အကျဉ်းဦးစီးဌာန စာဖြေဌာနတွေက လေးဘာသာဂုဏ်ထူးရှင်တစ်ဦးအပါအဝင် ၁၀၈ ဦးအောင်မြင်

အကျဉ်းဦးစီးဌာန စာဖြေဌာနတွေက လေးဘာသာဂုဏ်ထူးရှင်တစ်ဦးအပါအဝင် ၁၀၈ ဦးအောင်မြင်

နေပြည်တော်၊ဩဂုတ် ၉-၂၀၂၀
ကောင်းလက်ျာ(VOM)

ပြည်ထဲရေးဝန်ကြီးဌာနရဲ့လက်အောက်မှာရှိတဲ့ အကျဉ်းထောင်‌တွေကနေ ၂၀၁၉ -၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ကြတဲ့ အကျဉ်းသားနဲ့အချုပ်ကျတရားခံ၁၇၈ ဦးထဲက လေးဘာသာ ဂုဏ်ထူးရှင်တစ်ဦးအပါအဝင် ၁၀၈ ဦးဖြေဆို အောင်မြင်ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။

“‌ဖြေဆိုသူဦးရေ မတူပေမယ့် အခုနှစ်အာ အောင်မြင်ချက်ရာခိုင်နူန်းမြင့်တယ်ပြော
ရပါမယ်။ မနှစ်က ၁၇၁ ယောက်မှာ ၉၄ ဦးအောင်တယ်။မနှစ်က အောင်ချက် ၅၄ ဒဿမ ၉၇ ဖြစ်ပြီး ၊ အခုနှစ် ၆၀ ရာခိုင်နူန်းပါ”လို့ အကျဉ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ်ဦးရဲရင့်နိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တိုင်းနဲ့ပြည်နယ်အသီးသီးက အကျဉ်းထောင်ပေါင်း ၁၁ ခုမှာအကျဉ်းသား ၁၆၂ ဦး၊အကျဉ်းသူ ၁၃ ဦး၊ အချုပ်ကျတရားခံ၂ ဦး၊ အချုပ်ကျတရားခံအမျိုးသမီး ၁ ဦး စုစုပေါင်းအကျဉ်းသား ၁၇၈ ဦးဝင်ရောက်ဖြေဆိုခဲ့တာဖြစ်ပြီး အောင်ချက် ၆၀ဒဿမ ၆၇ ရာခိုင်နူန်းရှိခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာတော့ အကျဉ်းထောင် ၁၁ ခုက ဝင်ရောက်ဖြေဆိုသူအမနက် လေးဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊သုံးဘာသာ ဂုဏ်ထူးရှင် ၁၁ ဦး ၊နှစ်ဘာသာ ဂုဏ်ထူးရှင် ၂၈ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၃၈ ဦး၊ ရိုးရိုးအောင်မြင်သူ ၃၈ ဦးနဲ့ စုစုပေါင်းအောင်မြင်သူ ကျား ၁၀၀ ဦး၊မ ၈ ဦး၊ ပေါင်း ၁၀၈ ဦးရှိတယ်လို့ အကျဉ်းဦးစီးဌာန ဖော်ပြထားပါတယ်။

” တောင်ငူအကျဉ်းထောင်က နှစ်‌ဦးဖြေဆိုတာ တစ်ယောက်‌အောင်မြင်တယ်။ မနှစ်က အောင်မြင်သူမရှိခဲ့ဘူး”လို့ တောင်ငူခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုင်းနှင့်ပြည်နယ်အသီးသီးမှာ ပြီးခဲ့တဲ့၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူ ၉၁၀၂၂၉ ယောက်အနက် အောင်မြင်သူဦး‌ရေ၂၉၁၇၉၈
အောင်ချက်ရာခိုင်နူန်း ၃၂ ဒဿမ၀၆ရာခိုင်နူန်းရှိတယ်လို့ ဒီကနေ့မနက်ပိုင်းမှာပဲ ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတာဖြစ်ပါတယ်။

Photo – အကျဉ်းဦးစီးဌာန
#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

အက်ဥ္းဦးစီးဌာန စာေျဖဌာနေတြက ေလးဘာသာဂုဏ္ထူးရွင္တစ္ဦးအပါအဝင္ ၁၀၈ ဦးေအာင္ျမင္

ေနျပည္ေတာ္၊ဩဂုတ္ ၉-၂၀၂၀
ေကာင္းလက္်ာ(VOM)

ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕လက္ေအာက္မွာရွိတဲ့ အက်ဥ္းေထာင္‌ေတြကေန ၂၀၁၉ -၂၀၂၀ ခုႏွစ္ တကၠသိုလ္ဝင္တန္း စာေမးပြဲဝင္ေရာက္ေျဖဆိုခဲ့ၾကတဲ့ အက်ဥ္းသားနဲ႔အခ်ဳပ္က်တရားခံ၁၇၈ ဦးထဲက ေလးဘာသာ ဂုဏ္ထူးရွင္တစ္ဦးအပါအဝင္ ၁၀၈ ဦးေျဖဆို ေအာင္ျမင္ခဲ့တယ္လို႔ အက်ဥ္းဦးစီးဌာနကေန သိရပါတယ္။

“‌ေျဖဆိုသူဦးေရ မတူေပမယ့္ အခုႏွစ္အာ ေအာင္ျမင္ခ်က္ရာခိုင္ႏူန္းျမင့္တယ္ေျပာ
ရပါမယ္။ မႏွစ္က ၁၇၁ ေယာက္မွာ ၉၄ ဦးေအာင္တယ္။မႏွစ္က ေအာင္ခ်က္ ၅၄ ဒႆမ ၉၇ ျဖစ္ၿပီး ၊ အခုႏွစ္ ၆၀ ရာခိုင္ႏူန္းပါ”လို႔ အက်ဥ္းဦးစီးဌာနမွ ဒုတိယၫြန္ၾကားေရးမႉးခ်ဳပ္ဦးရဲရင့္ႏိုင္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ တကၠသိုလ္ဝင္တန္းစာေမးပြဲကို တိုင္းနဲ႔ျပည္နယ္အသီးသီးက အက်ဥ္းေထာင္ေပါင္း ၁၁ ခုမွာအက်ဥ္းသား ၁၆၂ ဦး၊အက်ဥ္းသူ ၁၃ ဦး၊ အခ်ဳပ္က်တရားခံ၂ ဦး၊ အခ်ဳပ္က်တရားခံအမ်ိဳးသမီး ၁ ဦး စုစုေပါင္းအက်ဥ္းသား ၁၇၈ ဦးဝင္ေရာက္ေျဖဆိုခဲ့တာျဖစ္ၿပီး ေအာင္ခ်က္ ၆၀ဒႆမ ၆၇ ရာခိုင္ႏူန္းရွိခဲ့တာလည္းျဖစ္ပါတယ္။

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွာေတာ့ အက်ဥ္းေထာင္ ၁၁ ခုက ဝင္ေရာက္ေျဖဆိုသူအမနက္ ေလးဘာသာ ဂုဏ္ထူးရွင္ ၁ ဦး၊သံုးဘာသာ ဂုဏ္ထူးရွင္ ၁၁ ဦး ၊ႏွစ္ဘာသာ ဂုဏ္ထူးရွင္ ၂၈ ဦး၊ ၁ ဘာသာဂုဏ္ထူးရွင္ ၃၈ ဦး၊ ႐ိုး႐ိုးေအာင္ျမင္သူ ၃၈ ဦးနဲ႔ စုစုေပါင္းေအာင္ျမင္သူ က်ား ၁၀၀ ဦး၊မ ၈ ဦး၊ ေပါင္း ၁၀၈ ဦးရွိတယ္လို႔ အက်ဥ္းဦးစီးဌာန ေဖာ္ျပထားပါတယ္။

” ေတာင္ငူအက်ဥ္းေထာင္က ႏွစ္‌ဦးေျဖဆိုတာ တစ္ေယာက္‌ေအာင္ျမင္တယ္။ မႏွစ္က ေအာင္ျမင္သူမရွိခဲ့ဘူး”လို႔ ေတာင္ငူခ႐ိုင္ပညာေရးမႉး႐ုံးမွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

တိုင္းႏွင့္ျပည္နယ္အသီးသီးမွာ ၿပီးခဲ့တဲ့၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္း စာေမးပြဲမွာ ဝင္ေရာက္ေျဖဆိုသူ ၉၁၀၂၂၉ ေယာက္အနက္ ေအာင္ျမင္သူဦး‌ေရ၂၉၁၇၉၈
ေအာင္ခ်က္ရာခိုင္ႏူန္း ၃၂ ဒႆမ၀၆ရာခိုင္ႏူန္းရွိတယ္လို႔ ဒီကေန႔မနက္ပိုင္းမွာပဲ ပညာေရးဝန္ႀကီးဌာနကထုတ္ျပန္ထားတာျဖစ္ပါတယ္။

Photo – အက်ဥ္းဦးစီးဌာန
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW