အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နေ့တည်း လူ ၅၀၀ နီးပါးသေဆုံး

အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နေ့တည်း လူ ၅၀၀ နီးပါးသေဆုံး

ရောမ၊ မတ်-၁၉-၂၀၂၀
မျိုးဆက် (VOM)

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူဦးရေဟာ တစ်နေ့တည်းတွင် ၄၇၅ဦးထိ မြင့်တက်လာပြီး စုစုပေါင်းသေဆုံးသူဦးရေ ၃၀၀၀နီးပါးရှိလာကာ ရောဂါစတင်ဖြစ်ပွါးပြီးနောက်ပိုင်း အများဆုံးသေဆုံးမှုဖြစ်ပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူဦးရေဟာ ၃သောင်း ၆ထောင်နီးပါးရှိပြီး ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသူမှာ ၄၀၀၀ကျော်ရှိပါတယ်။

လွမ်ဘာဒီဟာ ကိုရိုနာဗိုင်းရပ်စ်အဆိုးရွားဆုံးကူးစက်တဲ့ဒေသဖြစ်ပြီး တစ်နေ့တည်းမှာ လူ ၃၁၉ ဦးအထိ သေဆုံးခဲ့ဖူးပါတယ်။

အီတလီနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံပြီးရင် ကမ္ဘာ့အဆိုးဆုံး ရောဂါကူးစက်မှုဖြစ်ပေါ်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူဦးရေ ၈၇၅၈ဦးအထိရှိလာပြီး အများစုကတော့ တရုတ်နိုင်ငံမှဖြစ်ပါတယ်။

ရောဂါကူးစက်ခံထားရသူ ၂သိန်းကျော်ထဲက ၈၀ရာခိုင်နှုန်းဟာ ဥရောပနဲ့ အနောက်ပစိဖိတ် ဒေသတွေကဖြစ်တယ်လို့ အတည်ပြုထားပြီး အဲဒီအထဲမှာ အာရှဒေသကလည်း အမြောက်အမြားပါဝင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Ref : BBC
#VOM #voiceofmyanmar #အီတလီ #ကိုရိုနာ #တစ်နေ့တည်းသေဆုံးသူ #၅၀၀ကျော်ရှိ

Zawgyi

အီတလီမွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင္႔ တစ္ေန႔တည္း လူ ၅၀၀ နီးပါးေသဆံုး

ေရာမ၊ မတ္-၁၉-၂၀၂၀
မ်ိဳးဆက္ (VOM)

အီတလီႏုိင္ငံမွာ ကုိရုိနာဗုိင္းရပ္စ္ေရာဂါေၾကာင့္ ေသဆံုးသူဦးေရဟာ တစ္ေန႔တည္းတြင္ ၄၇၅ဦးထိ ျမင့္တက္လာျပီး စုစုေပါင္းေသဆံုးသူဦးေရ ၃၀၀၀နီးပါးရွိလာကာ ေရာဂါစတင္ျဖစ္ပြါးျပီးေနာက္ပုိင္း အမ်ားဆံုးေသဆံုးမႈျဖစ္ပါတယ္။

လက္ရိွအခ်ိန္ထိ ႏုိင္ငံအတြင္း ေရာဂါကူးစက္ခံရသူဦးေရဟာ ၃ေသာင္း ၆ေထာင္နီးပါးရွိျပီး က်န္းမာေရးအေျခအေန ျပန္လည္ေကာင္းမြန္လာသူမွာ ၄၀၀၀ေက်ာ္ရွိပါတယ္။

လြမ္ဘာဒီဟာ ကုိရုိနာဗုိင္းရပ္စ္အဆုိးရြားဆံုးကူးစက္တဲ႔ေဒသျဖစ္ျပီး တစ္ေန႔တည္းမွာ လူ ၃၁၉ ဦးအထိ ေသဆံုးခဲ႔ဖူးပါတယ္။

အီတလီနိုင္ငံဟာ ျပီးခဲ႔တဲ႔နွစ္ ဒီဇင္ဘာလအတြင္းက ကိုရိုနာဗိုင္းရပ္စ္စတင္ျဖစ္ပြားခဲ႔တဲ႔ တရုတ္ႏိုင္ငံျပီးရင္ ကမၻာ့အဆုိးဆံုး ေရာဂါကူးစက္မႈျဖစ္ေပၚေနတဲ႔ ႏုိင္ငံတစ္နုိင္ငံျဖစ္ပါတယ္။

ကမၻာတစ္၀န္းမွာ လက္ရိွအခ်ိန္ထိ ကုိရုိနာဗုိင္းရပ္စ္ေရာဂါေၾကာင့္ ေသဆံုးသူဦးေရ ၈၇၅၈ဦးအထိရွိလာျပီး အမ်ားစုကေတာ႔ တရုတ္ႏုိင္ငံမွျဖစ္ပါတယ္။

ေရာဂါကူးစက္ခံထားရသူ ၂သိန္းေက်ာ္ထဲက ၈၀ရာခုိင္ႏႈန္းဟာ ဥေရာပနဲ႔ အေနာက္ပစိဖိတ္ ေဒသေတြကျဖစ္တယ္လို႔ အတည္ျပဳထားျပီး အဲဒီအထဲမွာ အာရွေဒသကလည္း အေျမာက္အျမားပါဝင္တယ္လို႔ ကမၻာ့က်န္းမာေရးအဖဲြ႔က ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

Ref : BBC
#VOM #voiceofmyanmar #အီတလီ #ကိုရိုနာ #တစ္ေန႔တည္းေသဆံုးသူ #၅၀၀ေက်ာ္ရိွ

Related posts

Leave a Comment

VOM News

FREE
VIEW