ငြိမ်းချမ်းရေးဆွေးနွေးဖို့ တာလီဘန်အမာခံအကျဉ်းသား ၄၀၀ ကျော်ကို အာဖဂန်အစိုးရပြန်လွှတ်မယ်

ငြိမ်းချမ်းရေးဆွေးနွေးဖို့ တာလီဘန်အမာခံအကျဉ်းသား ၄၀၀ ကျော်ကို အာဖဂန်အစိုးရပြန်လွှတ်မယ်

ကဘူး၊ သြဂုတ် ၁၀-၂၀၂၀
မျိုးဆက်(VOM)

အထင်ကရရာဇဝတ်မှုကြီးတွေနဲ့ စွဲချက်တင်ခံထားရတဲ့ တာလီဘန်အကျဉ်းသား၄၀၀ကျော်ကို ပြန်လွှတ်ပေးဖို့ အာဖဂန်ထိပ်တန်းအဆင့်မြင့်ညီလာခံက ထောက်ခံအတည်ပြုလိုက်ပြီဖြစ်ပါတယ်။

အစိုးရအဖွဲ့နဲ့ စစ်သွေးကြွတွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အဟန့်အတားတစ်ခုကို ဖယ်ရှားဖို့ အခုလိုဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။

တာလီဘန်တို့ဟာ အကျဉ်းသားတွေပြန်လွှတ်ပေးဖို့ တောင်းဆိုလျက်ရှိပြီး တာလီဘန်အကျဉ်းသားတွေဟာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုအပါအဝင် ရာဇဝတ်မှုကျူးလွန်ထားသူတွေဖြစ်ပါတယ်။

နိုဝင်ဘာလမှာ အာဖဂန်နိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့ဝင်၅၀၀၀အောက်ထိအောင် တပ်ဖွဲ့ဝင်တွေလျော့ချသွားမယ်လို့ အမေရိကန်က ကြေညာပြီးနောက်မှာ အာဖဂန်အစိုးရရဲ့ အခုလိုဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

၂၀၀၁ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့တွေဟာ တာလီဘန်အစိုးရကို ဖြုတ်ချခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး တာလီဘန်တို့ဟာ ယခင်ကထက်ပိုင်နက်နယ်မြေတွေကို ပိုမိုထိန်းချုပ်ဖို့ အားထုတ်လုပ်ဆောင်နေကြပါတယ်။

Ref : BBC
Photo:AP
#voiceomyanmar #VOM #ကဘူး

Zawgyi

ျငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ တာလီဘန္အမာခံအက်ဥ္းသား ၄၀၀ ေက်ာ္ကို အာဖဂန္အစိုးရျပန္လႊတ္မယ္

ကဘူး၊ ၾသဂုတ္ ၁၀-၂၀၂၀
မ်ိဳးဆက္(VOM)

အထင္ကရရာဇဝတ္မႈၾကီးေတြနဲ႔ စဲြခ်က္တင္ခံထားရတဲ႔ တာလီဘန္အက်ဥ္းသား၄၀၀ေက်ာ္ကုိ ျပန္လႊတ္ေပးဖို႔ အာဖဂန္ထိပ္တန္းအဆင့္ျမင့္ညီလာခံက ေထာက္ခံအတည္ျပဳလုိက္ျပီျဖစ္ပါတယ္။

အစုိးရအဖဲြ႔နဲ႔ စစ္ေသြးၾကြေတြအၾကား ျငိမ္းခ်မ္းေရးေဆြးေႏြးပဲြေတြအတြက္ အဟန္႔အတားတစ္ခုကုိ ဖယ္ရွားဖို႔ အခုလိုဆံုးျဖတ္ခ်က္ခ်လိုက္တာျဖစ္ပါတယ္။

တာလီဘန္တုိ႔ဟာ အက်ဥ္းသားေတြျပန္လႊတ္ေပးဖို႔ ေတာင္းဆုိလ်က္ရွိျပီး တာလီဘန္အက်ဥ္းသားေတြဟာ အာဖဂန္လံုျခံဳေရးတပ္ဖြဲ႔၀င္ေတြနဲ႔ နိုင္ငံတကာတပ္ဖြဲ႔၀င္ေတြကို တုိ္က္ခုိက္မႈအပါအဝင္ ရာဇဝတ္မႈက်ဴးလြန္ထားသူေတြျဖစ္ပါတယ္။

ႏုိဝင္ဘာလမွာ အာဖဂန္ႏိုင္ငံအတြင္း အေမရိကန္တပ္ဖဲြ႔ဝင္၅၀၀၀ေအာက္ထိေအာင္ တပ္ဖဲြ႔၀င္ေတြေလ်ာ့ခ်သြားမယ္လို႔ အေမရိကန္က ေၾကညာျပီးေနာက္မွာ အာဖဂန္အစိုးရရဲ႕ အခုလိုဆံုးျဖတ္ခ်က္ ထြက္ေပၚလာတာျဖစ္ပါတယ္။

၂၀၀၁ခုႏွစ္မွာ အေမရိကန္ဦးေဆာင္တဲ႔ ညႊန္႔ေပါင္းအဖြဲ႔ေတြဟာ တာလီဘန္အစိုးရကို ျဖဳတ္ခ်ခဲ႔ပါတယ္။ အဲ့ဒီအခ်ိန္ကစျပီး တာလီဘန္တို႔ဟာ ယခင္ကထက္ပုိင္နက္နယ္ေျမေတြကုိ ပုိမုိထိန္းခ်ဳပ္ဖို႔ အားထုတ္လုပ္ေဆာင္ေနၾကပါတယ္။

Ref : BBC
Photo:AP
#voiceomyanmar #VOM #ကဘူး

Related posts

Leave a Comment

VOM News

FREE
VIEW