မအူပင်အထက်တန်းကျောင်းမှာ ပြည်တော်ပြန်တွေ စောင့်ကြည့်ဖို့နေရာသတ်မှတ်တာ ကန့်ကွက်ဆန္ဒ ပြသူတွေ ငြိမ်းစုစီနဲ့အရေးယူခံရ

#မအူပင်

မအူပင်အထက်တန်းကျောင်းမှာ ပြည်တော်ပြန်တွေ စောင့်ကြည့်ဖို့နေရာသတ်မှတ်တာ ကန့်ကွက်ဆန္ဒ ပြသူတွေ ငြိမ်းစုစီနဲ့အရေးယူခံရ

မအူပင် -မတ်၂၉-၂၀၂၀
ကိုအောင် (VOM)

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ပြည်ပနိုင်ငံကပြန်လာသူတွေကို အထက်တန်းကျောင်းမှာ စောင့်ကြည့်တာနဲ့ပတ်သက်ပြီး မတ်လ ၂၈ ရက်နေ့ ည ၉ နာရီအချိန်က ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒဖော်ထုတ်တာတွေကိုပြုလုပ်ခဲ့ပါတယ်။

အဲလိုဆိုင်းဘုတ်ကိုင် လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့တာကြောင့် ဆန္ဒဖော်ထုတ်တာမှာ ဦးဆောင်သူ ဦးမင်းဇော်ကို မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူးက ငြိမ်းစုစီဥပဒေနဲ့အမူဖွင့်လိုက်တာလို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မူးရုံးကနေသိရပါတယ်။

“ဦးဆောင်တဲ့သူကို ရဲစခန်းမှာ ငြိမ်းစုစည်းဥပဒေနဲ့ အမှုဖွင့် ထားပါပြီး၊နိင်ငံတော်အစိုးရက ခုချိန်မှာလူစုလူဝေးမလုပ်ဖို့ ညွန်ကြားချက်အရလဲ တရားဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမှာပါ”လို့ တိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမူးကြီးထွန်းရွှေကပြောပါတယ်

ပြည်တော်ပြန်တွေကို အထက (၁)စာသင်ကျောင်းမှာ ထားရှိတာနဲ့ပတ်သက်ပြီး ကန့်ကွက်မှု ကို ဦးဆောင်ခဲ့တဲ့ ဦးမင်းဇော်အား မအူပင်မြို့မရဲစခန်းမှာ (ပ) ၄၁၈/၂၀၂၀၊ ငြိမ်းစုစည်းဥပဒေ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတယ်လို့ရဲတပ်ဖွဲ့မှတ်တမ်းတွေအရသိရပါတယ်။

မအူပင်မြို့၊ အမှတ် ၆ ရပ်ကွက်ရှိ အထက ၁ စာသင်ကျောင်းမှာ ပြည်ပကပြန်လာတဲ့သူတွေကို ထားရှိဖို့စီစဉ်ထားသော်လည်း လက်ရှိအချိန်တွင် ထားရှိခြင်းမရှိသေးဘဲ ဆန္ဒပြခဲ့သူများပြောသလို သံသယလူနာများကို ထားရှိမှမဟုတ်ဘဲ ပြည်ပကပြန်လာတဲ့သူတွေကို ၁၄ ရက် စောင့်ကြည့်သွားမှာသာဖြစ်တယ်လို့ တိုင်းကျန်းမာရေးဌာနက တာဝန်ရှိသူကပြောပါတယ်။

မအူပင်ခရိုင်အတွင်း ပြည်ပနိုင်ငံများက ပြန်လာသူ ၄၈၆ ဦးရှိပြီး လက်ရှိအချိန်မှာ ကျေးရွာများ ရှိ စာသင်ကျောင်းတွေမှာ ပြန်လာသူများကို စောင့်ကြည့်ထားတဲ့ လူဦးရေ ၂၅ ဦးရှိတယ်လို့ ဧရာဝတီတိုင်းကျန်းမာရေးဦးစီးဌာနကနေသိရပါတယ်။

#voiceofmyanmar #VOM #မအူပင် #ငြိမ်းစုစီပုဒ်မ

မအူပင္အထက္တန္းေက်ာင္းမွာ ျပည္ေတာ္ျပန္ေတြ ေစာင့္ၾကည့္ဖို႕ေနရာသတ္မွတ္တာ ကန႔္ကြက္ဆႏၵ ျပသူေတြ ၿငိမ္းစုစီနဲ႔အေရးယူခံရ

မအူပင္ -မတ္၂၉-၂၀၂၀
ကိုေအာင္ (VOM)

ဧရာ၀တီတိုင္း၊ မအူပင္ၿမိဳ႕မွာ ျပည္ပႏိုင္ငံကျပန္လာသူေတြကို အထက္တန္းေက်ာင္းမွာ ေစာင့္ၾကည့္တာနဲ႔ပတ္သက္ၿပီး မတ္လ ၂၈ ရက္ေန႔ ည ၉ နာရီအခ်ိန္က ကန႔္ကြက္တဲ့အေနနဲ႔ ဆႏၵေဖာ္ထုတ္တာေတြကိုျပဳလုပ္ခဲ့ပါတယ္။

အဲလိုဆိုင္းဘုတ္ကိုင္ လမ္းေလွ်ာက္ဆႏၵေဖာ္ထုတ္ခဲ့တာေၾကာင့္ ဆႏၵေဖာ္ထုတ္တာမွာ ဦးေဆာင္သူ ဦးမင္းေဇာ္ကို မအူပင္ျမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးက ၿငိမ္းစုစီဥပေဒနဲ႔အမူဖြင့္လိုက္တာလို႔ ဧရာ၀တီတိုင္းရဲတပ္ဖြဲ႕မူး႐ုံးကေနသိရပါတယ္။

“ဦးေဆာင္တဲ့သူကို ရဲစခန္းမွာ ၿငိမ္းစုစည္းဥပေဒနဲ႔ အမႈဖြင့္ ထားပါၿပီး၊နိင္ငံေတာ္အစိုးရက ခုခ်ိန္မွာလူစုလူေဝးမလုပ္ဖို႔ ၫြန္ၾကားခ်က္အရလဲ တရားဥပေဒနဲ႔ အညီ အေရးယူေဆာင္႐ြက္သြားမွာပါ”လို႔ တိုင္းရဲတပ္ဖြဲ႕က ဒုတိယရဲမူးႀကီးထြန္းေ႐ႊကေျပာပါတယ္

ျပည္ေတာ္ျပန္ေတြကို အထက (၁)စာသင္ေက်ာင္းမွာ ထားရွိတာနဲ႔ပတ္သက္ၿပီး ကန႔္ကြက္မႈ ကို ဦးေဆာင္ခဲ့တဲ့ ဦးမင္းေဇာ္အား မအူပင္ၿမိဳ႕မရဲစခန္းမွာ (ပ) ၄၁၈/၂၀၂၀၊ ၿငိမ္းစုစည္းဥပေဒ ပုဒ္မ ၁၉ နဲ႔ အမႈဖြင့္ထားတယ္လို႔ရဲတပ္ဖြဲ႕မွတ္တမ္းေတြအရသိရပါတယ္။

မအူပင္ၿမိဳ႕၊ အမွတ္ ၆ ရပ္ကြက္ရွိ အထက ၁ စာသင္ေက်ာင္းမွာ ျပည္ပကျပန္လာတဲ့သူေတြကို ထားရွိဖို႔စီစဥ္ထားေသာ္လည္း လက္ရွိအခ်ိန္တြင္ ထားရွိျခင္းမရွိေသးဘဲ ဆႏၵျပခဲ့သူမ်ားေျပာသလို သံသယလူနာမ်ားကို ထားရွိမွမဟုတ္ဘဲ ျပည္ပကျပန္လာတဲ့သူေတြကို ၁၄ ရက္ ေစာင့္ၾကည့္သြားမွာသာျဖစ္တယ္လို႔ တိုင္းက်န္းမာေရးဌာနက တာ၀န္ရွိသူကေျပာပါတယ္။

မအူပင္ခ႐ိုင္အတြင္း ျပည္ပႏိုင္ငံမ်ားက ျပန္လာသူ ၄၈၆ ဦးရွိၿပီး လက္ရွိအခ်ိန္မွာ ေက်း႐ြာမ်ား ရွိ စာသင္ေက်ာင္းေတြမွာ ျပန္လာသူမ်ားကို ေစာင့္ၾကည့္ထားတဲ့ လူဦးေရ ၂၅ ဦးရွိတယ္လို႔ ဧရာ၀တီတိုင္းက်န္းမာေရးဦးစီးဌာနကေနသိရပါတယ္။

#voiceofmyanmar #VOM #မအူပင္ #ျငိမ္းစုစီပုဒ္မ

Related posts

Leave a Comment

VOM News

FREE
VIEW