တက္ကသိုလ်ဝင်တန်းမအောင်တဲ့ ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး

တက္ကသိုလ်ဝင်တန်းမအောင်တဲ့ ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး

ကလေး၊ သြဂုတ် ၉၊၂၀၂၀
ငြိမ်းသူမင်း(VOM)

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာမှာနေထိုင်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုထားတဲ့ ကျောင်းသားတစ်ဦး စာမေးပွဲမအောင်တာကြောင့် ကြိုးဆွဲချသေဆုံးတဲ့ ဖြစ်စဉ်တစ်ခု ဒီကနေ့နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ထန်းပင်ကုန်းကျေးရွာ တာဝန်ခံ ဦးတင်ထွန်း က ပြောပါတယ်။

ထန်းပင်ကုန်းကျေးရွာမှာ နေထိုင်တဲ့ မောင်လှဇော်ထွန်း အသက်(၁၈) နှစ်ဟာ နေအိမ်ခြံဝန်းထဲမှာရှိတဲ့ အိမ်အဟောင်းအပေါ်ထပ် ထုပ်တန်းမှာ ကြိုးဆွဲချသေဆုံးနေတာကို ဒီနေ့ နေ့လယ် ၁၂ နာရီ အချိန်ခန့်က နေအိမ်ကလူတွေက မြင်တွေ့ခဲ့တာဖြစ်ပြီး မောင်လှဇော်ထွန်းက တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့တာ ဒီနှစ်နဲ့ ဆိုရင် နှစ်ကြိမ်ရှိနေပြီဖြစ်ပေမယ့် စာမေးပွဲမအောင်မြင်တာကြောင့် ကြိုးဆွဲချသေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကျေးရွာတာဝန်ခံ ဦးတင်ထွန်း ပြောပြတာက “အိမ်အသစ် ဆောက်တော့ အိမ်အဟောင်းက မဖျက်ရသေးဘူး။ အဲ့ဒီ အိမ်အဟောင်း အပေါ်ထပ်မှာဖြစ်တာ။ အိမ်အသစ်မှာတော့ လူတွေတက်နေကုန်ကျပြီ။ အိမ်အဟောင်းကို မဖျက်သေးတာ။ အိမ်အဟောင်းက ခြံဝန်းတစ်ဝန်းထဲမှာပဲရှိတာ။ ကလေးက ဆယ်တန်းမအောင်တော့ စိတ်မကောင်း ဖြစ်တာ။ သူက ဒီနှစ်ရောဆိုရင် ၂ နှစ်ရှိပြီ။ သူ့အဖော်တွေ မေးကြည့်တော့ သူ့အဖော်တွေက အောင်သွားတော့ သူက စိတ်မကောင်း ဖြစ်တာ”လို့ ပြောပါတယ်။

ကြိုးဆွဲချသေဆုံးသူကို ဒီကနေ့ နေ့လယ်ပိုင်းမှာပဲ ကျေးရွာမှာရှိတဲ့ သုသာန်မှာ သဂြိုၤဟ်ခဲ့ပြီး ဖြစ်တယ်လို့ ကျေးရွာတာဝန်ခံ က ပြောပါတယ်။

ထန်းပင်ကုန်းကျေးရွာမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူဦးရေ ၄ ဦး ရှိပြီးတော့ အဲ့ဒီထဲကနေ ၃ ဦး အောင်မြင်ခဲ့ပြီး ကြိုးဆွဲချသေဆုံးသူ တစ်ဦးတည်း စာမေးပွဲကျခဲ့တာ ဖြစ်ပါတယ်။သြဂုတ်လ ၉ ရက်နေ့ မနက်ပိုင်း မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ပညာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဝန်းသို

Zawgyi

တကၠသိုလ္ဝင္တန္းမေအာင္တဲ့ ေက်ာင္းသားတစ္ဦး ႀကိဳးဆြဲခ်ေသဆုံး

ကေလး၊ ၾသဂုတ္ ၉၊၂၀၂၀
ၿငိမ္းသူမင္း(VOM)

စစ္ကိုင္းတိုင္း၊ ဝန္းသိုၿမိဳ႕နယ္၊ ထန္းပင္ကုန္းေက်း႐ြာမွာေနထိုင္တဲ့ တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုထားတဲ့ ေက်ာင္းသားတစ္ဦး စာေမးပြဲမေအာင္တာေၾကာင့္ ႀကိဳးဆြဲခ်ေသဆုံးတဲ့ ျဖစ္စဥ္တစ္ခု ဒီကေန႔ေန႔လယ္ပိုင္းက ျဖစ္ပြားခဲ့တယ္လို႔ ထန္းပင္ကုန္းေက်း႐ြာ တာဝန္ခံ ဦးတင္ထြန္း က ေျပာပါတယ္။

ထန္းပင္ကုန္းေက်း႐ြာမွာ ေနထိုင္တဲ့ ေမာင္လွေဇာ္ထြန္း အသက္(၁၈) ႏွစ္ဟာ ေနအိမ္ၿခံဝန္းထဲမွာရွိတဲ့ အိမ္အေဟာင္းအေပၚထပ္ ထုပ္တန္းမွာ ႀကိဳးဆြဲခ်ေသဆုံးေနတာကို ဒီေန႔ ေန႔လယ္ ၁၂ နာရီ အခ်ိန္ခန႔္က ေနအိမ္ကလူေတြက ျမင္ေတြ႕ခဲ့တာျဖစ္ၿပီး ေမာင္လွေဇာ္ထြန္းက တကၠသိုလ္ဝင္တန္းေျဖဆိုခဲ့တာ ဒီႏွစ္နဲ႔ ဆိုရင္ ႏွစ္ႀကိမ္ရွိေနၿပီျဖစ္ေပမယ့္ စာေမးပြဲမေအာင္ျမင္တာေၾကာင့္ ႀကိဳးဆြဲခ်ေသဆုံးခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

ေက်း႐ြာတာဝန္ခံ ဦးတင္ထြန္း ေျပာျပတာက “အိမ္အသစ္ ေဆာက္ေတာ့ အိမ္အေဟာင္းက မဖ်က္ရေသးဘူး။ အဲ့ဒီ အိမ္အေဟာင္း အေပၚထပ္မွာျဖစ္တာ။ အိမ္အသစ္မွာေတာ့ လူေတြတက္ေနကုန္က်ၿပီ။ အိမ္အေဟာင္းကို မဖ်က္ေသးတာ။ အိမ္အေဟာင္းက ၿခံဝန္းတစ္ဝန္းထဲမွာပဲရွိတာ။ ကေလးက ဆယ္တန္းမေအာင္ေတာ့ စိတ္မေကာင္း ျဖစ္တာ။ သူက ဒီႏွစ္ေရာဆိုရင္ ၂ ႏွစ္ရွိၿပီ။ သူ႔အေဖာ္ေတြ ေမးၾကည့္ေတာ့ သူ႔အေဖာ္ေတြက ေအာင္သြားေတာ့ သူက စိတ္မေကာင္း ျဖစ္တာ”လို႔ ေျပာပါတယ္။

ႀကိဳးဆြဲခ်ေသဆုံးသူကို ဒီကေန႔ ေန႔လယ္ပိုင္းမွာပဲ ေက်း႐ြာမွာရွိတဲ့ သုသာန္မွာ သၿဂိဳၤဟ္ခဲ့ၿပီး ျဖစ္တယ္လို႔ ေက်း႐ြာတာဝန္ခံ က ေျပာပါတယ္။

ထန္းပင္ကုန္းေက်း႐ြာမွာ တကၠသိုလ္ဝင္တန္းစာေမးပြဲ ေျဖဆိုသူဦးေရ ၄ ဦး ရွိၿပီးေတာ့ အဲ့ဒီထဲကေန ၃ ဦး ေအာင္ျမင္ခဲ့ၿပီး ႀကိဳးဆြဲခ်ေသဆုံးသူ တစ္ဦးတည္း စာေမးပြဲက်ခဲ့တာ ျဖစ္ပါတယ္။ၾသဂုတ္လ ၉ ရက္ေန႔ မနက္ပိုင္း မွာ တကၠသိုလ္ဝင္တန္း စာေမးပြဲ ေအာင္စာရင္းကို ပညာေရးဝန္ႀကီးဌာနကေန ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ဝန္းသို

Related posts

Leave a Comment

VOM News

FREE
VIEW