဆာင္႐ြက္ႏိုင္မွာျဖစ္တယ္လို႔ ဦးဇာနည္ေအာင္က ေျပာပါတယ္။

ဒါေၾကာင့္ အဲဒီ X-ray စက္နဲ႔စစ္ေဆးေရးဂိတ္ကို ဝက္ဝံေက်း႐ြာဘက္ထားရွိႏိုင္ဖို႔ ေဒသခံေတြနားလည္ လက္ခံေအာင္ ရွင္းလင္းတင္ျပမွာျဖစ္တဲ့အျပင္ ေဒသခံေတြရဲ႕ က်န္းမာေရး၊ လူမႈေရးကိစၥေတြ ထိခိုက္ႏိုင္မႈရွိမရွိကိုလည္း စစ္ေဆးမႈေတြ လုပ္ေဆာင္ေနၿပီလို႔ သိရပါတယ္။

လက္ရွိ ျပင္ဦးလြင္ၿမိဳ႕အထြက္မွာ ထားရွိထားတဲ့ X-ray စက္နဲ႔ စစ္ေဆးေရးဂိတ္ကို ၿပီးခဲ့တဲ့ႏွစ္က လက္နက္ကိုင္တစ္ခ်ိဳ႕ကေန လာေရာက္ပစ္ခတ္မႈေတြ ရွိခဲ့ပါတယ္။

အဲဒီလိုအေျခအေနေတြေၾကာင့္ ဝက္ဝံေက်း႐ြာဘက္မွာ X-ray စက္နဲ႔စစ္ေဆးေရးဂိတ္ထားရွိမယ့္အေပၚ ေဒသခံေတြအေနနဲ႔က စိုးရိမ္မႈျဖစ္ေပၚေနၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ျပည္ဦးလြင္ၿမိဳ႕မွာျပဳလုပ္ခဲ့တဲ့ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႔ဆုံပြဲမွာ တင္ျပမႈေတြရွိခဲ့ပါတယ္။

ေက်း႐ြာမွာ X-ray စက္ထားရွိမႈဟာ ေဒသခံေတြရဲ႕ အသက္အႏၲရာယ္ကိုပါ ထိခိုက္ႏိုင္တဲ့အတြက္ ကန္႔ကြက္မွဳေတြကိုလည္း မတ္လ ၁၈ ရက္က သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါေသးတယ္။

ဝက္ဝံေက်း႐ြာအုပ္စုမွာ ေက်း႐ြာေပါင္း ၉ ႐ြာရွိၿပီး လူဦးေရ ၅၀၀၀ ခန႔္ရွိတယ္လို႔ သိရပါတယ္။ X-ray စက္ထားရွိမယ့္ေနရာနဲ႔ အနီးဆုံးျဖစ္တဲ့ ဝက္ဝံဘူတာေက်း႐ြာမွာေတာ့ လူဦးေရ ၂၀၀၀ ခန႔္ရွိတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ျပင္ဦးလြင္ #ဝက္ဝံေက်းရြာ #မႏၱေလးတုိင္းအစိုးရ #ေဒသခံေတြလက္ခံေအာင္ #ရွင္းျပမယ္

Related posts

Leave a Comment

VOM News

FREE
VIEW