ဥရုမြစ်ရိုးက ရွှေမျှောလုပ်သားတွေ မဲစာရင်းနေရာမသိတဲ့အတွက် မဲမပေးရမှာကို စိုးရိမ်

ဥရုမြစ်ရိုးက ရွှေမျှောလုပ်သားတွေ မဲစာရင်းနေရာမသိတဲ့အတွက် မဲမပေးရမှာကို စိုးရိမ်

မုံရွာ ၊ သြဂုတ် ၁၀ – ၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ဥရုမြစ်ရိုးမှာ လုပ်ကိုင်နေကြတဲ့ ရွှေမျှောလုပ်သားတွေဟာ သူတို့ရဲ့မဲစာရင်း ဘယ်မှာရှိတာကို မသိဘဲဖြစ်နေကြပြီး လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အလမ်းတွေ ဆုံးရှုံးမှာကို စိုးရိမ်နေကြတယ်လို့ ရွှေမျှောလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ မိုင်းကိုင်းကျေးရွာမှာနေတဲ့ ဦးခင်ဇော်က ပြောပါတယ်။

“ ကုမ္မဏီ ရွှေမျှောလုပ်သားတွေ ရာနဲ့ချီပြီးရှိတယ်၊ အများစုက ဒေသခံတွေမဟုတ်ဘူး ၊ နယ်စုံကလာပြီး လုပ်ကြတာဖြစ်တယ် ၊ တချို့က မိသားစုလိုက်လာပြီး လုပ်ကိုင်ကြတာ ၊ တချို့ကြတော့ မိသားစုမပါဘူး ၊ လာမယ့်ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးနိုင်ဖို့ မဲစာရင်းတွေ ထွက်လာပြီဖြစ်တယ် ၊ သူတို့ မဲစာရင်းတွေမပါဘူး ၊ ရွာပြန်ပြီး မဲပေးမယ်ဆိုရင်လဲ ကုမ္မဏီက ခွင့်မပြုဘူး ၊ အခုဟာက သူတို့ မဲစာရင်း ဘယ်မှာရှိတယ်ဆိုတာ သူတို့မသိကြဘူးဖြစ်နေတယ် ” လို့ ဦးခင်ဇော်က ပြောပြပါတယ်။

ကုမ္မဏီပိုင် ရွှေမျှောလုပ်သားတွေဟာ နိုင်ငံသားစီစစ်ရေးကဒ်ပြား မှတ်ပုံတင်ပါရင် ကုမ္မဏီမှာ အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့်ရပြီး နေ့စားလုပ်အားခ ရကြသလို အချို့ ကုမ္မဏီလုပ်သားတွေက လုပ်ခလစာနဲ့ စားနပ်ရိက္ခာ ရတာမျိုးလဲရှိပါတယ်။

ရွှေမျှောလုပ်သားတွေအနေနဲ့ ဆေးဝါးကုသဖို့ အခွင့်အရေးကလွဲလို့ ကျန်တဲ့အခွင့်အရေး တစုံတရာမှ မရကြဘဲ နိုဝင်ဘာရွေးကောက်ပွဲမှာ ဆန္ဒမဲပေးနိုင်ဖို့ မဲစာရင်းဘယ်မှာရှိနေတယ်ဆိုတာ သိချင်နေကြတဲ့အပြင် ဆန္ဒမဲပေးနိုင်တဲ့ အခွင့်အလမ်း မဆုံးရှုံးဖို့ကိုလဲ သက်ဆိုင်ရာ ကုမ္မဏီတွေက ကူညီဆောင်ရွက်ပေးဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။

“ ဒီမှာ ရွှေမျှောလာလုပ်တာ သုံးနှစ်ရှိပါပြီ ၊ ရေစကြိုနယ်ဘက်က ဖြစ်ပါတယ် ၊ မိုးလင်း မိုးချုပ် အလုပ်ဆိုက်ထဲမှာပဲ နေရတာပါ ၊ အနီးဝန်းကျင် ရွာတစ်ရွာရွာကနေ ဆန္ဒမဲပေးချင်ပါတယ် ၊ ခက်တာက ကျွန်တော်တို့လို တနယ်တကျေးကလာပြီး ရွှေမျှောလုပ်သားတွေ မဲစာရင်းပါဖို့ မဆိုထားနဲ့ ဒေသခံရွာသားမဲစာရင်းတောင် အငြင်းပွားနေကြတယ် ၊ ကုမ္မဏီက ကူညီဆောင်ရွက်ပေးရင် ဒီမှာပဲ ဆန္ဒမဲပေးမှာပါ ” လို့ ထိန်ကုန်းတောဟောင်းလုပ်ကွက်မှာ ရွှေမျှောလုပ်ကိုင်နေတဲ့ ကုမ္မဏီဝန်ထမ်း လုပ်သားတစ်ဦးကပြောပါတယ်။

ဥရုမြစ်ရိုးမှာ ရွှေလုပ်ကွက်ပေါင်းများစွာရှိပြီး ရွှေမျှောလုပ်သားပေါင်း ထောင်ဂဏန်းအထိရှိနေတဲ့အပြင် အဲ့ဒီ ရွှေမျှောလုပ်သားတွေဟာ နိုင်ငံသား အခွင့်အရေးဖြစ်တဲ့ ဆန္ဒမဲပေးဖို့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်လိုကြပေမယ့် သူတို့မဲစာရင်းဟာ ဘယ်နေရာမှာရှိနေတယ်ဆိုတာကို မသိတဲ့အတွက် အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Zawgyi

ဥရုျမစ္ရိုးက ေရႊေမွ်ာလုပ္သားေတြ မဲစာရင္းေနရာမသိတဲ့အတြက္ မဲမေပးရမွာကို စိုးရိမ္

မံုရြာ ၊ ၾသဂုတ္ ၁၀ – ၂၀၂၀
ကိုတိုးၾကီး (VOM)

စစ္ကိုင္းတိုင္း၊ ခႏၱီးခရိုင္၊ ဟုမၼလင္းျမိဳ႕နယ္၊ ဥရုျမစ္ရိုးမွာ လုပ္ကိုင္ေနၾကတဲ႔ ေရႊေမွ်ာလုပ္သားေတြဟာ သူတို႔ရဲ႕မဲစာရင္း ဘယ္မွာရွိတာကို မသိဘဲျဖစ္ေနၾကျပီး လာမယ္႔ နို၀င္ဘာ ေရြးေကာက္ပြဲမွာ ဆႏၵမဲေပးပိုင္ခြင္႔ အခြင္႔အလမ္းေတြ ဆံုးရံႈးမွာကို စိုးရိမ္ေနၾကတယ္လို႔ ေရႊေမွ်ာလုပ္သားအေရး ကူညီေဆာင္ရြက္ေပးေနတဲ့ မိုင္းကိုင္းေက်းရြာမွာေနတဲ့ ဦးခင္ေဇာ္က ေျပာပါတယ္။

“ ကုမၼဏီ ေရႊေမွ်ာလုပ္သားေတြ ရာနဲ႔ခ်ီျပီးရွိတယ္၊ အမ်ားစုက ေဒသခံေတြမဟုတ္ဘူး ၊ နယ္စံုကလာျပီး လုပ္ၾကတာျဖစ္တယ္ ၊ တခ်ိဳ႕က မိသားစုလိုက္လာျပီး လုပ္ကိုင္ၾကတာ ၊ တခ်ိဳ႕ၾကေတာ႔ မိသားစုမပါဘူး ၊ လာမယ္႔ေရြးေကာက္ပြဲမွာ ဆႏၵမဲေပးနိုင္ဖို႔ မဲစာရင္းေတြ ထြက္လာျပီျဖစ္တယ္ ၊ သူတို႔ မဲစာရင္းေတြမပါဘူး ၊ ရြာျပန္ျပီး မဲေပးမယ္ဆိုရင္လဲ ကုမၼဏီက ခြင္႔မျပဳဘူး ၊ အခုဟာက သူတို႔ မဲစာရင္း ဘယ္မွာရွိတယ္ဆိုတာ သူတို႔မသိၾကဘူးျဖစ္ေနတယ္ ” လို႔ ဦးခင္ေဇာ္က ေျပာျပပါတယ္။

ကုမၼဏီပိုင္ ေရႊေမွ်ာလုပ္သားေတြဟာ နိုင္ငံသားစီစစ္ေရးကဒ္ျပား မွတ္ပံုတင္ပါရင္ ကုမၼဏီမွာ အလုပ္သမားအျဖစ္ ၀င္ေရာက္လုပ္ကိုင္ခြင္႔ရၿပီး ေန႔စားလုပ္အားခ ရၾကသလို အခ်ိဳ႕ ကုမၼဏီလုပ္သားေတြက လုပ္ခလစာနဲ႔ စားနပ္ရိကၡာ ရတာမ်ိဳးလဲရွိပါတယ္။

ေရႊေမွ်ာလုပ္သားေတြအေနနဲ႔ ေဆး၀ါးကုသဖို႔ အခြင္႔အေရးကလြဲလို႔ က်န္တဲ႔အခြင္႔အေရး တစံုတရာမွ မရၾကဘဲ နို၀င္ဘာေရြးေကာက္ပြဲမွာ ဆႏၵမဲေပးနိုင္ဖို႔ မဲစာရင္းဘယ္မွာရွိေနတယ္ဆိုတာ သိခ်င္ေနၾကတဲ့အျပင္ ဆႏၵမဲေပးနိုင္တဲ႔ အခြင္႔အလမ္း မဆံုးရံႈးဖို႔ကိုလဲ သက္ဆိုင္ရာ ကုမၼဏီေတြက ကူညီေဆာင္ရြက္ေပးဖို႔ ေမွ်ာ္လင္႔ေနၾကတာျဖစ္ပါတယ္။

“ ဒီမွာ ေရႊေမွ်ာလာလုပ္တာ သံုးႏွစ္ရွိပါျပီ ၊ ေရစၾကိဳနယ္ဘက္က ျဖစ္ပါတယ္ ၊ မိုးလင္း မိုးခ်ဳပ္ အလုပ္ဆိုက္ထဲမွာပဲ ေနရတာပါ ၊ အနီး၀န္းက်င္ ရြာတစ္ရြာရြာကေန ဆႏၵမဲေပးခ်င္ပါတယ္ ၊ ခက္တာက ကၽြန္ေတာ္တို႔လို တနယ္တေက်းကလာျပီး ေရႊေမွ်ာလုပ္သားေတြ မဲစာရင္းပါဖို႔ မဆိုထားနဲ႔ ေဒသခံရြာသားမဲစာရင္းေတာင္ အျငင္းပြားေနၾကတယ္ ၊ ကုမၼဏီက ကူညီေဆာင္ရြက္ေပးရင္ ဒီမွာပဲ ဆႏၵမဲေပးမွာပါ ” လို႔ ထိန္ကုန္းေတာေဟာင္းလုပ္ကြက္မွာ ေရႊေမွ်ာလုပ္ကိုင္ေနတဲ႔ ကုမၼဏီ၀န္ထမ္း လုပ္သားတစ္ဦးကေျပာပါတယ္။

ဥရုျမစ္ရိုးမွာ ေရႊလုပ္ကြက္ေပါင္းမ်ားစြာရွိျပီး ေရႊေမွ်ာလုပ္သားေပါင္း ေထာင္ဂဏန္းအထိရွိေနတဲ့အျပင္ အဲ႔ဒီ ေရႊေမွ်ာလုပ္သားေတြဟာ နိုင္ငံသား အခြင္႔အေရးျဖစ္တဲ႔ ဆႏၵမဲေပးဖို႔တာ၀န္ေတြကို ေက်ပြန္စြာထမ္းေဆာင္လိုၾကေပမယ္႔ သူတို႔မဲစာရင္းဟာ ဘယ္ေနရာမွာရွိေနတယ္ဆိုတာကို မသိတဲ့အတြက္ အခက္အခဲျဖစ္ေနရတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #မံုရြာ

Related posts

Leave a Comment

VOM News

FREE
VIEW