ပုသိမ်က မြန်မာနစ်တင်းအထည်ချုပ်စက်ရုံ အလုပ်သမား(၂၉၀၀)နီးပါးကို အလုပ်ကနေ အင်အားလျှော့ချ

ပုသိမ်က မြန်မာနစ်တင်းအထည်ချုပ်စက်ရုံ အလုပ်သမား(၂၉၀၀)နီးပါးကို အလုပ်ကနေ အင်အားလျှော့ချ

ပုသိမ်၊ မတ်၂၆-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်၊ စက်မှုဇုန်အတွင်းက မြန်မာ နစ်တင်းအထည်ချုပ်စက်ရုံဟာ မတ်လ ၂၄ ရက်နေ့ကစတင်ပြီး အလုပ်သမား ၂၉၀၀ နီးပါးကို အင်အားလျှော့ချလိုက်ပြီလို့ စက်ရုံကနေကြေငြာခဲ့ပါတယ်။

မြန်မာနစ်တင်းအထည်ချုပ်စက်ရုံကထွက်တဲ့ ထုတ်ကုန်တွေဟာ အီတလီနိုင်ငံကို အဓိကတင်ပို့နေရာတာဖြစ်ပြီး အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရတဲ့လူဦးရေများလာကာ သေဆုံးမှုနှုန်းမြင့်တက်လာခဲ့ပြီးနောက်ပိုင်း မှာယူထားတဲ့ ကုန်ပစ္စည်းမှာယူတာတွေမရှိတော့တဲ့အတွက် အလုပ်သမားအင်အားကို လျော့ချခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

“ခုလျော့လိုက်တဲ့လူတွေက လုပ်သက်တစ်နှစ်အောက်တွေပါ၊ လုပ်သား၅၀၀၀ရှိတာ တဝက်လောက်တော့ ပါသွားတာပေါ့၊ ပြန်ခန့်ရင်တော့ မူလနေရာပြန်ပေးမယ်လို့ ပြောပါတယ်”လို့ စက်ရုံအလုပ်သမားခေါင်းဆောင် ကိုအောင်နှိင်ဦးကပြောပါတယ်။

စက်ရုံကလျော့ချလိုက်တဲ့ ဝန်ထမ်း ၂၉၀၀ နီးပါးအတွက် စက်ရုံဘက်ကနေ မတ်လအတွက် အလုပ်လစာ၊ နို့တစ်ကြေး တစ်လစာ၊ လုပ်သက်အလိုက် အလုပ်ရပ်စဲနစ်နာကြေး၊ လုပ်သက် ခွင့်ခံစားခွင့်ငွေကြေးနဲ့ နှစ်စဉ်သင်္ကြန်ဘောနပ်စ့်တွေကို မတ်လ ၃၁ ရက်နေ့မှာ အပြီးထုတ်ပေးမှာဖြစ်ပြီး တစ်ဦးကို နှစ်အလိုက် ၃ သိန်းနဲ့ ၄သိန်းဝန်းကျင် ရနိုင်မှာ ဖြစ်တယ်လို့ အလုပ်သမားသမဂ္ဂအဖွဲ့ကနေ သိရပါတယ်။

အလုပ်သမားလျော့ချရာမှာ အလုပ်သမားတွေအတွက် အခွင့်အရေးတွေအပြည့်အဝရရှိဖို့နဲ့ အလုပ်ပြန်စချိန်မှာ အားလုံးအလုပ်ပြန်လည်ရရှိနိုင်ဖို့အတွက် တိုင်းအစိုးရအဖွဲ့ကဝန်ကြီး၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေဟာ မတ်လ ၂၅ ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မှာတွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဧရာဝတီတိုင်း လူဝင်မူကြီးကြပ်ရေးနှင့် လူအစွမ်းအားအရင်းမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းကပြောပါတယ်။

” စက်ရုံကလျှော့လိုက်တာက အလုပ်သမား ထက်ဝက်ကျော်လောက်ဖြစ်နေတယ်၊ အလုပ် ပြန်စတဲ့အချိန်မှာ လျှော့လိုက်တဲ့သူတွေကို ဦးစားပေးခန့်ဖို့နဲ့ မူလနေရာ၊မူလရာထူးအတိုင်း အလုပ်သမားတွေဖက်က ပြန်မခန့်မှာကို စိတ်ပူနေလို့ ခေါ်ညှိပေးတာပါ၊ အားလုံအဆင်ပြေပါတယ်”လို့ ဒေါက်တာစိုးဝင်းကပြောပါတယ်။

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာရှိတဲ့ ဟွာမှုန်အထည့်ချုပ်စက်ရုံကတော့ ဖေဖော်ဝါရီ လ ၂၉ ရက်နေ့က စက်ရုံကုန်ကြမ်းပစ္စည်းတွေမရရှိတော့လို့ စက်ရုံကို ပထမဆုံး ယာယီရပ်နားတာဖြစ်ပြီး မြန်မာနစ်တင်းအထည်ချုပ်စက်ရုံကတော့ အော်ဒါမရရှိတော့လို့ အလုပ်သမားအင်အားတွေကို လျှော့ချခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ပုသိမ် #မြန်မာနစ်တင်းအထည်စက်ရုံ #အလုပ်သမားအင်အားလျှော့ချ

Zawgyi

ပုသိမ္က ျမန္မာနစ္တင္းအထည္ခ်ဳပ္စက္႐ုံ အလုပ္သမား(၂၉၀၀)နီးပါးကို အလုပ္ကေန အင္အားေလွ်ာ့ခ်

ပုသိမ္၊ မတ္၂၆-၂၀၂၀
ကိုေအာင္(VOM)

ဧရာ၀တီတိုင္း၊ ပုသိမ္ၿမိဳ႕၊ အမွတ္ ၁၃ ရပ္ကြက္၊ စက္မႈဇုန္အတြင္းက ျမန္မာ နစ္တင္းအထည္ခ်ဳပ္စက္႐ုံဟာ မတ္လ ၂၄ ရက္ေန႔ကစတင္ၿပီး အလုပ္သမား ၂၉၀၀ နီးပါးကို အင္အားေလွ်ာ့ခ်လိုက္ၿပီလို႔ စက္႐ုံကေနေၾကျငာခဲ့ပါတယ္။

ျမန္မာနစ္တင္းအထည္ခ်ဳပ္စက္႐ုံကထြက္တဲ့ ထုတ္ကုန္ေတြဟာ အီတလီႏိုင္ငံကို အဓိကတင္ပို႔ေနရာတာျဖစ္ၿပီး အီတလီႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ခံရတဲ့လူဦးေရမ်ားလာကာ ေသဆုံးမႈႏႈန္းျမင့္တက္လာခဲ့ၿပီးေနာက္ပိုင္း မွာယူထားတဲ့ ကုန္ပစၥည္းမွာယူတာေတြမရွိေတာ့တဲ့အတြက္ အလုပ္သမားအင္အားကို ေလ်ာ့ခ်ခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္။

“ခုေလ်ာ့လိုက္တဲ့လူေတြက လုပ္သက္တစ္ႏွစ္ေအာက္ေတြပါ၊ လုပ္သား၅၀၀၀ရွိတာ တ၀က္ေလာက္ေတာ့ ပါသြားတာေပါ့၊ ျပန္ခန္႔ရင္ေတာ့ မူလေနရာျပန္ေပးမယ္လို႔ ေျပာပါတယ္”လို႔ စက္႐ုံအလုပ္သမားေခါင္းေဆာင္ ကိုေအာင္ႏွိင္ဦးကေျပာပါတယ္။

စက္႐ုံကေလ်ာ့ခ်လိုက္တဲ့ ၀န္ထမ္း ၂၉၀၀ နီးပါးအတြက္ စက္႐ုံဘက္ကေန မတ္လအတြက္ အလုပ္လစာ၊ ႏို႔တစ္ေၾကး တစ္လစာ၊ လုပ္သက္အလိုက္ အလုပ္ရပ္စဲနစ္နာေၾကး၊ လုပ္သက္ ခြင့္ခံစားခြင့္ေငြေၾကးနဲ႔ ႏွစ္စဥ္သၾကၤန္ေဘာနပ္စ့္ေတြကို မတ္လ ၃၁ ရက္ေန႔မွာ အၿပီးထုတ္ေပးမွာျဖစ္ၿပီး တစ္ဦးကို ႏွစ္အလိုက္ ၃ သိန္းနဲ႔ ၄သိန္း၀န္းက်င္ ရႏိုင္မွာ ျဖစ္တယ္လို႔ အလုပ္သမားသမဂၢအဖြဲ႕ကေန သိရပါတယ္။

အလုပ္သမားေလ်ာ့ခ်ရာမွာ အလုပ္သမားေတြအတြက္ အခြင့္အေရးေတြအျပည့္အ၀ရရွိဖို႔နဲ႔ အလုပ္ျပန္စခ်ိန္မွာ အားလုံးအလုပ္ျပန္လည္ရရွိႏိုင္ဖို႔အတြက္ တိုင္းအစိုးရအဖြဲ႕က၀န္ႀကီး၊ အလုပ္ရွင္နဲ႔ အလုပ္သမားေတြဟာ မတ္လ ၂၅ ရက္ေန႔ ညေနပိုင္းက တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး မွာေတြ႕ဆုံေဆြးေႏြးတာေတြ ျပဳလုပ္ခဲ့တယ္လို႔ ဧရာဝတီတိုင္း လူ၀င္မူႀကီးၾကပ္ေရးႏွင့္ လူအစြမ္းအားအရင္းျမစ္၀န္ႀကီး ေဒါက္တာစိုး၀င္းကေျပာပါတယ္။

” စက္႐ုံကေလွ်ာ့လိုက္တာက အလုပ္သမား ထက္၀က္ေက်ာ္ေလာက္ျဖစ္ေနတယ္၊ အလုပ္ ျပန္စတဲ့အခ်ိန္မွာ ေလွ်ာ့လိုက္တဲ့သူေတြကို ဦးစားေပးခန္႔ဖို႔နဲ႔ မူလေနရာ၊မူလရာထူးအတိုင္း အလုပ္သမားေတြဖက္က ျပန္မခန္႔မွာကို စိတ္ပူေနလို႔ ေခၚညႇိေပးတာပါ၊ အားလုံအဆင္ေျပပါတယ္”လို႔ ေဒါက္တာစိုး၀င္းကေျပာပါတယ္။

ဧရာ၀တီတိုင္း၊ ကန္ႀကီးေထာင့္ၿမိဳ႕နယ္မွာရွိတဲ့ ဟြာမႈန္အထည့္ခ်ဳပ္စက္႐ုံကေတာ့ ေဖေဖာ္ဝါရီ လ ၂၉ ရက္ေန႔က စက္႐ုံကုန္ၾကမ္းပစၥည္းေတြမရရွိေတာ့လို႔ စက္႐ုံကို ပထမဆုံး ယာယီရပ္နားတာျဖစ္ၿပီး ျမန္မာနစ္တင္းအထည္ခ်ဳပ္စက္႐ုံကေတာ့ ေအာ္ဒါမရရွိေတာ့လို႔ အလုပ္သမားအင္အားေတြကို ေလွ်ာ့ခ်ခဲ့တာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ပုသိမ္ #ျမန္မာနစ္တင္းအထည္စက္ရံု #အလုပ္သမားအင္အားေလွ်ာ့ခ်

Related posts

Leave a Comment

VOM News

FREE
VIEW