COVID-19 လူနာ လည်ပတ်ခဲ့တဲ့ စစ်ကိုင်းမြို့က နေရာသုံးနေရာကို ပိုးသတ်ဆေးဖျန်း

COVID-19 လူနာ လည်ပတ်ခဲ့တဲ့ စစ်ကိုင်းမြို့က နေရာသုံးနေရာကို ပိုးသတ်ဆေးဖျန်း

စစ်ကိုင်း၊ မတ် ၂၉-၂၀၂၀
ရှိုင်းအောင် (VOM)

စစ်ကိုင်းမြို့မှာ COVID-19 လူနာ လာရောက်လည်ပတ်ခဲ့တဲ့ နေရာသုံးနေရာကို ယာယီပိတ်သိမ်းခဲ့ပြီး ဒီကနေ့မနက်က အဲ့ဒီနေရာသုံးနေရာနဲ့ အုန်းတောဈေး၊ ရွာသစ်ကြီးဈေးအတွင်းပိုင်းတွေကို ပိုးသတ်ဆေးဖျန်းတဲ့ လုပ်ငန်းတွေလုပ်ပေးခဲ့တယ်လို့ စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကပြောပါတယ်။

”Covid -19 ရောဂါပိုးတွေ့ရှိသူ သွားခဲ့တဲ့နေရာ သုံးနေရာရှိတယ်၊ ငွေထည်ဆိုင်တစ်ခုရှိတယ်။စားသောက်ဆိုင်တစ်ခုရှိတယ်။ ဆွမ်းဦးပုညရှင်ဘုရားပေါ့နော်။အခု အဲ့ဒီနေရာတွေကို ယာယီပိတ်ထားပြီး သွားလာကန့်သတ်ထားတယ်၊ ငွေထည်ဆိုင်နဲ့ ထမင်းဆိုင်က မိသားစုဝင်တွေကိုလည်း Home Quarantineလုပ်ထားပါတယ်။ ဒီနေ့ မနက်မှာတော့ အဲ့ဒီနေရာသုံးနေရာကို ပိုးသတ်ဆေးလိုက်လံဖျန်းပေးတယ် “လို့ စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါက်တာသော်တာထက်ကပြောပါတယ်။

COVID-19‌ရောဂါပိုးတွေ့ရှိခဲ့တဲ့ လူနာ နံပါတ် ၈ ဖြစ်သူ ရန်ကုန်တိုင်းမြို့က အသက် ၆၀ နှစ်အရွယ် ဧည့်လမ်းညွှန်အမျိုးသမီးဟာ မတ်လ ၁၆ ရက်နေ့ ခရီးစဉ်မှာ စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်စေတီတော်၊ ရွာထောင်ရပ်ကွက်က ငွေထည်လုပ်ငန်းတစ်ခု နဲ့ ပါရမီရပ်ကွက်ရှိ ထမင်းဆိုင်တို့ကိုသွားရောက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီသွားရောက်ခဲ့တဲ့ သတင်းအရ မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးစီးအရာရှိနဲ့ ပူးပေါင်းအဖွဲ့ဝင်တွေက လူနာထိတွေ့ခဲ့တဲ့ ငွေထည်လုပ်ငန်းနဲ့ ထမင်းဆိုင်ကိုသွားပြီး မိသားစုဝင်များကို ကျန်းမာရေးစစ်ဆေးတာနဲ့ Home Quarantineအဖြစ်စောင့်ကြည့်ခဲ့ပါတယ်။

အဲ့ဒီနေရာတွေကိုလည်း မတ်လ၃၁ရက်နေ့အထိ ဆိုင်ပိတ်ခြင်းနဲ့ ဆွမ်းဦးပုညရှင်စေတီတော်ကိုလည်း မတ်လ ၃၁ရက်နေ့ထိ ခေတ္တယာယီ ပိတ်ထားတယ်လို့လဲ သိရပါတယ်။

Covid-19 လူနာ ဧည့်လမ်းညွှန်အမျိုးသမီးနဲ့ အတူ နိုင်ငံခြားခရီးသွားဧည့် ၁၁ဦးအပါအဝင် ကားသမား နှစ်ဦး၊ စုစုပေါင်း ၁၄ ယောက်ဟာ မန္တလေးမြို့၊စစ်ကိုင်း၊မုံရွာ ၊ ပုဂံ၊ ပခုက္ကူ ၊ ပုပ္ပါး ၊ ကလော ဒေသများတွေကိုလည်း သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။

ပိုးသတ်ဆေးလိုက်ဖျန်းတာကို စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါက်တာသော်တာထက်၊ စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ Volunterrအဖွဲ့များ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #COVIDလူနာ #လည်ပတ်ခဲ့နေရာများ #ပိုးသတ်ဆေးဖျန်း

Zawgyi

COVID-19 လူနာ လည္ပတ္ခဲ့တဲ့ စစ္ကိုင္းၿမိဳ႕က ေနရာသုံးေနရာကို ပိုးသတ္ေဆးဖ်န္း

စစ္ကိုင္း၊ မတ္ ၂၉-၂၀၂၀
ရႈိင္းေအာင္ (VOM)

စစ္ကိုင္းၿမိဳ႕မွာ COVID-19 လူနာ လာေရာက္လည္ပတ္ခဲ့တဲ့ ေနရာသုံးေနရာကို ယာယီပိတ္သိမ္းခဲ့ၿပီး ဒီကေန႔မနက္က အဲ့ဒီေနရာသုံးေနရာနဲ႔ အုန္းေတာေစ်း၊ ႐ြာသစ္ႀကီးေစ်းအတြင္းပိုင္းေတြကို ပိုးသတ္ေဆးဖ်န္းတဲ့ လုပ္ငန္းေတြလုပ္ေပးခဲ့တယ္လို႔ စစ္ကိုင္းခ႐ိုင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနကေျပာပါတယ္။

”Covid -19 ေရာဂါပိုးေတြ႕ရွိသူ သြားခဲ့တဲ့ေနရာ သုံးေနရာရွိတယ္၊ ေငြထည္ဆိုင္တစ္ခုရွိတယ္။စားေသာက္ဆိုင္တစ္ခုရွိတယ္။ ဆြမ္းဦးပုညရွင္ဘုရားေပါ့ေနာ္။အခု အဲ့ဒီေနရာေတြကို ယာယီပိတ္ထားၿပီး သြားလာကန္႔သတ္ထားတယ္၊ ေငြထည္ဆိုင္နဲ႔ ထမင္းဆိုင္က မိသားစုဝင္ေတြကိုလည္း Home Quarantineလုပ္ထားပါတယ္။ ဒီေန႔ မနက္မွာေတာ့ အဲ့ဒီေနရာသုံးေနရာကို ပိုးသတ္ေဆးလိုက္လံဖ်န္းေပးတယ္ “လို႔ စစ္ကိုင္းခ႐ိုင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ဦးစီးအရာရွိ ေဒါက္တာေသာ္တာထက္ကေျပာပါတယ္။

COVID-19‌ေရာဂါပိုးေတြ႕ရွိခဲ့တဲ့ လူနာ နံပါတ္ ၈ ျဖစ္သူ ရန္ကုန္တိုင္းၿမိဳ႕က အသက္ ၆၀ ႏွစ္အ႐ြယ္ ဧည့္လမ္းၫႊန္အမ်ိဳးသမီးဟာ မတ္လ ၁၆ ရက္ေန႔ ခရီးစဥ္မွာ စစ္ကိုင္းေတာင္ ဆြမ္းဦးပုညရွင္ေစတီေတာ္၊ ႐ြာေထာင္ရပ္ကြက္က ေငြထည္လုပ္ငန္းတစ္ခု နဲ႔ ပါရမီရပ္ကြက္ရွိ ထမင္းဆိုင္တို႔ကိုသြားေရာက္ခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီသြားေရာက္ခဲ့တဲ့ သတင္းအရ မတ္လ ၂၈ ရက္ေန႔မွာ စစ္ကိုင္းခ႐ိုင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ဦးစီးအရာရွိနဲ႔ ပူးေပါင္းအဖြဲ႕၀င္ေတြက လူနာထိေတြ႕ခဲ့တဲ့ ေငြထည္လုပ္ငန္းနဲ႔ ထမင္းဆိုင္ကိုသြားၿပီး မိသားစုဝင္မ်ားကို က်န္းမာေရးစစ္ေဆးတာနဲ႔ Home Quarantineအျဖစ္ေစာင့္ၾကည့္ခဲ့ပါတယ္။

အဲ့ဒီေနရာေတြကိုလည္း မတ္လ၃၁ရက္ေန႔အထိ ဆိုင္ပိတ္ျခင္းနဲ႔ ဆြမ္းဦးပုညရွင္ေစတီေတာ္ကိုလည္း မတ္လ ၃၁ရက္ေန႔ထိ ေခတၱယာယီ ပိတ္ထားတယ္လို႔လဲ သိရပါတယ္။

Covid-19 လူနာ ဧည့္လမ္းၫႊန္အမ်ိဳးသမီးနဲ႔ အတူ ႏိုင္ငံျခားခရီးသြားဧည့္ ၁၁ဦးအပါအဝင္ ကားသမား ႏွစ္ဦး၊ စုစုေပါင္း ၁၄ ေယာက္ဟာ မႏၲေလးၿမိဳ႕၊စစ္ကိုင္း၊မုံ႐ြာ ၊ ပုဂံ၊ ပခုကၠဴ ၊ ပုပၸါး ၊ ကေလာ ေဒသမ်ားေတြကိုလည္း သြားေရာက္လည္ပတ္ခဲ့တယ္လို႔ သိရပါတယ္။

ပိုးသတ္ေဆးလိုက္ဖ်န္းတာကို စစ္ကိုင္းခ႐ိုင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ဦးစီးအရာရွိ ေဒါက္တာေသာ္တာထက္၊ စစ္ကိုင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးနဲ႔ Volunterrအဖြဲ႕မ်ား ပူးေပါင္းၿပီး ေဆာင္႐ြက္ခဲ့တာျဖစ္ပါတယ္။

#VOM #voiceofmyanmar #စစ္ကိုင္း #COVIDလူနာ #လည္ပတ္ခဲ့ေနရာမ်ား #ပိုးသတ္ေဆးဖ်န္း

Related posts

Leave a Comment

VOM News

FREE
VIEW