မာကျူရီဟိုတယ်က ဝန်ထမ်းတချို့ ရာထူးနဲ့မညီတဲ့အလုပ်တွေ လုပ်နေရတဲ့အတွက် ကျေနပ်မှုမရှိ

မာကျူရီဟိုတယ်က ဝန်ထမ်းတချို့ ရာထူးနဲ့မညီတဲ့အလုပ်တွေ လုပ်နေရတဲ့အတွက် ကျေနပ်မှုမရှိ

မန္တလေး၊ သြဂုတ် ၁၃-၂၀၂၀
ဟိန်းကို(VOM)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေအနီးက မာကျူရီဟိုတယ်က ဝန်ထမ်းတချို့ဟာ ရာထူးနဲ့မညီဘဲ ရုံးတွင်းပိုင်းပြုပြင်နေတဲ့ ဆေးသုတ်ခြင်း၊ အုတ်သယ်ခြင်း လုပ်ငန်းတွေကို အမျိုးသမီးဝန်ထမ်းတွေကပါ လုပ်ဆောင်နေရတာကို ကျေနပ်မှုမရှိဘူးလို့ သိရပါတယ်။

အခုလို ရာထူးနဲ့မညီဘဲ အလုပ်ခိုင်းစေတာတွေကို ကျေနပ်မှုမရှိတဲ့အတွက် ဟိုတယ်ဝန်ထမ်းအချို့ဟာ ဒီကနေ့မနက်ပိုင်းက သတင်းမီဒီယာတွေကို ပြောပြခဲ့ပြီး အောင်မြေသာစံမြို့နယ် အလုပ်သမားညှိနိူင်းဖျန်ဖြေရေးအဖွဲ့ကို သွားရောက်တိုင်ကြားသွားမှာဖြစ်ပါတယ်။

အခုလိုဖြစ်တာတွေနဲ့ပတ်သက်ပြီး မာကျူရီဟိုတယ်က တာဝန်ရှိသူကိုမေးမြန်းဖို့အတွက် VOMသတင်းဌာနကနေ ဟိုတယ်ကိုသွားရောက်မေးမြန်းရာမှာတော့ လတ်တလောမှာတော့ ဘာမှပြောစရာမရှိသေးပါဘူး ၊ မေးမြန်းစရာတွေကို E-mailကနေပဲမေးပေးပါလို့ ဟိုတယ်ကတာဝန်ရှိသူ အမျိုးသမီးတစ်ဦးက လာရောက်ပြောဆိုခဲ့ပါတယ်။

အဲ့ဒီလိုပြောဆိုခဲ့တဲ့အတွက် မာကျူရီဟိုတယ်ကို E-mailနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ အကြောင်းပြန်ဖြေကြားတာ မရှိသေးပါဘူး။

လက်ရှိ မာကျူရီဟိုတယ်မှာ ဝန်ထမ်းအင်အား ၂၀၀နီးပါး ကျန်ရှိနေပြီး ကိုဗစ်ကာလမှာ နစ်နာကြေးပေးပြီး အလုပ်ထုတ်ထားတဲ့ဝန်ထမ်း ၁၀၀နီးပါးရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

မာက်ဴရီဟိုတယ္က ဝန္ထမ္းတခ်ိဳ႕ ရာထူးနဲ႔မညီတဲ့အလုပ္ေတြ လုပ္ေနရတဲ့အတြက္ ေက်နပ္မႈမရွိ

မႏၲေလး၊ ၾသဂုတ္ ၁၃-၂၀၂၀
ဟိန္းကို(VOM)

မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ မႏၲေလးေတာင္ေျခအနီးက မာက်ဴရီဟိုတယ္က ဝန္ထမ္းတခ်ိဳ႕ဟာ ရာထူးနဲ႔မညီဘဲ ႐ုံးတြင္းပိုင္းျပဳျပင္ေနတဲ့ ေဆးသုတ္ျခင္း၊ အုတ္သယ္ျခင္း လုပ္ငန္းေတြကို အမ်ိဳးသမီးဝန္ထမ္းေတြကပါ လုပ္ေဆာင္ေနရတာကို ေက်နပ္မႈမရွိဘူးလို႔ သိရပါတယ္။

အခုလို ရာထူးနဲ႔မညီဘဲ အလုပ္ခိုင္းေစတာေတြကို ေက်နပ္မႈမရွိတဲ့အတြက္ ဟိုတယ္ဝန္ထမ္းအခ်ိဳ႕ဟာ ဒီကေန႔မနက္ပိုင္းက သတင္းမီဒီယာေတြကို ေျပာျပခဲ့ၿပီး ေအာင္ေျမသာစံၿမိဳ႕နယ္ အလုပ္သမားညႇိႏိူင္းဖ်န္ေျဖေရးအဖြဲ႕ကို သြားေရာက္တိုင္ၾကားသြားမွာျဖစ္ပါတယ္။

အခုလိုျဖစ္တာေတြနဲ႔ပတ္သက္ၿပီး မာက်ဴရီဟိုတယ္က တာဝန္ရွိသူကိုေမးျမန္းဖို႔အတြက္ VOMသတင္းဌာနကေန ဟိုတယ္ကိုသြားေရာက္ေမးျမန္းရာမွာေတာ့ လတ္တေလာမွာေတာ့ ဘာမွေျပာစရာမရွိေသးပါဘူး ၊ ေမးျမန္းစရာေတြကို E-mailကေနပဲေမးေပးပါလို႔ ဟိုတယ္ကတာဝန္ရွိသူ အမ်ိဳးသမီးတစ္ဦးက လာေရာက္ေျပာဆိုခဲ့ပါတယ္။

အဲ့ဒီလိုေျပာဆိုခဲ့တဲ့အတြက္ မာက်ဴရီဟိုတယ္ကို E-mailနဲ႔ဆက္သြယ္ေမးျမန္းရာမွာေတာ့ အေၾကာင္းျပန္ေျဖၾကားတာ မရွိေသးပါဘူး။

လက္ရွိ မာက်ဴရီဟိုတယ္မွာ ဝန္ထမ္းအင္အား ၂၀၀နီးပါး က်န္ရွိေနၿပီး ကိုဗစ္ကာလမွာ နစ္နာေၾကးေပးၿပီး အလုပ္ထုတ္ထားတဲ့ဝန္ထမ္း ၁၀၀နီးပါးရွိတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW