အနာဂတ်မရေရာတဲ့ မြန်မာ့မီဒီယာ

အနာဂတ်မရေရာတဲ့ မြန်မာ့မီဒီယာ

ရန်ကုန်၊ ဧပြီ ၂၉-၂၀၂၀
သိင်္ဂီ(VOM)

“ငါအလုပ်လုပ်နေရဲ့သားနဲ့ ဒီစာရင်းထဲဘာလို့ပါရတာလဲ၊ဒီအချိန်ကြီးကျမှ လုပ်ရသလား။ဒီအချိန်မှာ အလုပ်သစ်က ရှာရခက်တယ်လေ ” ဆိုပြီး စိတ်မကောင်းဖြစ်မိကြောင်းပြောပြလာသူကတော့ မြန်မာတိုင်းမ် သတင်းဌာနရဲ့ အလုပ်သမားလျှော့ချစာရင်းမှာ ပါ၀င်ခဲ့သူ အယ်ဒီတာတစ်ဦးက ပြောပါတယ်။

သူဟာမြန်မာတိုင်းမ်သတင်းစာမှာ အချိန် ၃ နှစ်ကျော်တာ၀န်ထမ်းဆောင်ခဲ့သူတစ်ဦးပါ။ ခုတော့ လူဦးရေလျှော့ချခံလိုက်ရပါပြီ။သူနဲ့အတူ သတင်းသမား ၇၀ နီးပါး လူဦးရေလျှော့ချခံခဲ့ရတာပါ။

“အလုပ်ကထုတ်တာမဟုတ်ဘူး၊ ဆိုင်းငံတာဆိုပေမယ့်လည်း ခုကထုတ်လိုက်တဲ့ပုံစံဖြစ်နေတယ်။ မိသားစု စိတ်ဓာတ်မရှိတာပေါ့။ ဒီကာလမှာ အလုပ်သစ်ရှာဖို့ခက်တယ် ၊ဒီကာလပြီးရင်တောင် အလုပ်သစ်ခေါ်တာ ရှိချင်မှရှိမယ်။ ကိုဗစ်ကာလက ဘယ်အထိရှည်မလဲ မသိနိုင်ဘူး။လောလောဆယ်တော့ တိုင်ထားတယ်။ ဖြေရှင်း ပေးနေကြတယ်။ နစ်နာကြေးကို အချိန်ဆွဲချင်တာလို့မြင်တယ်။ မပေးလို့တော့မရဘူးပေါ့။”လို့ သူက ထပ်မံပြောဆိုပါတယ်။

ဒါ့အပြင် မီဒီယာတိုက်ကြီးဖြစ်တဲ့ဧရာ၀တီသတင်းဌာနကလည်း လူဦးရေလျှော့ချခဲ့သလို အကုန်သိသတင်းဌာနကလည်း ဝန်ထမ်းတွေကို အလုပ်ကနေ ယာယီရပ်နားလိုက်ပြန်ပါတယ်။

ခုချိန်ဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်နေတာကြောင့် သတင်းသမားတွေအတွက် အလုပ်သစ်ရှာဖို့ခက်တဲ့အပြင် ကိုဗစ်၁၉ကပ်ရောဂါကြီးပြီးသွားရင်တောင် အလုပ်သစ်ရဖို့ ခက်ခဲလို့ သတင်းသမားတွေအတွက်တော့ အလုပ်ရပ်နားခံရတာဟာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။

ဒါကြောင့် သတင်းတိုက်တွေအနေနဲ့ သတင်းထုတ်လွှင့်မှုရပ်နားခြင်း ၊ သတင်းသမားတွေကို အလုပ်ကနေရပ်နားခြင်းတွေ မပြုလုပ်ခင် အလုပ်သမားတစ်ဦး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေပေးဖို့ ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်နေတယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ရဲ့ အတွင်းရေးမှူးဦးမြင့်ကျော်က ပြောဆိုလိုက်ပါတယ်။

“သတင်းတိုက်တွေ အလုပ်ရှင်အလုပ်သမား ဥပဒေနဲ့အညီလုပ်ဖို့လိုတယ်။ အလုပ်နားကြတဲ့အခါ အလုပ်သမားဥပဒေပါအတိုင်း သတင်းသမားလည်း အဲ့ဒီအခွင့်အရေးတွေရဖို့လိုတယ်။ကိုယ်လုပ်ထားတဲ့ လုပ်ခလစာရော ၊ အလုပ်ရှင်ဘက်က နို့တစ်ကြေးတွေရော ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရဖို့လိုတယ်။ အဲ့ဒီဥပဒေအတိုင်း ရသင့်ရထိုက်တဲ့အခွင့်အရေး အလုပ်ရှင်ဘက်က ပြင်ဆင်ထားဖို့လိုတယ်။ ရပ်တဲ့အချိန် ဘယ်အ ချိန်ရပ်နားမလဲ သတင်းသမားတွေ နစ်နာတာကိုနားလည်ပေးဖို့လိုတယ်”လို့ပြောပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ သတင်းတိုက်တွေဟာ သတင်းသမားတွေကို ထိုက်သင့်တဲ့ ရပိုင်ခွင့်တွေ စီစဉ်ပေးမှု အားနည်းနေတာကိုတွေ့ရပါတယ်။လုပ်ခလစာကိုတောင် ဧပြီလစာပဲပေးပြီး ရပ်နားလိုက်တာတွေရှိနေသလို မေလကို အလုပ်မလုပ်စေဘဲ လုပ်ခလစာတစ်၀က်ဖြင့် အလုပ်နားစေခြင်း ၊ ဇွန်လကစပြီး လစာမဲ့ခွင့်ဖြင့် အလုပ်နားလိုက်ခြင်း စတဲ့အခြေအနေတွေရှိနေပါတယ်။ဒီအခြေနေတွေကို သတင်းသမားတွေခံစားနေကြရပါတယ်။

“ကိုဗစ်မဖြစ်ခင်တောင် ယိုင်လဲတာတွေရှိတယ်။ ဒါတွေကို ပြန်ကြားရေးဌာနအနေနဲ့ ကူညီသင့် တယ်။ ထောက်ကူသင့်တယ်။ မီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်ပဲလေ။ လုပ်ငန်းလည်ပတ်နိုင်အောင် ချေးငွေထုတ်ချေးတာမျိုးပေါ့။ မီဒီယာတွေပြိုလဲနေတာကို ထောက်ပံ့ပေးသင့်တယ်။ အလုပ်ရှင်တွေအနေနဲ့လည်း လက်လွှတ်စပယ်မလုပ်သင့်ဘူး။ သတင်းသမားဆိုတာ အလုပ်သမားပဲ။ အခွင့်အရေးတော့ အပြည့် အ၀ရရမယ်၊ လက်လွှတ်စပယ်ထက် ညှိနှိုင်းမှုလိုတယ်။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲပေါ့။”လို့ The Voice Journal က သတင်းထောက် မမေသက်ဇင်က ပြောပါတယ်။

လက်ရှိ NLD အစိုးရလက်ထက်မှာ ပုဂ္ဂလိကမီဒီယာတွေရပ်တည်ရေးအတွက်ကူညီမှုက ခုချိန်ထိဘာမှ အကောင်ထည်ပြစရာမရှိသလို ပြန်ကြားရေး၀န်ကြီးဌာနနဲ့ တွေ့ဆုံချိန်တိုင်း တင်ပြခဲ့ပေမယ့်လည်း ခုထိကူညီတာမရှိသေးပါဘူးလို့ သိရပါတယ်။

ကမ္ဘာ့ကပ်ရောဂါကာလအတွင်း သတင်းထောက်တချို့ မြေပြင်ကွင်းဆင်း သတင်းလိုက်ရတာရှိသလို ၊ ကျန်သတင်းထောက်တွေအနေနဲ့လည်း အိမ်မှာနေပြီး သတင်းတွေကို ရေးသားပေးနေရပါတယ်။ ရုံးမတက်ရတာတစ်ခုသာရှိပြီး သတင်းကိုတော့ အချိန်နဲ့တပြေးညီ ရေးသားတင်ဆက်ပေးနေရတာကြောင့် ခုလို အလုပ်ရပ်နားခံရတာတွေ ၊ လူလျှော့တာတွေ အထိဖြစ်လာလိမ့်မယ်လို့ မထင် ခဲ့ကြပေမယ့် ခုတော့ ဒီစိန်ခေါ်မှုတွေကို သတင်းသမားတွေ စတင်ခံစားနေကြရပါတယ်။

“သတင်းသမားမိသားစု စား၀တ်နေရေးဒုက္ခရောက်တယ်။ နယ်ကလာရတော့ အိမ်ငှားခတွေ ဒုက္ခရောက်မယ်၊ တခြားတိုက်တွေကလည်း အလုပ်ထပ်ခေါ်ဖို့မရှိဘူး။ ဒီတော့ အလုပ်လက်မဲ့ဖြစ်တာကို ဘယ်လိုကာဗာပေးမလဲ။ သူများတွေအတွက် အခွင့်အရေးတွေ တောင်းဆိုပေးနေတဲ့ သတင်းထောက်တွေအတွက်ကျ ဘယ်သူတွေက တောင်းဆိုပေးမှာလဲ။ခု သူတို့ကိုယ်တိုင်အလုပ် လက်မဲ့ဖြစ်ကုန်ပြီ။ စဉ်းစားစရာတစ်ခုဖြစ်လာတယ်။ ပြီးတော့ ခုကောင်စီကသပ်သပ် သတင်း မားကသပ်သပ် ဖြစ်နေတယ်။”လို့ လက်ရှိ သတင်းတိုက်တစ်ခုမှာ သတင်းထောက်အဖြစ်လုပ်ကိုင်နေသူ ကိုသီဟက ပြောပါတယ်။

ပြည်တွင်းသတင်းမီဒီယာဌာနကြီးတစ်ခုဖြစ်တဲ့ Eleven Media Groupကလည်း ကိုဗစ်ကာလမှာ သတင်းတိုက် ရေရှည်ရပ်တည်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြောင်း၊သတင်းတိုက်တွေအနေနဲ့လည်း သတင်းသမားတွေနဲ့ ပြေပြေလည်လည်ညှိနှိုင်းလုပ်ဆောင်သင့်သလို အစိုးရဘက်ကလည်း အထောက်အပံ့တွေပေးစေလိုတယ်လို့သိရပါတယ်။

“မီဒီယာတွေကတော့ လွန်ခဲ့တဲ့ ၃ ၊ ၄ နှစ်ထဲက ကျဆင်းတယ်။ ဆိုးရွားတဲ့အခြေနေဖြစ်တယ်၊ ရပ်တည်ရတာ ခက်လာတယ်။ ခုတော့ပိုဆိုးတာပေါ့။ ဒါကြောင့် ဇန်နဝါရီလောက်ထဲက ကြိုတင်ပြင်ဆင်တယ်။ ကိုဗစ်ကာလက ဘယ်လောက်ကြာမလဲ မသိနိုင်တော့ ပြင်ဆင်ထားတာက လစာတွေ လျှော့တာမျိုးတာ့ရှိလာနိုင်တယ်၊ ၅ ရာခိုင်နှုန်းဖြစ်မလား၊ အဲ့ဘရိတ် ၁၅ ရာခိုင်နှုန်းသွားမလားပေါ့။ ကျနော်တို့ဆီမှာတော့ အရင်ကရော ခုရော အလုပ်ထုတ်လိုက်ရတာမရှိဘူး။အစိုးရက မီဒီယာပိုင်းကိုကူညီသင့်တယ်။ အခွန်ဆောင်ထားသလား ၊ ၀န်ထမ်း ဘယ်လောက်ရှိလဲ စိစစ်ပြီး ၀န်ထမ်းလစာကို ၁ လကနေ ၃ လအထိ ထောက်ပံ့ပေးနိုင်ရင် ကောင်းမယ်။”လို့ Daily Eleven သတင်းစာနှင့် Weekly Eleven Journal ရဲ့ အယ်ဒီတာချုပ် ကိုကျော်ဇောလင်းက ပြောပါတယ်။

မီဒီယာလောကဟာ ရပ်တည်ဖို့မလွယ်တော့ဘဲ ခက်ခဲ့လာတဲ့အပြင် အခွင့်အလမ်းလည်း နည်းလာကြောင်း ၊ အန္တရာယ်များတဲ့အခြေအနေလည်းဖြစ်တာကြောင့် သတင်းထောက်အလုပ်ကို တကယ်စိတ်၀င်စားမှသာ လုပ်ကိုင်ဖို့ ရွေးချယ်သင့်နေပါပြီ။

လတ်တလော အလုပ်သမားတွေကို ထပ်မံရပ်နားလိုက်တဲ့ အကုန်သိသတင်းဌာနကတော့ ၀န်ထမ်းတွေကို ဧပြီလစာပေးဖို့ပြင်ဆင်နေပါတယ်။ ပြီးရင်တော့ အလုပ်ကို ကိုဗစ်ကာလအပေါ်မူတည်ပြီး ရပ်နားလိုက်တယ်လို့ အကုန်သိသတင်းဌာန ရဲ့ တာ၀န်ခံအယ်ဒီတာ မျိုးသူအောင်က ပြောပါတယ်။

“ဒေဝါလီခံတာမဟုတ်ဘူး။ယာယီရပ်နားတာပါ။ရပ်နားလိုက်တဲ့အတွက် နစ်နာကြေးမဟုတ်ဘဲ ပြန်ကုစားပေးနိုင်ဖို့ပြင်ဆင်နေတယ်။ လုပ်ငန်းလည်ပတ်မှုကတော့ ရှိနေမယ် ။ တချို့၀န်ထမ်းတွေက သူတို့အသိစိတ်ဓာတ် နဲ့ အိမ်ကနေ သတင်းတွေ လိုက်ပေးမယ်၊ ရုံးမှာ ရုံးအိပ်ရုံးစားနေပြီး လုပ်နေမယ့်သူတွေလည်း ရှိနေမယ်။ ၀န်ထမ်းတွေနဲ့ ဒီနေ့ဆွေးနွေးမှုအဆင်ပြေပါတယ်။ အငြင်းပွားတာမရှိဘူး။ လက်ခံကြတယ်” လို့ ကိုမျိုးသူအောင်ကပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ အွန်လိုင်းသတင်းမီဒီယာပေါင်း ၂၆၀ လောက်ရှိပြီး တကယ်တမ်း သတင်း ပိုင်း လုပ်ဆောင်နေတာကတော့ ၅၀ လောက်သာရှိပါတယ်။ ဂျာနယ်တွေလည်း ၁၅၀ ကျော် လောက်ရှိပြီး ပုဂ္ဂလိက သတင်းစာကတော့ ၁၀ ခုပင်မပြည့်ပါဘူး။

“သတင်းသမားမှမဟုတ်ပါဘူး။ နစ်နာကြေးမပေးဘဲ အလုပ်ရပ်နားတာက ဘယ်ဝန်ထမ်းအတွက်မှ မဖြစ်သင့်တဲ့ကိစ္စပါ။ ညှိနှိုင်းမှုတော့ လုပ်သင့်တယ်။ အလုပ်ရှင်နဲ့ ဝန်ထမ်းတွေ တိုင်ပင်ဆွေးနွေးပြီး အကောင်းဆုံးနည်းလမ်းတစ်ခုကို ရှာသင့်တယ်။ ဒီကာလကို အတူတူလက်တွဲပြီး ကျော်ဖြတ်သင့်တယ်လို့ ထင်ပါတယ်။”လို့ ဓူဝံမီဒီယာရဲ့ မန်နေဂျင်းအယ်ဒီတာ မအိအိမာကပြောပါတယ်။

ခုဆိုရင်တော့ ပြည်တွင်းက သတင်းထောက်တွေ ၊ အယ်ဒီတာတွေ ရာဂဏန်း၀န်းကျင်ဟာ အလုပ် ကနေ ရပ်နားခံလိုက်ရပါပြီ။

ရပ်နားခံလိုက်ရတဲ့သတင်းသမားတွေအနေနဲ့ ထိုက်သင့်တဲ့ အလုပ်သမားတစ်ယောက်ရဲ့ရပိုင်ခွင့်တွေ ရရှိမှုကတော့ နည်းပါးနေပါတယ်။

သတင်းတိုက်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့သတင်းမားတွေဟာလည်း စိုးရိမ်စိတ်တွေရှိနေပါပြီး သတင်းသမားတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်တယ်ဆိုတာ သက်သေပြခဲ့ပါပြီ။

#voiceofmyanmar #VOM #အနာဂတ်မရေရာတဲ့ #မြန်မာ့မီဒီယာ

Zawgyi

အနာဂတ္မေရရာတဲ့ ျမန္မာ့မီဒီယာ

ရန္ကုန္၊ ဧၿပီ ၂၉-၂၀၂၀
သိဂႌ(VOM)

“ငါအလုပ္လုပ္ေနရဲ႕သားနဲ႔ ဒီစာရင္းထဲဘာလို႔ပါရတာလဲ၊ဒီအခ်ိန္ႀကီးက်မွ လုပ္ရသလား။ဒီအခ်ိန္မွာ အလုပ္သစ္က ရွာရခက္တယ္ေလ ” ဆိုၿပီး စိတ္မေကာင္းျဖစ္မိေၾကာင္းေျပာျပလာသူကေတာ့ ျမန္မာတိုင္းမ္ သတင္းဌာနရဲ႕ အလုပ္သမားေလွ်ာ့ခ်စာရင္းမွာ ပါ၀င္ခဲ့သူ အယ္ဒီတာတစ္ဦးက ေျပာပါတယ္။

သူဟာျမန္မာတိုင္းမ္သတင္းစာမွာ အခ်ိန္ ၃ ႏွစ္ေက်ာ္တာ၀န္ထမ္းေဆာင္ခဲ့သူတစ္ဦးပါ။ ခုေတာ့ လူဦးေရေလွ်ာ့ခ်ခံလိုက္ရပါၿပီ။သူနဲ႔အတူ သတင္းသမား ၇၀ နီးပါး လူဦးေရေလွ်ာ့ခ်ခံခဲ့ရတာပါ။

“အလုပ္ကထုတ္တာမဟုတ္ဘူး၊ ဆိုင္းငံတာဆိုေပမယ့္လည္း ခုကထုတ္လိုက္တဲ့ပုံစံျဖစ္ေနတယ္။ မိသားစု စိတ္ဓာတ္မရွိတာေပါ့။ ဒီကာလမွာ အလုပ္သစ္ရွာဖို႔ခက္တယ္ ၊ဒီကာလၿပီးရင္ေတာင္ အလုပ္သစ္ေခၚတာ ရွိခ်င္မွရွိမယ္။ ကိုဗစ္ကာလက ဘယ္အထိရွည္မလဲ မသိႏိုင္ဘူး။ေလာေလာဆယ္ေတာ့ တိုင္ထားတယ္။ ေျဖရွင္း ေပးေနၾကတယ္။ နစ္နာေၾကးကို အခ်ိန္ဆြဲခ်င္တာလို႔ျမင္တယ္။ မေပးလို႔ေတာ့မရဘူးေပါ့။”လို႔ သူက ထပ္မံေျပာဆိုပါတယ္။

ဒါ့အျပင္ မီဒီယာတိုက္ႀကီးျဖစ္တဲ့ဧရာ၀တီသတင္းဌာနကလည္း လူဦးေရေလွ်ာ့ခ်ခဲ့သလို အကုန္သိသတင္းဌာနကလည္း ဝန္ထမ္းေတြကို အလုပ္ကေန ယာယီရပ္နားလိုက္ျပန္ပါတယ္။

ခုခ်ိန္ဟာ ကမာၻ႔ကပ္ေရာဂါျဖစ္ေနတာေၾကာင့္ သတင္းသမားေတြအတြက္ အလုပ္သစ္ရွာဖို႔ခက္တဲ့အျပင္ ကိုဗစ္၁၉ကပ္ေရာဂါႀကီးၿပီးသြားရင္ေတာင္ အလုပ္သစ္ရဖို႔ ခက္ခဲလို႔ သတင္းသမားေတြအတြက္ေတာ့ အလုပ္ရပ္နားခံရတာဟာ ႀကီးမားတဲ့စိန္ေခၚမႈတစ္ရပ္ ျဖစ္ေနပါတယ္။

ဒါေၾကာင့္ သတင္းတိုက္ေတြအေနနဲ႔ သတင္းထုတ္လႊင့္မႈရပ္နားျခင္း ၊ သတင္းသမားေတြကို အလုပ္ကေနရပ္နားျခင္းေတြ မျပဳလုပ္ခင္ အလုပ္သမားတစ္ဦး ရသင့္ရထိုက္တဲ့ အခြင့္အေရးေတြေပးဖို႔ ႀကိဳတင္ျပင္ဆင္ထားဖို႔လိုအပ္ေနတယ္လို႔ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ ရဲ႕ အတြင္းေရးမႉးဦးျမင့္ေက်ာ္က ေျပာဆိုလိုက္ပါတယ္။

“သတင္းတိုက္ေတြ အလုပ္ရွင္အလုပ္သမား ဥပေဒနဲ႔အညီလုပ္ဖို႔လိုတယ္။ အလုပ္နားၾကတဲ့အခါ အလုပ္သမားဥပေဒပါအတိုင္း သတင္းသမားလည္း အဲ့ဒီအခြင့္အေရးေတြရဖို႔လိုတယ္။ကိုယ္လုပ္ထားတဲ့ လုပ္ခလစာေရာ ၊ အလုပ္ရွင္ဘက္က ႏို႔တစ္ေၾကးေတြေရာ ရသင့္ရထိုက္တဲ့အခြင့္အေရးေတြ ရဖို႔လိုတယ္။ အဲ့ဒီဥပေဒအတိုင္း ရသင့္ရထိုက္တဲ့အခြင့္အေရး အလုပ္ရွင္ဘက္က ျပင္ဆင္ထားဖို႔လိုတယ္။ ရပ္တဲ့အခ်ိန္ ဘယ္အ ခ်ိန္ရပ္နားမလဲ သတင္းသမားေတြ နစ္နာတာကိုနားလည္ေပးဖို႔လိုတယ္”လို႔ေျပာပါတယ္။

ဒါေပမယ့္ လက္ရွိမွာေတာ့ သတင္းတိုက္ေတြဟာ သတင္းသမားေတြကို ထိုက္သင့္တဲ့ ရပိုင္ခြင့္ေတြ စီစဥ္ေပးမႈ အားနည္းေနတာကိုေတြ႕ရပါတယ္။လုပ္ခလစာကိုေတာင္ ဧၿပီလစာပဲေပးၿပီး ရပ္နားလိုက္တာေတြရွိေနသလို ေမလကို အလုပ္မလုပ္ေစဘဲ လုပ္ခလစာတစ္၀က္ျဖင့္ အလုပ္နားေစျခင္း ၊ ဇြန္လကစၿပီး လစာမဲ့ခြင့္ျဖင့္ အလုပ္နားလိုက္ျခင္း စတဲ့အေျခအေနေတြရွိေနပါတယ္။ဒီအေျခေနေတြကို သတင္းသမားေတြခံစားေနၾကရပါတယ္။

“ကိုဗစ္မျဖစ္ခင္ေတာင္ ယိုင္လဲတာေတြရွိတယ္။ ဒါေတြကို ျပန္ၾကားေရးဌာနအေနနဲ႔ ကူညီသင့္ တယ္။ ေထာက္ကူသင့္တယ္။ မီဒီယာဆိုတာ စတုတၳမ႑ိဳင္ပဲေလ။ လုပ္ငန္းလည္ပတ္ႏိုင္ေအာင္ ေခ်းေငြထုတ္ေခ်းတာမ်ိဳးေပါ့။ မီဒီယာေတြၿပိဳလဲေနတာကို ေထာက္ပံ့ေပးသင့္တယ္။ အလုပ္ရွင္ေတြအေနနဲ႔လည္း လက္လႊတ္စပယ္မလုပ္သင့္ဘူး။ သတင္းသမားဆိုတာ အလုပ္သမားပဲ။ အခြင့္အေရးေတာ့ အျပည့္ အ၀ရရမယ္၊ လက္လႊတ္စပယ္ထက္ ညႇိႏႈိင္းမႈလိုတယ္။ ဘယ္လိုလုပ္ရင္ အဆင္ေျပႏိုင္မလဲေပါ့။”လို႔ The Voice Journal က သတင္းေထာက္ မေမသက္ဇင္က ေျပာပါတယ္။

လက္ရွိ NLD အစိုးရလက္ထက္မွာ ပုဂၢလိကမီဒီယာေတြရပ္တည္ေရးအတြက္ကူညီမႈက ခုခ်ိန္ထိဘာမွ အေကာင္ထည္ျပစရာမရွိသလို ျပန္ၾကားေရး၀န္ႀကီးဌာနနဲ႔ ေတြ႕ဆုံခ်ိန္တိုင္း တင္ျပခဲ့ေပမယ့္လည္း ခုထိကူညီတာမရွိေသးပါဘူးလို႔ သိရပါတယ္။

ကမာၻ႔ကပ္ေရာဂါကာလအတြင္း သတင္းေထာက္တခ်ိဳ႕ ေျမျပင္ကြင္းဆင္း သတင္းလိုက္ရတာရွိသလို ၊ က်န္သတင္းေထာက္ေတြအေနနဲ႔လည္း အိမ္မွာေနၿပီး သတင္းေတြကို ေရးသားေပးေနရပါတယ္။ ႐ုံးမတက္ရတာတစ္ခုသာရွိၿပီး သတင္းကိုေတာ့ အခ်ိန္နဲ႔တေျပးညီ ေရးသားတင္ဆက္ေပးေနရတာေၾကာင့္ ခုလို အလုပ္ရပ္နားခံရတာေတြ ၊ လူေလွ်ာ့တာေတြ အထိျဖစ္လာလိမ့္မယ္လို႔ မထင္ ခဲ့ၾကေပမယ့္ ခုေတာ့ ဒီစိန္ေခၚမႈေတြကို သတင္းသမားေတြ စတင္ခံစားေနၾကရပါတယ္။

“သတင္းသမားမိသားစု စား၀တ္ေနေရးဒုကၡေရာက္တယ္။ နယ္ကလာရေတာ့ အိမ္ငွားခေတြ ဒုကၡေရာက္မယ္၊ တျခားတိုက္ေတြကလည္း အလုပ္ထပ္ေခၚဖို႔မရွိဘူး။ ဒီေတာ့ အလုပ္လက္မဲ့ျဖစ္တာကို ဘယ္လိုကာဗာေပးမလဲ။ သူမ်ားေတြအတြက္ အခြင့္အေရးေတြ ေတာင္းဆိုေပးေနတဲ့ သတင္းေထာက္ေတြအတြက္က် ဘယ္သူေတြက ေတာင္းဆိုေပးမွာလဲ။ခု သူတို႔ကိုယ္တိုင္အလုပ္ လက္မဲ့ျဖစ္ကုန္ၿပီ။ စဥ္းစားစရာတစ္ခုျဖစ္လာတယ္။ ၿပီးေတာ့ ခုေကာင္စီကသပ္သပ္ သတင္း မားကသပ္သပ္ ျဖစ္ေနတယ္။”လို႔ လက္ရွိ သတင္းတိုက္တစ္ခုမွာ သတင္းေထာက္အျဖစ္လုပ္ကိုင္ေနသူ ကိုသီဟက ေျပာပါတယ္။

ျပည္တြင္းသတင္းမီဒီယာဌာနႀကီးတစ္ခုျဖစ္တဲ့ Eleven Media Groupကလည္း ကိုဗစ္ကာလမွာ သတင္းတိုက္ ေရရွည္ရပ္တည္ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေနေၾကာင္း၊သတင္းတိုက္ေတြအေနနဲ႔လည္း သတင္းသမားေတြနဲ႔ ေျပေျပလည္လည္ညႇိႏႈိင္းလုပ္ေဆာင္သင့္သလို အစိုးရဘက္ကလည္း အေထာက္အပံ့ေတြေပးေစလိုတယ္လို႔သိရပါတယ္။

“မီဒီယာေတြကေတာ့ လြန္ခဲ့တဲ့ ၃ ၊ ၄ ႏွစ္ထဲက က်ဆင္းတယ္။ ဆိုး႐ြားတဲ့အေျခေနျဖစ္တယ္၊ ရပ္တည္ရတာ ခက္လာတယ္။ ခုေတာ့ပိုဆိုးတာေပါ့။ ဒါေၾကာင့္ ဇန္နဝါရီေလာက္ထဲက ႀကိဳတင္ျပင္ဆင္တယ္။ ကိုဗစ္ကာလက ဘယ္ေလာက္ၾကာမလဲ မသိႏိုင္ေတာ့ ျပင္ဆင္ထားတာက လစာေတြ ေလွ်ာ့တာမ်ိဳးတာ့ရွိလာႏိုင္တယ္၊ ၅ ရာခိုင္ႏႈန္းျဖစ္မလား၊ အဲ့ဘရိတ္ ၁၅ ရာခိုင္ႏႈန္းသြားမလားေပါ့။ က်ေနာ္တို႔ဆီမွာေတာ့ အရင္ကေရာ ခုေရာ အလုပ္ထုတ္လိုက္ရတာမရွိဘူး။အစိုးရက မီဒီယာပိုင္းကိုကူညီသင့္တယ္။ အခြန္ေဆာင္ထားသလား ၊ ၀န္ထမ္း ဘယ္ေလာက္ရွိလဲ စိစစ္ၿပီး ၀န္ထမ္းလစာကို ၁ လကေန ၃ လအထိ ေထာက္ပံ့ေပးႏိုင္ရင္ ေကာင္းမယ္။”လို႔ Daily Eleven သတင္းစာႏွင့္ Weekly Eleven Journal ရဲ႕ အယ္ဒီတာခ်ဳပ္ ကိုေက်ာ္ေဇာလင္းက ေျပာပါတယ္။

မီဒီယာေလာကဟာ ရပ္တည္ဖို႔မလြယ္ေတာ့ဘဲ ခက္ခဲ့လာတဲ့အျပင္ အခြင့္အလမ္းလည္း နည္းလာေၾကာင္း ၊ အႏၲရာယ္မ်ားတဲ့အေျခအေနလည္းျဖစ္တာေၾကာင့္ သတင္းေထာက္အလုပ္ကို တကယ္စိတ္၀င္စားမွသာ လုပ္ကိုင္ဖို႔ ေ႐ြးခ်ယ္သင့္ေနပါၿပီ။

လတ္တေလာ အလုပ္သမားေတြကို ထပ္မံရပ္နားလိုက္တဲ့ အကုန္သိသတင္းဌာနကေတာ့ ၀န္ထမ္းေတြကို ဧၿပီလစာေပးဖို႔ျပင္ဆင္ေနပါတယ္။ ၿပီးရင္ေတာ့ အလုပ္ကို ကိုဗစ္ကာလအေပၚမူတည္ၿပီး ရပ္နားလိုက္တယ္လို႔ အကုန္သိသတင္းဌာန ရဲ႕ တာ၀န္ခံအယ္ဒီတာ မ်ိဳးသူေအာင္က ေျပာပါတယ္။

“ေဒဝါလီခံတာမဟုတ္ဘူး။ယာယီရပ္နားတာပါ။ရပ္နားလိုက္တဲ့အတြက္ နစ္နာေၾကးမဟုတ္ဘဲ ျပန္ကုစားေပးႏိုင္ဖို႔ျပင္ဆင္ေနတယ္။ လုပ္ငန္းလည္ပတ္မႈကေတာ့ ရွိေနမယ္ ။ တခ်ိဳ႕၀န္ထမ္းေတြက သူတို႔အသိစိတ္ဓာတ္ နဲ႔ အိမ္ကေန သတင္းေတြ လိုက္ေပးမယ္၊ ႐ုံးမွာ ႐ုံးအိပ္႐ုံးစားေနၿပီး လုပ္ေနမယ့္သူေတြလည္း ရွိေနမယ္။ ၀န္ထမ္းေတြနဲ႔ ဒီေန႔ေဆြးေႏြးမႈအဆင္ေျပပါတယ္။ အျငင္းပြားတာမရွိဘူး။ လက္ခံၾကတယ္” လို႔ ကိုမ်ိဳးသူေအာင္ကေျပာပါတယ္။

လက္ရွိျမန္မာႏိုင္ငံမွာ အြန္လိုင္းသတင္းမီဒီယာေပါင္း ၂၆၀ ေလာက္ရွိၿပီး တကယ္တမ္း သတင္း ပိုင္း လုပ္ေဆာင္ေနတာကေတာ့ ၅၀ ေလာက္သာရွိပါတယ္။ ဂ်ာနယ္ေတြလည္း ၁၅၀ ေက်ာ္ ေလာက္ရွိၿပီး ပုဂၢလိက သတင္းစာကေတာ့ ၁၀ ခုပင္မျပည့္ပါဘူး။

“သတင္းသမားမွမဟုတ္ပါဘူး။ နစ္နာေၾကးမေပးဘဲ အလုပ္ရပ္နားတာက ဘယ္ဝန္ထမ္းအတြက္မွ မျဖစ္သင့္တဲ့ကိစၥပါ။ ညႇိႏႈိင္းမႈေတာ့ လုပ္သင့္တယ္။ အလုပ္ရွင္နဲ႔ ဝန္ထမ္းေတြ တိုင္ပင္ေဆြးေႏြးၿပီး အေကာင္းဆုံးနည္းလမ္းတစ္ခုကို ရွာသင့္တယ္။ ဒီကာလကို အတူတူလက္တြဲၿပီး ေက်ာ္ျဖတ္သင့္တယ္လို႔ ထင္ပါတယ္။”လို႔ ဓူဝံမီဒီယာရဲ႕ မန္ေနဂ်င္းအယ္ဒီတာ မအိအိမာကေျပာပါတယ္။

ခုဆိုရင္ေတာ့ ျပည္တြင္းက သတင္းေထာက္ေတြ ၊ အယ္ဒီတာေတြ ရာဂဏန္း၀န္းက်င္ဟာ အလုပ္ ကေန ရပ္နားခံလိုက္ရပါၿပီ။

ရပ္နားခံလိုက္ရတဲ့သတင္းသမားေတြအေနနဲ႔ ထိုက္သင့္တဲ့ အလုပ္သမားတစ္ေယာက္ရဲ႕ရပိုင္ခြင့္ေတြ ရရွိမႈကေတာ့ နည္းပါးေနပါတယ္။

သတင္းတိုက္ေတြမွာ တာဝန္ထမ္းေဆာင္ေနတဲ့သတင္းမားေတြဟာလည္း စိုးရိမ္စိတ္ေတြရွိေနပါၿပီး သတင္းသမားေတြအေနနဲ႔ ႀကိဳတင္ျပင္ဆင္မႈေတြလုပ္ဖို႔ လိုအပ္တယ္ဆိုတာ သက္ေသျပခဲ့ပါၿပီ။

#voiceofmyanmar #VOM #အနာဂတ္မေရရာတဲ့ #ျမန္မာ့မီဒီယာ

Related posts

Leave a Comment

VOM News

FREE
VIEW