EU မြန်ကူ ရဲ့ အရေးပေါ်ထောက်ပံ့ငွေပေးတဲ့အပေါ် လိမ်လည်တောင်းခံသူတွေရှိလာ

EU မြန်ကူ ရဲ့ အရေးပေါ်ထောက်ပံ့ငွေပေးတဲ့အပေါ် လိမ်လည်တောင်းခံသူတွေရှိလာ ရန်ကုန်၊ ဩဂုတ် ၁၀-၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ်ကာလမှာ အလုပ်သမားတွေကိုထောက်ပံ့တဲ့ EU မြန်ကူရဲ့ အရေးပေါ်ငွေကြေးအထောက်အပံ့ပေးတာကို လိမ်လည်တောင်းခံသူတွေများလာတာကြောင့် သေချာစိစစ်ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။ ဥရောပသမဂ္ဂ EU ရဲ့ ငွေကြေးထောက်ပံ့မှုအစီစဉ်ကို လုပ်သားတွေအကြား သိရှိမှုများပြားလာတာကြောင့် အဲ့ဒီအထောက်အပံ့အပေါ် လိမ်လည် တောင်းခံချင်သူတွေလည်း များလာတာ ဖြစ်တယ်လို့ ဒီအစီစဉ်ကို အကောင်အထည်ဖော်နေတဲ့ EU မြန်ကူရဲ့ ပရောဂျက်မန်နေဂျာ မစုမွန်သဲကပြောပါတယ်။ “ အခုနောက်ပိုင်းမှာ ပိုသိလာတဲ့အတွက် လိမ်ညာပြီးတော့ တောင်းဆိုတာမျိုးတွေလည်း နည်းနည်း များလာတာတွေဖြစ်တယ်။ အစ်မတို့လည်း တော်တော်လေးကို စိစစ်ပြီး လုပ်ဆောင်နေရတာတွေလည်းရှိတယ်။ COVID က ဘယ်အချိန် ဘယ်ကာလ ပြီးဆုံးမယ် ပြန်ကောင်းလာမယ်ဆိုတာ မသိဘူး။ အစ်မတို့အနေနဲ့က လိုအပ်နေတဲ့ အလုပ်သမားတွေ စာရင်းတင်လာတာက ၁ သောင်းလောက်ရှိတယ်ဆိုရင် ၅၀၀၀…

Read More

ဥရုမြစ်ရိုးက ရွှေမျှောလုပ်သားတွေ မဲစာရင်းနေရာမသိတဲ့အတွက် မဲမပေးရမှာကို စိုးရိမ်

ဥရုမြစ်ရိုးက ရွှေမျှောလုပ်သားတွေ မဲစာရင်းနေရာမသိတဲ့အတွက် မဲမပေးရမှာကို စိုးရိမ် မုံရွာ ၊ သြဂုတ် ၁၀ – ၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ဥရုမြစ်ရိုးမှာ လုပ်ကိုင်နေကြတဲ့ ရွှေမျှောလုပ်သားတွေဟာ သူတို့ရဲ့မဲစာရင်း ဘယ်မှာရှိတာကို မသိဘဲဖြစ်နေကြပြီး လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အလမ်းတွေ ဆုံးရှုံးမှာကို စိုးရိမ်နေကြတယ်လို့ ရွှေမျှောလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ မိုင်းကိုင်းကျေးရွာမှာနေတဲ့ ဦးခင်ဇော်က ပြောပါတယ်။ “ ကုမ္မဏီ ရွှေမျှောလုပ်သားတွေ ရာနဲ့ချီပြီးရှိတယ်၊ အများစုက ဒေသခံတွေမဟုတ်ဘူး ၊ နယ်စုံကလာပြီး လုပ်ကြတာဖြစ်တယ် ၊ တချို့က မိသားစုလိုက်လာပြီး လုပ်ကိုင်ကြတာ ၊ တချို့ကြတော့ မိသားစုမပါဘူး ၊ လာမယ့်ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးနိုင်ဖို့ မဲစာရင်းတွေ ထွက်လာပြီဖြစ်တယ် ၊ သူတို့ မဲစာရင်းတွေမပါဘူး ၊ ရွာပြန်ပြီး…

Read More

မန္တလေးလူငယ်သင်တန်းကျောင်းမှာ ကျောင်းလက်စွဲရှိပုံမရဘူးလို့ လူ့အခွင့်အရေးကော်မရှင်ဥက္ကဌဝေဖန်

မန္တလေးလူငယ်သင်တန်းကျောင်းမှာ ကျောင်းလက်စွဲရှိပုံမရဘူးလို့ လူ့အခွင့်အရေးကော်မရှင်ဥက္ကဌဝေဖန် မန္တလေး၊ ဩဂုတ် ၁၀-၂၀၂၀ မှူးသခင်(VOM) မန္တလေး လူငယ်ထိမ်းသိမ်းရေး သင်တန်းကျောင်း က ကျောင်းသားနှစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး အဲ့ဒီကျောင်းမှာ ကျောင်းလက်စွဲရှိပုံမရဘူးလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးလှမြင့်က ဒီကိစ္စနဲ့ပတ်သက်ပြီး VOMကမေးမြန်းချိန်မှာ ဝေဖန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “ ကျောင်းကလည်း ကြည့်ရတာတော့ကျောင်းသားတွေကို ကိုင်တွယ်တဲ့အခါမှာ ကျောင်းလက်စွဲတွေရှိပုံမရဘူး၊ ဒါလေးတွေ သူတို့လိုနေတာပေါ့၊ လုပ်တာကလည်း သူတို့က ပုံမှန် ကလေးလေးတွေကို ဆုံးမတတ်တယ်လို့ပြောတယ် ဒီတစ်ခါတော့လက်လွန်သွားတဲ့သဘောမျိုးလို့ မြင်ပါတယ်၊ ကျောင်းကလွန်တာမဟုတ်ဖူး ကျောင်းမှာရှိတဲ့ သင်တန်းသားအချင်းချင်းဖြစ်ကြလို့ လက်လွန်တာ၊ တစ်ချို့ကလဲ အသစ်ရှိတယ်၊ တချို့ကလည်းအမှုစစ်ဖို့စောင့်နေတာ၊ သူတို့အချင်းချင်းလုပ်တာကိုတွေ့ရတယ်၊ လုပ်တဲ့လူအပြစ်ခံရဖို့ဆိုတာကတော့ ဆက်ပြီးတော့လုပ်ရမှာပေါ့ “လို့ ဦးလှမြင့်ကပြောပါတယ်။ ဒီသေဆုံးမှုဖြစ်စဉ်ဟာ မန္တလေးလူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်းကနေထွက်ပြေးလို့ ကလေးနှစ်ယောက် ရိုက်နှက်ခံရပြီး လက်လွန်လို့သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကလေးနှစ်ယောက်ဟာ ခိုးမှုနဲ့မုံရွာမြို့အမှတ်၁ရဲစခန်းမှာ ၁နှစ်နဲ့၈လကြာ အချုပ်ကျခံခဲ့ရပြီး တရားရုံးအမိန့်အရ ထောင်ဒဏ်၂နှစ်ကျခံရကာ မန္တလေးလူငယ်ထိန်းသိမ်းရေးစခန်းကို…

Read More

ငြိမ်းချမ်းရေးဆွေးနွေးဖို့ တာလီဘန်အမာခံအကျဉ်းသား ၄၀၀ ကျော်ကို အာဖဂန်အစိုးရပြန်လွှတ်မယ်

ငြိမ်းချမ်းရေးဆွေးနွေးဖို့ တာလီဘန်အမာခံအကျဉ်းသား ၄၀၀ ကျော်ကို အာဖဂန်အစိုးရပြန်လွှတ်မယ် ကဘူး၊ သြဂုတ် ၁၀-၂၀၂၀ မျိုးဆက်(VOM) အထင်ကရရာဇဝတ်မှုကြီးတွေနဲ့ စွဲချက်တင်ခံထားရတဲ့ တာလီဘန်အကျဉ်းသား၄၀၀ကျော်ကို ပြန်လွှတ်ပေးဖို့ အာဖဂန်ထိပ်တန်းအဆင့်မြင့်ညီလာခံက ထောက်ခံအတည်ပြုလိုက်ပြီဖြစ်ပါတယ်။ အစိုးရအဖွဲ့နဲ့ စစ်သွေးကြွတွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အဟန့်အတားတစ်ခုကို ဖယ်ရှားဖို့ အခုလိုဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။ တာလီဘန်တို့ဟာ အကျဉ်းသားတွေပြန်လွှတ်ပေးဖို့ တောင်းဆိုလျက်ရှိပြီး တာလီဘန်အကျဉ်းသားတွေဟာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုအပါအဝင် ရာဇဝတ်မှုကျူးလွန်ထားသူတွေဖြစ်ပါတယ်။ နိုဝင်ဘာလမှာ အာဖဂန်နိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့ဝင်၅၀၀၀အောက်ထိအောင် တပ်ဖွဲ့ဝင်တွေလျော့ချသွားမယ်လို့ အမေရိကန်က ကြေညာပြီးနောက်မှာ အာဖဂန်အစိုးရရဲ့ အခုလိုဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ၂၀၀၁ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့တွေဟာ တာလီဘန်အစိုးရကို ဖြုတ်ချခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး တာလီဘန်တို့ဟာ ယခင်ကထက်ပိုင်နက်နယ်မြေတွေကို ပိုမိုထိန်းချုပ်ဖို့ အားထုတ်လုပ်ဆောင်နေကြပါတယ်။ Ref : BBC Photo:AP #voiceomyanmar #VOM #ကဘူး Zawgyi ငြိမ်းချမ်းရေးဆွေးနွေးဖို့ တာလီဘန်အမာခံအကျဉ်းသား ၄၀၀ ကျော်ကို…

Read More

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ရခိုင်က မြို့နယ် ၇ မြို့နယ်ထဲသာ ဝင်ရောက်ယှဉ်ပြိုင်မယ်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ရခိုင်က မြို့နယ် ၇ မြို့နယ်ထဲသာ ဝင်ရောက်ယှဉ်ပြိုင်မယ် စစ်တွေ၊ သြဂုဏ် ၁၀-၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)အနေနဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာမှာ ကျရောက်မယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို တင်သွင်းထားပြီး ဖြစ်ကြောင်း ပါတီဥက္ကဌ ဦးကျော်မြင့်က (VOM)ကို ပြောပါတယ်။ သူတို့အနေနဲ့ လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ ရခိုင်မြောက်ပိုင်းက မြို့နယ်တွေမှာ လက်ရှိမြေပြင်အခြေအနေတွေအရ ပါဝင်ယှဉ်ပြိုင်မှာမဟုတ်ကြောင်းနဲ့ ပါတီရဲ့ ဌာနချုပ်ရှိရာ ကျောက်တော်မြို့နယ်မှာတော့ ဝင်ပြိုင်သွားမှာလို့ ပြောပါတယ်။ ALDပါတီအနေနဲ့ သံတွဲခရိုင်အတွင်းက ဂွမြို့နယ်ကလွှဲပြီး ကျန်တဲ့ တောင်ပိုင်းမြို့နယ်တွေမှာ ဝင်ပြိုင်သွားမှာ ဖြစ်တယ်လို့ ပါတီဥက္ကဌက ပြောပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဥက္ကဌ ဦးကျော်မြင့်ပြောပြတာက ” ကိုယ်စားလှယ်လောင်း အမည်စာရင်းက ၇ ရက်နေ့ နောက်ဆုံးဆိုတော့ အခုကတော့ အကုန်ရွေးပြီးပါပြီး။ အကုန်လုံးက (၂၆)…

Read More

ရန်ကုန်တိုင်းမှာဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တစ်ထောင်နီးပါးရှိ

ရန်ကုန်တိုင်းမှာဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တစ်ထောင်နီးပါးရှိ ရန်ကုန်၊သြဂုတ် ၁၀-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်းက မဲဆန္ဒနယ်တွေမှာဝင်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းဦးရေ တစ်ထောင်နီးပါးရှိတယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ ” ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄၅ နေရာအတွက် ၂၉၅ဦး၊ အမျိုးသားလွှတ်တော် ၁၂ နေရာအတွက် ၇၂ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၉၀ အတွက် ၅၇၅ဦး၊ ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် ၇ဦး၊ ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် ၆ဦး”လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကောက်မရှင်ဥက္ကဌ ဦးကြည်မြင့်ကပြောပါတယ်။ ၂၀၂၀ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ (၄၃)ပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် (၃၂)ဦးတို့က အမည်စာရင်းတင်သွင်းထားတာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ညီညွတ်တဲ့ ဒီမိုကရက်တစ်ပါတီတို့က မဲဆန္ဒနယ်(၁၄၉) နေရာအကုန်လုံးကိုဝင်ပြိုင်ဖို့ အမည်စာရင်းပေးထားတယ်လို့ ဦးကြည်မြင့်ကပြောပါတယ်။ ပြည်ခိုင်ဖြိုးပါတီကတော့ မဲဆန္ဒနယ် (၁၄၇) နေရာ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက (၁၄၈) နေရာ၊ ပြည်သူ့ပါတီက (၄၈) နေရာ၊ ပြည်သူ့ရှေဆောင်ပါတီက (၉၈) နေရာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး စုစုပေါင်း…

Read More
VOM News

FREE
VIEW