Omni Focus ယာဉ်မောင်း ၆၄ ဦးကို တစ်လအတွင်း သိန်းလေးရာနီးပါး လျော်ကြေးပေးဖို့ ခုံသမာဓိ‌ကောင်စီက ဆုံးဖြတ်ချက်ချ

#VoiceofMyanmar #VOM #YBS #လျော်ကြေးငွေ #Omni Focus

Omni Focus ယာဉ်မောင်း ၆၄ ဦးကို တစ်လအတွင်း သိန်းလေးရာနီးပါး လျော်ကြေးပေးဖို့ ခုံသမာဓိ‌ကောင်စီက ဆုံးဖြတ်ချက်ချ

ရန်ကုန်၊သြဂုတ်၊၃၊၂၀၂၀
အေးချမ်းသူ(VOM)

Omni Focus ကုမ္ပဏီက အလုပ်ရှင်၊ အလုပ်သမားပြသာနာအတွက်ယာဉ်မောင်း ၆၄ ယောက်ကို တစ်လအတွင်းမှာ သိန်းလေးရာနီးပါး လျှော်
ကြေးပေးရန် ခုံသမာဓိ‌ကောင်စီက ဆုံးဖြတ်ချက်ချခဲ့တယ်လို့ အဲ့ဒီယာဉ်မောင်းတွေဆီကနေ သိရပါတယ်။

“အခုကိစ္စက သုံးလပိုင်းကတည်းကဖြစ်နေတာ ဌာနဆိုင်ရာမှာဖြေရှင်းရင် အလုပ်ရှင်က အဆင့်ဆင့်တက်တယ်၊ အစ်ကိုတို့ကလည်း
လိုက်တယ်၊ နောက်ဆုံး ခုံကောင်စီကျမှ ယာဉ်မောင်း ၆၄ ဦးကို တစ်လအတွင်းလျော် ပေးဖို့ ဆုံးဖြတ်ခဲ့တာ”တိုင်ကြားရာမှာ
ဦးဆောင်တဲ့ အမှတ် ၈၂ယာဉ်လိုင်းက ယာဉ်မောင်းဖြစ်သူ ဦးငြိမ်းချမ်းဝင်းက ပြောပါတယ်။

Omni Focus ယာဉ်လိုင်းကုမ္မဏီနဲ့ ယာဉ်မောင်း ၆၄ ယောက်တို့က ပြီးခဲ့တဲ့မတ်လ က ယာဉ်မောင်းတွေကို လခစားအဖြစ်ကနေ ရပ်နားပြီး
စနစ်သစ်နဲ့ ယာဉ်လိုင်းတွေကို ပြန်လည်ပြေးဆွဲမယ်ဆိုတဲ့ထုတ်ပြန်ချက်ကြောင့် တိုင်ကြားမှုတွေ ဖြစ်ပေါ်ရခြင်းဖြစ်ပြီးတော့ ယာဉ်လိုင်းကုမ္မဏီနဲ့ ယာဉ်မောင်းဖြစ်ခဲ့တဲ့ အလုပ်ရှင်၊ အလုပ်သမားပြသာနာက သုံးလနီးပါးကြာမြင့်ခဲ့ပြီးတော့ ဇူလိုင်လ ၂၇ ရက်နေ့မှာ ခုံကောင်စီက အလုပ်ရှင်ကို အလုပ်သမား ၆၄ ယောက်အတွက် တစ်လအတွင်းမှာ လျော်ကြးငွေ သိန်းလေးရာနီးပါး ပေးဆောင်ဖို့ ချမှတ်ခဲ့တယ်လို့ ပြောပါတယ်။

” စနစ်သစ်မှာ ယာဉ်မောင်းတွေ လစာမရဘူး မောင်းလို့ရတဲ့ငွေထဲကGas ဖိုးနှုတ်မယ် ပြီးရင် ၃၅% ကို ကျနော်တို့က ရမယ် ကျန်တဲ့ ၆၅
% ကို ကုမ္မဏီက ရမယ်အာ့ကြောင့် အခုလိုပြသာနာဖြစ်တာ” လို့ ဦးငြိမ်းချမ်းဝင်း က ဆက်လက်ပြီး ရှင်းပြပါတယ်။

အဲ့ဒီကိစ္စကို ပြည်သူပါတီ၊ အလုပ်သမားအဖွဲ့အစည်းများဖြစ်တဲ့ CTUM နဲ့ CCTU တို့က ကူညီပေးခဲ့တယ်လို့ အဲဒီယာဉ်မောင်းတွေဆီကနေ သိရပါတယ်။

ခုံကောင်စီက ဆုံးဖြတ်ချက်ကို ယာဉ်လိုင်းကုမ္မဏီအနေနဲ့ လိုက်နာခြင်းမရှိပါက တစ်လကို ပေးရမည်လျော်ကြေးငွေရဲ့ ၂၀% ကို အ
ပိုထပ်ဆောင်းပေးသွားရမှာဖြစ်ပြီးတော့ သုံးလပြည့်ချိန်တဲ့အချိန်မှာ ယာဉ်မောင်း ၆၄ ယောက်ကို လျှော်ကြေးငွေ မပေးနိူင်ပါက အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနက တရားလိုပြုလုပ်ပြီး တရားစွဲဆိုမှာဖြစ်တယ်လို့ လိုက်လံကူညီခဲ့သူ အလုပ်သမားအချင်းချင်း
ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(CCTU)က အထွေထွေအတွင်းရေးမှုးဦးရဲနိုင်ဝင်းက ပြောပါတယ်။

Omini Focus ကုမ္မဏီအနေ့နဲ့ ခုံကောင်စီက ဆုံးဖြတ်ချက်စာမှာ ရှင်းလင်းမှုမရှိတာကြောင့် ဇူလိုင် လ ၃၀ရက်နေ့မှာ စာပြန်တင်ထားတယ်လို့ အဲ့ဒီကုမ္မဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်း က ပြောပါတယ်။

“ကျနော်တို့က မပေးဘူးမဟုတ်ဘူး၊ ပေးမှာ အလုပ်သမားတွေရဲ့အခြေခံလစာအပေါ် တွက်ချက်ပြီး ပေးချင်တာ၊ ပြီးတော့ ကိုဗစ်ကာ
လမှာ လုပ်ငန်းခွင်အခက်အခဲကြောင့် ရပ်နားရတယ်၊ အလုပ်သမားတွေ ရသင့်ရထိုက်တာ ပေးမှာပါ၊ အခုက ခုံကောင်စီက အမိန့်တွေထဲ
မှာ မရှင်းလင်းတာလေးတွေရှိလို့ စာပြန်တင်ထားတာပါ “လို့ ဦးထွန်းတောက် က ပြောပါတယ်။

Omni Focus ကုမ္ပဏီက ယာဉ်လိုင်းနံပါတ် ၅၆၊ ၂၀၊ ၈၂၊ ၈၃၊ ၉၈ ၉၉၊ ၁၀၁၊ Airport-Sule အစရှိတဲ့ ယာဉ်လိုင်း ကိုးခုနဲ့ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းကုမ္ပဏီတစ်ခု ဖြစ်တယ်လို့သိရပါတယ်။

#VoiceofMyanmar #VOM #YBS #လျော်ကြေးငွေ #Omni Focus

Zawgyi

Omni Focus ယာဥ္ေမာင္း ၆၄ ဦးကို တစ္လအတြင္း သိန္းေလးရာနီးပါး ေလ်ာ္ေၾကးေပးဖို႔ ခုံသမာဓိ‌ေကာင္စီက ဆုံးျဖတ္ခ်က္ခ်

ရန္ကုန္၊ၾသဂုတ္၊၃၊၂၀၂၀
ေအးခ်မ္းသူ(VOM)

Omni Focus ကုမၸဏီက အလုပ္ရွင္၊ အလုပ္သမားျပသာနာအတြက္ယာဥ္ေမာင္း ၆၄ ေယာက္ကို တစ္လအတြင္းမွာ သိန္းေလးရာနီးပါး ေလွ်ာ္ေၾကးေပးရန္ ခုံသမာဓိ‌ေကာင္စီက ဆုံးျဖတ္ခ်က္ခ်ခဲ့တယ္လို႔ အဲ့ဒီယာဥ္ေမာင္းေတြဆီကေန သိရပါတယ္။

“အခုကိစၥက သုံးလပိုင္းကတည္းကျဖစ္ေနတာ ဌာနဆိုင္ရာမွာေျဖရွင္းရင္ အလုပ္ရွင္က အဆင့္ဆင့္တက္တယ္၊ အစ္ကိုတို႔ကလည္း
လိုက္တယ္၊ ေနာက္ဆုံး ခုံေကာင္စီက်မွ ယာဥ္ေမာင္း ၆၄ ဦးကို တစ္လအတြင္းေလ်ာ္ ေပးဖို႔ ဆုံးျဖတ္ခဲ့တာ”တိုင္ၾကားရာမွာ
ဦးေဆာင္တဲ့ အမွတ္ ၈၂ယာဥ္လိုင္းက ယာဥ္ေမာင္းျဖစ္သူ ဦးၿငိမ္းခ်မ္းဝင္းက ေျပာပါတယ္။

Omni Focus ယာဥ္လိုင္းကုမၼဏီနဲ႔ ယာဥ္ေမာင္း ၆၄ ေယာက္တို႔က ၿပီးခဲ့တဲ့မတ္လ က ယာဥ္ေမာင္းေတြကို လခစားအျဖစ္ကေန ရပ္နားၿပီးစနစ္သစ္နဲ႔ ယာဥ္လိုင္းေတြကို ျပန္လည္ေျပးဆြဲမယ္ဆိုတဲ့ထုတ္ျပန္ခ်က္ေၾကာင့္ တိုင္ၾကားမႈေတြ ျဖစ္ေပၚရျခင္းျဖစ္ၿပီးေတာ့ ယာဥ္လိုင္းကုမၼဏီနဲ႔ ယာဥ္ေမာင္းျဖစ္ခဲ့တဲ့ အလုပ္ရွင္၊ အလုပ္သမားျပသာနာက သုံးလနီးပါးၾကာျမင့္ခဲ့ၿပီးေတာ့ ဇူလိုင္လ ၂၇ ရက္ေန႔မွာ ခုံေကာင္စီက အလုပ္ရွင္ကို အလုပ္သမား ၆၄ ေယာက္အတြက္ တစ္လအတြင္းမွာ ေလ်ာ္ၾကးေငြ သိန္းေလးရာနီးပါး ေပးေဆာင္ဖို႔ ခ်မွတ္ခဲ့တယ္လို႔ ေျပာပါတယ္။

” စနစ္သစ္မွာ ယာဥ္ေမာင္းေတြ လစာမရဘူး ေမာင္းလို႔ရတဲ့ေငြထဲကGas ဖိုးႏႈတ္မယ္ ၿပီးရင္ ၃၅% ကို က်ေနာ္တို႔က ရမယ္ က်န္တဲ့ ၆၅
% ကို ကုမၼဏီက ရမယ္အာ့ေၾကာင့္ အခုလိုျပသာနာျဖစ္တာ” လို႔ ဦးၿငိမ္းခ်မ္းဝင္း က ဆက္လက္ၿပီး ရွင္းျပပါတယ္။

အဲ့ဒီကိစၥကို ျပည္သူပါတီ၊ အလုပ္သမားအဖြဲ႕အစည္းမ်ားျဖစ္တဲ့ CTUM နဲ႔ CCTU တို႔က ကူညီေပးခဲ့တယ္လို႔ အဲဒီယာဥ္ေမာင္းေတြဆီကေန သိရပါတယ္။

ခုံေကာင္စီက ဆုံးျဖတ္ခ်က္ကို ယာဥ္လိုင္းကုမၼဏီအေနနဲ႔ လိုက္နာျခင္းမရွိပါက တစ္လကို ေပးရမည္ေလ်ာ္ေၾကးေငြရဲ႕ ၂၀% ကို အ
ပိုထပ္ေဆာင္းေပးသြားရမွာျဖစ္ၿပီးေတာ့ သုံးလျပည့္ခ်ိန္တဲ့အခ်ိန္မွာ ယာဥ္ေမာင္း ၆၄ ေယာက္ကို ေလွ်ာ္ေၾကးေငြ မေပးႏိူင္ပါက အလုပ္႐ုံႏွင့္ အလုပ္သမား ဥပေဒစစ္ေဆးေရးဦးစီးဌာနက တရားလိုျပဳလုပ္ၿပီး တရားစြဲဆိုမွာျဖစ္တယ္လို႔ လိုက္လံကူညီခဲ့သူ အလုပ္သမားအခ်င္းခ်င္းပူးေပါင္းေဆာင္႐ြက္ေရးေကာ္မတီ(CCTU)က အေထြေထြအတြင္းေရးမႈးဦးရဲႏိုင္ဝင္းက ေျပာပါတယ္။

Omini Focus ကုမၼဏီအေန႔နဲ႔ ခုံေကာင္စီက ဆုံးျဖတ္ခ်က္
စာမွာ ရွင္းလင္းမႈမရွိတာေၾကာင့္ ဇူလိုင္ လ ၃၀ရက္ေန႔မွာ စာျပန္တင္
ထားတယ္လို႔ အဲ့ဒီကုမၼဏီရဲ႕ မန္ေနဂ်င္းဒါ႐ိုက္တာ ဦးထြန္းေတာက္
ဝင္း က ေျပာပါတယ္။

“က်ေနာ္တို႔က မေပးဘူးမဟုတ္ဘူး၊ ေပးမွာ အလုပ္သမားေတြရဲ႕အေျခခံလစာအေပၚ တြက္ခ်က္ၿပီး ေပးခ်င္တာ၊ ၿပီးေတာ့ ကိုဗစ္ကာ
လမွာ လုပ္ငန္းခြင္အခက္အခဲေၾကာင့္ ရပ္နားရတယ္၊ အလုပ္သမားေတြ ရသင့္ရထိုက္တာ ေပးမွာပါ၊ အခုက ခုံေကာင္စီက အမိန႔္ေတြထဲ
မွာ မရွင္းလင္းတာေလးေတြရွိလို႔ စာျပန္တင္ထားတာပါ “လို႔ ဦးထြန္းေတာက္ က ေျပာပါတယ္။

Omni Focus ကုမၸဏီက ယာဥ္လိုင္းနံပါတ္ ၅၆၊ ၂၀၊ ၈၂၊ ၈၃၊ ၉၈ ၉၉၊ ၁၀၁၊ Airport-Sule အစရွိတဲ့ ယာဥ္လိုင္း ကိုးခုနဲ႔ ရန္ကုန္ၿမိဳ႕အတြင္း ေျပးဆြဲေနတဲ့ YBS ယာဥ္လိုင္းကုမၸဏီတစ္ခု ျဖစ္တယ္လို႔သိရပါတယ္။

#VoiceofMyanmar #VOM #YBS #ေလ်ာ္ေၾကးေငြ #Omni Focus

Related posts

Leave a Comment

VOM News

FREE
VIEW