ရသေ့တောင်မြို့မှာ တပ်မတော်သားတစ်ဦးရဲ့သားဖြစ်သူ ပစ်ခတ်ခံရ

ရသေ့တောင်မြို့မှာ တပ်မတော်သားတစ်ဦးရဲ့သားဖြစ်သူ ပစ်ခတ်ခံရ

ရသေ့တောင်၊ မတ် ၂၁- ၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့အခြေစိုက် ခမရ (၅၃၇)က တပ်မတော်သားတစ်ဦးရဲ့သားဖြစ်သူ မနေ့မတ်လ ၂၀ ရက်နေ့ ညနေ ၃ နာရီလောက်က ပစ်ခတ်ခံရတဲ့အတွက် ဒဏ်ရာရရှိသွားတယ်လို့ သတင်းရရှိပါတယ်။

ပစ်ခတ်ခံရသူဟာ အသက် ၁၁ နှစ်အရွယ်ရှိ မောင်အောင်ဆန်းဦးဖြစ်ပြီး ရသေ့တောင်မြို့ ခမရ (၅၃၇) တပ်ရင်းပတ်ဝန်းကျင်၊ ကန်တော်ကြီးအနီးမှာ ဆော့ကစားနေချိန် အခုလိုပစ်ခတ်ခံလိုက်ရကြောင်းနဲ့ လက်မှာကျည်ဖောက်ဒဏ်ရာအပြင် ဝမ်းဗိုက်မှာလည်း ဒဏ်ရာရရှိခဲ့တဲ့အတွက် စစ်တွေကို ပို့လိုက်ရတယ်လို့ သိရပါတယ်။

” အဲဒီကလေးက ကျောင်းပိတ်လို့ အဖွားနဲ့အတူနေတာ။ သူ့အဖေ၊ အမေတွေက တပ်ထဲမှာထင်တယ်။ ကန်တော်ကြီးနား ပစ်ခတ်လိုက်တာ။ အရပ်သားထင်ပြီး ပစ်ခတ်လိုက်တာလို့ ကြားတယ်။ လက်ဖဝါးတွေကို ကျည်ဖောက်သွာတယ်လို့ကြားမိတယ်။ အဲ့ဒီကလေးကို စစ်တွေကိုယူသွားတယ်လို့ပြောတယ်။” လို့ ရသေ့တောင်ဒေသခံ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ရသေ့တောင် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ချိုကို ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်ဖြေကြားတာမရှိခဲ့ပဲ ရသေ့တောင်မြို့မရဲစခန်းနဲ့ အဆက်အသွယ်ရရှိဖို့ကိုလည်း ကြိုးစားနေဆဲဖြစ်ပါတယ်။

အခင်းဖြစ်ခဲ့တဲ့ ခမရ (၅၃၇) တပ်ရင်းဟာ ရသေ့တောင်မြို့နဲ့ ကပ်လျှက်တည်ရှိပြီး ရသေ့တောင်မြို့နယ်မှာ ခမရ (၅၃၈)နဲ့ (၅၃၆) ဆိုပြီး တပ်ရင်း ၃ ရင်းရှိပါတယ်။

#VOM #voiceofmyanmar #ရသေ့တောင် #တပ်မတော်သား #သားဖြစ်သူ #ပစ်ခတ်ခံရ

Zawgyi

ရေသ့ေတာင္ၿမိဳ႕မွာ တပ္မေတာ္သားတစ္ဦးရဲ႕သားျဖစ္သူ ပစ္ခတ္ခံရ

ရေသ့ေတာင္၊ မတ္ ၂၁- ၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕အေျခစုိက္ ခမရ (၅၃၇)က တပ္မေတာ္သားတစ္ဦးရဲ႕သားျဖစ္သူ မေန႔မတ္လ ၂၀ ရက္ေန႔ ညေန ၃ နာရီေလာက္က ပစ္ခတ္ခံရတဲ့အတြက္ ဒဏ္ရာရ႐ွိသြားတယ္လို႔ သတင္းရ႐ွိပါတယ္။

ပစ္ခတ္ခံရသူဟာ အသက္ ၁၁ ႏွစ္အရြယ္႐ွိ ေမာင္ေအာင္ဆန္းဦးျဖစ္ၿပီး ရေသ့ေတာင္ၿမိဳ႕ ခမရ (၅၃၇) တပ္ရင္းပတ္ဝန္းက်င္၊ ကန္ေတာ္ႀကီးအနီးမွာ ေဆာ့ကစားေနခ်ိန္ အခုလုိပစ္ခတ္ခံလိုက္ရေၾကာင္းနဲ႔ လက္မွာက်ည္ေဖာက္ဒဏ္ရာအျပင္ ဝမ္းဗိုက္မွာလည္း ဒဏ္ရာရ႐ွိခဲ့တဲ့အတြက္ စစ္ေတြကို ပို႔လိုက္ရတယ္လုိ႔ သိရပါတယ္။

” အဲဒီကေလးက ေက်ာင္းပိတ္လို႔ အဖြားနဲ႔အတူေနတာ။ သူ႔အေဖ၊ အေမေတြက တပ္ထဲမွာထင္တယ္။ ကန္ေတာ္ႀကီးနား ပစ္ခတ္လိုက္တာ။ အရပ္သားထင္ၿပီး ပစ္ခတ္လိုက္တာလို႔ ၾကားတယ္။ လက္ဖဝါးေတြကို က်ည္ေဖာက္သြာတယ္လို႔ၾကားမိတယ္။ အဲ့ဒီကေလးကို စစ္ေတြကိုယူသြားတယ္လို႔ေျပာတယ္။” လို႔ ရေသ့ေတာင္ေဒသခံ အမည္မေဖာ္လုိတဲ့ အမ်ိဳးသမီးတစ္ဦးက ေျပာျပပါတယ္။

ဒီအေၾကာင္းအရာေတြနဲ႔ပတ္သက္ၿပီး ရေသ့ေတာင္ ဒု-ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ေမာင္ခ်ိဳကို ဆက္သြယ္ခဲ့ရာ ဖုန္းကိုင္ေျဖၾကားတာမ႐ွိခဲ့ပဲ ရေသ့ေတာင္ၿမိဳ႕မရဲစခန္းနဲ႔ အဆက္အသြယ္ရ႐ွိဖို႔ကိုလည္း ႀကိဳးစားေနဆဲျဖစ္ပါတယ္။

အခင္းျဖစ္ခဲ့တဲ့ ခမရ (၅၃၇) တပ္ရင္းဟာ ရေသ့ေတာင္ျမိဳ႕နဲ႔ ကပ္လ်ွက္တည္႐ွိၿပီး ရေသ့ေတာင္ၿမိဳ႕နယ္မွာ ခမရ (၅၃၈)နဲ႔ (၅၃၆) ဆိုၿပီး တပ္ရင္း ၃ ရင္း႐ွိပါတယ္။

#VOM #voiceofmyanmar #ရေသ့ေတာင္ #တပ္မေတာ္သား #သားျဖစ္သူ #ပစ္ခတ္ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW