အမုန်းစကားနဲ့ လူမှုသဟဇာတ

အမုန်းစကားနဲ့ လူမှုသဟဇာတ

မြန်မာနိုင်ငံဟာ ဘာသာပေါင်းစုံ အတူချစ်ကြည်ရင်းနီးစွာ နေထိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ တံခါးဖွင့်ဝါဒ ကျင့်သုံးလာတဲ့အချိန် ပွင့်လင်းလာတဲ့ လူ့အသိုင်းအဝိုင်းမှာ အကောင်းနဲ့ အဆိုးဟာ ယှဉ်တွဲပါလာပါတယ်။

ဖုန်းတစ်လုံးရှိရင် ကမ္ဘာကြီးအကြောင်းကို သိနိုင်လာသလို အွန်လိုင်းပေါ်က အမုန်းစကားတခွန်းကြောင့် အစုလိုက်အပြုံလိုက် သေကြေပျက်စီးတာတွေ ဖြစ်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ အမုန်းစကားမီးစ တစ်စကြောင့် တောက်လောင်ခဲ့တဲ့မီးတွေ အဆုံးသတ်အပြီးတိုင်ငြိမ်းစေဖို့ ဘယ်လိုအဖြေရှာကြမလဲဆိုပြီး ဘာသာကြီး ၃ ခုက လမ်းမှန်ညွန်ပြနေတဲ့ ဆရာတော်တွေနဲ့ ဗီအိုအမ်ကနေ ကမကထပြုပြီး စကားဝိုင်းတခုကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။

အဲဒီစကားဝိုင်းမှာ မန္တလေးက ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယာဝံသဘိဝံသ၊ ခရစ်ယာန် သိက္ခာတော်ရ ဆရာဦးဇော်ဝင်းအောင်၊ အစ္စလာမ်ဘာသာရေး ဂရာနာမိသားစုဂိုဏ်းချုပ်ဆရာတော် ခလီဖွာဦးသိန်းဝင်းအောင်တို့ ဆွေးနွေးပြီး အဖြေရှာခဲ့ကြပါတယ်။

ခရစ်ယာန် သိက္ခာတော်ရ ဆရာဦးဇော်ဝင်းအောင်က “ အွန်လိုင်းဟာ အများအကျိုးအတွက်၊ လူထုအကျိုးအတွက်၊ နိုင်ငံအကျိုးအတွက်၊ ကောင်းကောင်းလေး အသုံးပြုပြီး တော့မှ ဆောင်ရွက်ရမယ့်အနေအထားမျိုး မြင်တွေမှုကအင်မတန်အားနည်းပြီးတော့မှ လူမှုအသိုင်းအဝိုင်းအကျိုးယုတ်စေမယ့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခြင်း၊ သဟဇာတဖြစ်ခြင်းကို နှောက်ယှက်ဟန့်တားမယ့် အမုန်းစကားတွေ တနည်းအားဖြင့်ပြောရရင် အန္တရာယ်ရှိသော အန္တရာယ်ဖြစ်စေမယ့် လုပ်ဆောင်ချက်တွေ ၊ ဆောင်ရွက်ချက်တွေ၊ ပြောဆိုချက်တွေ၊ များစွာရှိတယ်ဆိုတာကို ကျနော်တို့ ကြုံတွေ့ရပါတယ်”လို့ ဆိုသလို ခလီဖွာဦးသိန်းဝင်းအောင်ကတော့ ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားဟောတဲ့ဟောကြားချက်တွေ ပျံ့နှံ့နေတာနဲ့ပတ်သက်ပြီး
“ ဒေးဗစ်လား ကနေ ကျနော်တို့ အစ္စလာန်သာသနာကို ထိခိုက်တယ်၊ ၂၁ ရာစုမှာ ဘာလုပ်မယ် ညာလုပ်မယ်လို့ပြောတယ်။ ဒီလိုဟာလေးတွေဟာ ကျနော်တို့က ဝမ်းနည်းတာဘာလဲဆိုရင် ဒေးဗစ်လားက သူ့အဆင့်နဲ့သူပြောတာထားပါတော့၊ ဒေးဗစ်လားကို ဘယ်သူကခေါ်တာတုန်း၊ ဘယ်သူကဖိတ်တာတုန်း၊ ဘယ်သူကသွားကြိုတာတုန်း၊ အဲ့တော့ဘယ်သူ့မှာတာဝန်ရှိတုန်း၊ သူတစ်ယောက်ထဲက ဗုဒ္ဓဘာသာကိုတင်စော်ကားတာ မဟုတ်ဘူး၊ အစ္စလာန်ဘာသာကိုလည်းစော်ကားတယ်၊ ဘာသာပေါင်းစုံကိုစော်ကားထားတယ်။ ဒါတွေဟာ နိုင်ငံတော်မှာတာဝန်ရှိတယ်၊ နိုင်ငံတော်မှာတာဝန်ရှိသလို ဖိတ်တဲ့သူမှာတာဝန်ရှိတယ် “ လို့ သူ့အမြင်ကို ဆိုပါတယ်။

မြဝတီဆရာတော်ကတော့ မတရားတာတွေ့ရင် ငြိမ်မနေသင့်ဘူးလို့ သူ့သဘောထားကို မိန့်သွားပါတယ်
“လူတစ်ယောက်ဟာ မကောင်းတာမြင်ရက်နဲ့ မပြောဘူးဆိုလို့ရှိရင် အဲ့ဒီလူက မကောင်းတာကို အားပေးနေတဲ့သူပဲ၊ ခုဘုန်းကြီးတို့ သံဃာလောကကလည်း မပြောချင်ပါဘူးနော် ပါးစပ်ပိတ်နေတာတွေကများတယ်၊ မကောင်းတဲ့ကဏ္ဍနဲ့ပါတ်သက်ရင် အေးဒါတွေကလည်းမကောင်းဘူး၊ ထိုတစ်ပါးပြော ဒီတစ်ပါးပြော အပါးရေများလေပိုကောင်းလေပဲ၊ အထူးသဖြင့်တာဝန်ရှိတဲ့သူတွေ ပုဂ္ဂိုလ်ကြီးတွေ အဖွဲ့အစည်းကြီးတွေပြောပါ့လား မပြောကြဘူး။ အဲ့ဒါ လူမျိုးနဲ့ တိုင်းပြည်ပျက်စီးခြင်းရဲ့ အကြောင်းအရာပဲ ပါးစပ်လေးပိတ်နေတာနဲ့ ပျက်စီးတာပဲ။
ဦးဇော်ဝင်းအောင်ကလည်း မြဝတီဆရာတော်ရဲ့ သဘောထားကိုထောက်ခံပြီးတော့ ဘယ်သူမှားမှား မှားရင် ဥပဒေအတိုင်းသာ လုပ်သင့်လုပ်ထိုက်တာလုပ်ကြဖို့လိုတယ်လို့ ဆိုသွားပါတယ်။ ခလီဖွာဦးသိန်းဝင်းအောင်ကတော့ ဥပဒေအားနည်းချက်တွေရှိတဲ့အကြောင်း မိတ္ထီလာနဲ့ ရခိုင်မှာ ဖြစ်သွားတာတွေကို အခြေခံဆွေးနွေးသွားပါတယ်။
“ Rule of Law လုံးဝမရှိတဲ့အတွက် ဒါဟာ ဥပဒေရဲ့ အားနည်းချက်၊ အဓိက အားနည်း ချက်ကို ထပ်ပြောမယ်၊ NLD အစိုးရမှာ အဓိက ပါဝါမရဘူး၊ အဲ့ဒီဥပဒေ Rule of Law လုပ်တဲ့နေရာမှာ စစ်တပ်က ကိုင်ထားတယ်၊ ရဲက ကိုင်ထားတယ်၊ ဒီမိုကရေစီအစစ်မရဘူး လွပ်လပ်ရေးအတုရသလို၊ ဒီမိုကရေစီအတုရနေလို့ ပန်းအစစ်မဟုတ်ပဲ စက္ကူပန်း ဟိန္ဒူစကားပုံရှိတယ် စစ်က္ကူပန်းမှာ ဘယ်တော့မအမွှေးရနံ့မရဘူးတဲ့၊ ဒီမိုကရေစီအနံ့ တကယ်ရချင်လို့ရှိရင် ဒီမိုကရေစီဆိုတဲ့နှင်းဆီပန်းအစစ်ကို စိုက်ပြီး နှင်းဆီပန်းအစစ်ပွင့်အောင်လုပ်ရမယ်။ စိုက်ခွင့်လည်းမရှိဘူး စိုက်လို့လည်းမရဘူး၊ တကယ် ဒီမိုကရေစီလည်းမရှိဘူး။ ကျနော်တို့ မွတ်စလင်တွေ လွှတ်တော်ထဲမှာမပါဘူး၊ မွတ်စလင်ကင်းလွတ်တဲ့ လွှတ်တော်ဖြစ်နေတယ်” လို့ ထောက်ပြဝေဖန်သွားပါတယ်။

ဦးဇော်ဝင်းအောင်ကတော့ သူတို့ဘာသာတရားရဲ့ သွန်သင်ချက်တွေအတိုင်း အကောင်းဆုံးဖြစ်အောင် စုပေါင်းဆောင်ရွက်နေကြောင်း တင်ပြဆွေးနွေးတာကတော့
“ဆရာဒေးဗစ်လား ကိစ္စနဲ့ပတ်သတ်သွားတဲ့အချိန်ကြတော့ ကိုယ်အထဲမှာတောင် အချင်းချင်းက ရန်ဖြစ်မတတ်ဖြစ်သွားရတာတွေ စိတ်မကောင်းစွာတွေ့နေရတယ်။ သက်ဆိုင်ရာလူကြီးတွေက ဆရာတော်ကြီးတွေက စီစဉ်ဆောင်ရွက်လျှက်ရှိနေတယ်ဆိုတာ အားလုံးကိုအသိပေးလိုပါတယ်။နောက်တစ်ချက်က သူ့ရဲ့လုပ်ဆောင်ချက်အားနည်းချက်တွေအားလုံးဟာ တခြားသောသူတွေကို အခြားသောသူတွေကို ထိခိုက်သွားသကဲ့သို့ပင် ကျနော်တို့သည်လည်း ဒီဟာမျိုးကို မပြုမူဖို့ရာ အင်မတန်မှအရေးကြီးတယ်ဆိုတာကိုလည်း ကျနော်တို့သတိထားပြီးဆောင်ရွက်ဖို့ရာကို လိုအပ်မယ်လို့ပြောချင်ပါတယ်။ တခြားဘာသာတွေကို ထိခိုက်သွားမယ့်ဟာတွေရှောင်ရှားကြဖို့ အင်မတန်မှအရေးကြီးတယ်ဆိုတာ ထပ်လောင်းပြောကြားလိုတယ်” ဆရာဦးဇော်ဝင်းအောင်ရဲ့ဆွေးနွေးချက်ကို ခလီဖွာဦးသိန်းဝင်းအောင်ကလည်း သူတို့ဘာသာတရားမှာလည်း ဒီလိုဆုံးမထားတာမို့ လက်ခံနိုင်ကြောင်းနဲ့ ဥပဒေကို လက်တလုံးခြားမလုပ်ဘဲ အတိအကျလိုက်နာကြဖို့ ပြန်လည်ဆွေးနွေးသွားပါတယ်။

အားလုံးဆွေးနွေးချက်တွေကိုအနှစ်ချုပ်ရရင် သတင်းအတုသတင်းမှားတွေကို ထပ်မဖြန့်ကြဖို့ဆိုတာပါသလို ၊ အမုန်းစကားဖြန့်ဝေတာတွေကို စိစစ်ပြီး နားမလည်သေးသူတွေကို ထပ်ဆင့်ပညာပေးဖို့ ၊ ဘာသာတစ်ခုကိုဝေဖန်မယ်ဆိုရင် ထဲထဲဝင်ဝင်လေ့လာပြီးဆန်းစစ်ဖို့လိုကြောင်း၊ ဘာသာတခုနဲ့တခုကြားမှာ အမုန်းစကားဖြန့်တာရှိရင် ကိုယ့်ဘာသာထဲမှာကိုအချိန်မှီအရေးယူပြီး ထိမ်းသိမ်းဖို့ လိုအပ်ရင် သာသနာထဲကနေ ထုတ်ပယ်တဲ့ထိအရေးယူဖို့၊ အမုန်းစကားဖြန့်ပြီး ဘာသာရေးအမြတ်မထုတ်ကြဖို့၊ တရားဥပဒေစိုးမိုးဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်တွေကို အားလုံးသဘောတူပြီး ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ တိုက်တွန်းသွားကြတာကိုတွေ့ရပါတယ်။

ဗီအိုအမ်သတင်းဌာနရဲ့အလိုအရတော့ ဒီလိုစကားဝိုင်းမျိုး ဘာသာကြီးတွေက ခေါင်းဆောင်ကြီးတွေ ခဏတိုင်းဆွေးနွေးတိုင်ပင် လုပ်ဆောင်ကြဖို့အကြံပြုချင်သလို၊ ဘာသာရေးတခုနဲ့တခုကြား အမုန်းစကားထွက်လာတာနဲ့ ချက်ချင်းအရေးယူထိမ်းသိမ်းတာတွေ လုပ်ဆောင်ဖို့လိုကြောင်း ထပ်လောင်းသုံးသပ်ရင်း ဒီစကားဝိုင်းအပေါ် ဗီအိုအမ်ရဲ့အမြင်ကို အနှစ်ချုပ်သုံးသပ်ရင်း နိဂုံးချုပ်ပါရစေ။

#voiceofmyanmar #VOM #အမုန်းစကားနဲ့လူမှုသဟဇာတ

Zawgyi

အမုန္းစကားနဲ႔ လူမႈသဟဇာတ

ျမန္မာႏိုင္ငံဟာ ဘာသာေပါင္းစုံ အတူခ်စ္ၾကည္ရင္းနီးစြာ ေနထိုင္တဲ့ႏိုင္ငံ ျဖစ္ပါတယ္။ တံခါးဖြင့္ဝါဒ က်င့္သုံးလာတဲ့အခ်ိန္ ပြင့္လင္းလာတဲ့ လူ႔အသိုင္းအဝိုင္းမွာ အေကာင္းနဲ႔ အဆိုးဟာ ယွဥ္တြဲပါလာပါတယ္။

ဖုန္းတစ္လုံးရွိရင္ ကမာၻႀကီးအေၾကာင္းကို သိႏိုင္လာသလို အြန္လိုင္းေပၚက အမုန္းစကားတခြန္းေၾကာင့္ အစုလိုက္အၿပဳံလိုက္ ေသေၾကပ်က္စီးတာေတြ ျဖစ္ခဲ့တဲ့ သာဓကေတြ ရွိပါတယ္။ အမုန္းစကားမီးစ တစ္စေၾကာင့္ ေတာက္ေလာင္ခဲ့တဲ့မီးေတြ အဆုံးသတ္အၿပီးတိုင္ၿငိမ္းေစဖို႔ ဘယ္လိုအေျဖရွာၾကမလဲဆိုၿပီး ဘာသာႀကီး ၃ ခုက လမ္းမွန္ၫြန္ျပေနတဲ့ ဆရာေတာ္ေတြနဲ႔ ဗီအိုအမ္ကေန ကမကထျပဳၿပီး စကားဝိုင္းတခုကို တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္ခဲ့ပါတယ္။

အဲဒီစကားဝိုင္းမွာ မႏၲေလးက ဘာသာေရးေခါင္းေဆာင္ေတြျဖစ္တဲ့ ျမဝတီမင္းႀကီးေက်ာင္းတိုက္ဆရာေတာ္ ဦးအရိယာဝံသဘိဝံသ၊ ခရစ္ယာန္ သိကၡာေတာ္ရ ဆရာဦးေဇာ္ဝင္းေအာင္၊ အစၥလာမ္ဘာသာေရး ဂရာနာမိသားစုဂိုဏ္းခ်ဳပ္ဆရာေတာ္ ခလီဖြာဦးသိန္းဝင္းေအာင္တို႔ ေဆြးေႏြးၿပီး အေျဖရွာခဲ့ၾကပါတယ္။

ခရစ္ယာန္ သိကၡာေတာ္ရ ဆရာဦးေဇာ္ဝင္းေအာင္က “ အြန္လိုင္းဟာ အမ်ားအက်ိဳးအတြက္၊ လူထုအက်ိဳးအတြက္၊ ႏိုင္ငံအက်ိဳးအတြက္၊ ေကာင္းေကာင္းေလး အသုံးျပဳၿပီး ေတာ့မွ ေဆာင္႐ြက္ရမယ့္အေနအထားမ်ိဳး ျမင္ေတြမႈကအင္မတန္အားနည္းၿပီးေတာ့မွ လူမႈအသိုင္းအဝိုင္းအက်ိဳးယုတ္ေစမယ့္ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲ ေနထိုင္ျခင္း၊ သဟဇာတျဖစ္ျခင္းကို ေႏွာက္ယွက္ဟန႔္တားမယ့္ အမုန္းစကားေတြ တနည္းအားျဖင့္ေျပာရရင္ အႏၲရာယ္ရွိေသာ အႏၲရာယ္ျဖစ္ေစမယ့္ လုပ္ေဆာင္ခ်က္ေတြ ၊ ေဆာင္႐ြက္ခ်က္ေတြ၊ ေျပာဆိုခ်က္ေတြ၊ မ်ားစြာရွိတယ္ဆိုတာကို က်ေနာ္တို႔ ႀကဳံေတြ႕ရပါတယ္”လို႔ ဆိုသလို ခလီဖြာဦးသိန္းဝင္းေအာင္ကေတာ့ ခရစ္ယာန္တရားေဟာဆရာ ေစာေဒးဗစ္လားေဟာတဲ့ေဟာၾကားခ်က္ေတြ ပ်ံ႕ႏွံ႔ေနတာနဲ႔ပတ္သက္ၿပီး
“ ေဒးဗစ္လား ကေန က်ေနာ္တို႔ အစၥလာန္သာသနာကို ထိခိုက္တယ္၊ ၂၁ ရာစုမွာ ဘာလုပ္မယ္ ညာလုပ္မယ္လို႔ေျပာတယ္။ ဒီလိုဟာေလးေတြဟာ က်ေနာ္တို႔က ဝမ္းနည္းတာဘာလဲဆိုရင္ ေဒးဗစ္လားက သူ႔အဆင့္နဲ႔သူေျပာတာထားပါေတာ့၊ ေဒးဗစ္လားကို ဘယ္သူကေခၚတာတုန္း၊ ဘယ္သူကဖိတ္တာတုန္း၊ ဘယ္သူကသြားႀကိဳတာတုန္း၊ အဲ့ေတာ့ဘယ္သူ႔မွာတာဝန္ရွိတုန္း၊ သူတစ္ေယာက္ထဲက ဗုဒၶဘာသာကိုတင္ေစာ္ကားတာ မဟုတ္ဘူး၊ အစၥလာန္ဘာသာကိုလည္းေစာ္ကားတယ္၊ ဘာသာေပါင္းစုံကိုေစာ္ကားထားတယ္။ ဒါေတြဟာ ႏိုင္ငံေတာ္မွာတာဝန္ရွိတယ္၊ ႏိုင္ငံေတာ္မွာတာဝန္ရွိသလို ဖိတ္တဲ့သူမွာတာဝန္ရွိတယ္ “ လို႔ သူ႔အျမင္ကို ဆိုပါတယ္။

ျမဝတီဆရာေတာ္ကေတာ့ မတရားတာေတြ႕ရင္ ၿငိမ္မေနသင့္ဘူးလို႔ သူ႔သေဘာထားကို မိန႔္သြားပါတယ္
“လူတစ္ေယာက္ဟာ မေကာင္းတာျမင္ရက္နဲ႔ မေျပာဘူးဆိုလို႔ရွိရင္ အဲ့ဒီလူက မေကာင္းတာကို အားေပးေနတဲ့သူပဲ၊ ခုဘုန္းႀကီးတို႔ သံဃာေလာကကလည္း မေျပာခ်င္ပါဘူးေနာ္ ပါးစပ္ပိတ္ေနတာေတြကမ်ားတယ္၊ မေကာင္းတဲ့က႑နဲ႔ပါတ္သက္ရင္ ေအးဒါေတြကလည္းမေကာင္းဘူး၊ ထိုတစ္ပါးေျပာ ဒီတစ္ပါးေျပာ အပါးေရမ်ားေလပိုေကာင္းေလပဲ၊ အထူးသျဖင့္တာဝန္ရွိတဲ့သူေတြ ပုဂၢိဳလ္ႀကီးေတြ အဖြဲ႕အစည္းႀကီးေတြေျပာပါ့လား မေျပာၾကဘူး။ အဲ့ဒါ လူမ်ိဳးနဲ႔ တိုင္းျပည္ပ်က္စီးျခင္းရဲ႕ အေၾကာင္းအရာပဲ ပါးစပ္ေလးပိတ္ေနတာနဲ႔ ပ်က္စီးတာပဲ။
ဦးေဇာ္ဝင္းေအာင္ကလည္း ျမဝတီဆရာေတာ္ရဲ႕ သေဘာထားကိုေထာက္ခံၿပီးေတာ့ ဘယ္သူမွားမွား မွားရင္ ဥပေဒအတိုင္းသာ လုပ္သင့္လုပ္ထိုက္တာလုပ္ၾကဖို႔လိုတယ္လို႔ ဆိုသြားပါတယ္။ ခလီဖြာဦးသိန္းဝင္းေအာင္ကေတာ့ ဥပေဒအားနည္းခ်က္ေတြရွိတဲ့အေၾကာင္း မိတၳီလာနဲ႔ ရခိုင္မွာ ျဖစ္သြားတာေတြကို အေျခခံေဆြးေႏြးသြားပါတယ္။
“ Rule of Law လုံးဝမရွိတဲ့အတြက္ ဒါဟာ ဥပေဒရဲ႕ အားနည္းခ်က္၊ အဓိက အားနည္း ခ်က္ကို ထပ္ေျပာမယ္၊ NLD အစိုးရမွာ အဓိက ပါဝါမရဘူး၊ အဲ့ဒီဥပေဒ Rule of Law လုပ္တဲ့ေနရာမွာ စစ္တပ္က ကိုင္ထားတယ္၊ ရဲက ကိုင္ထားတယ္၊ ဒီမိုကေရစီအစစ္မရဘူး လြပ္လပ္ေရးအတုရသလို၊ ဒီမိုကေရစီအတုရေနလို႔ ပန္းအစစ္မဟုတ္ပဲ စကၠဴပန္း ဟိႏၵဴစကားပုံရွိတယ္ စစ္ကၠဴပန္းမွာ ဘယ္ေတာ့မအေမႊးရနံ႔မရဘူးတဲ့၊ ဒီမိုကေရစီအနံ႔ တကယ္ရခ်င္လို႔ရွိရင္ ဒီမိုကေရစီဆိုတဲ့ႏွင္းဆီပန္းအစစ္ကို စိုက္ၿပီး ႏွင္းဆီပန္းအစစ္ပြင့္ေအာင္လုပ္ရမယ္။ စိုက္ခြင့္လည္းမရွိဘူး စိုက္လို႔လည္းမရဘူး၊ တကယ္ ဒီမိုကေရစီလည္းမရွိဘူး။ က်ေနာ္တို႔ မြတ္စလင္ေတြ လႊတ္ေတာ္ထဲမွာမပါဘူး၊ မြတ္စလင္ကင္းလြတ္တဲ့ လႊတ္ေတာ္ျဖစ္ေနတယ္” လို႔ ေထာက္ျပေဝဖန္သြားပါတယ္။

ဦးေဇာ္ဝင္းေအာင္ကေတာ့ သူတို႔ဘာသာတရားရဲ႕ သြန္သင္ခ်က္ေတြအတိုင္း အေကာင္းဆုံးျဖစ္ေအာင္ စုေပါင္းေဆာင္႐ြက္ေနေၾကာင္း တင္ျပေဆြးေႏြးတာကေတာ့
“ဆရာေဒးဗစ္လား ကိစၥနဲ႔ပတ္သတ္သြားတဲ့အခ်ိန္ၾကေတာ့ ကိုယ္အထဲမွာေတာင္ အခ်င္းခ်င္းက ရန္ျဖစ္မတတ္ျဖစ္သြားရတာေတြ စိတ္မေကာင္းစြာေတြ႕ေနရတယ္။ သက္ဆိုင္ရာလူႀကီးေတြက ဆရာေတာ္ႀကီးေတြက စီစဥ္ေဆာင္႐ြက္လွ်က္ရွိေနတယ္ဆိုတာ အားလုံးကိုအသိေပးလိုပါတယ္။ေနာက္တစ္ခ်က္က သူ႔ရဲ႕လုပ္ေဆာင္ခ်က္အားနည္းခ်က္ေတြအားလုံးဟာ တျခားေသာသူေတြကို အျခားေသာသူေတြကို ထိခိုက္သြားသကဲ့သို႔ပင္ က်ေနာ္တို႔သည္လည္း ဒီဟာမ်ိဳးကို မျပဳမူဖို႔ရာ အင္မတန္မွအေရးႀကီးတယ္ဆိုတာကိုလည္း က်ေနာ္တို႔သတိထားၿပီးေဆာင္႐ြက္ဖို႔ရာကို လိုအပ္မယ္လို႔ေျပာခ်င္ပါတယ္။ တျခားဘာသာေတြကို ထိခိုက္သြားမယ့္ဟာေတြေရွာင္ရွားၾကဖို႔ အင္မတန္မွအေရးႀကီးတယ္ဆိုတာ ထပ္ေလာင္းေျပာၾကားလိုတယ္” ဆရာဦးေဇာ္ဝင္းေအာင္ရဲ႕ေဆြးေႏြးခ်က္ကို ခလီဖြာဦးသိန္းဝင္းေအာင္ကလည္း သူတို႔ဘာသာတရားမွာလည္း ဒီလိုဆုံးမထားတာမို႔ လက္ခံႏိုင္ေၾကာင္းနဲ႔ ဥပေဒကို လက္တလုံးျခားမလုပ္ဘဲ အတိအက်လိုက္နာၾကဖို႔ ျပန္လည္ေဆြးေႏြးသြားပါတယ္။

အားလုံးေဆြးေႏြးခ်က္ေတြကိုအႏွစ္ခ်ဳပ္ရရင္ သတင္းအတုသတင္းမွားေတြကို ထပ္မျဖန႔္ၾကဖို႔ဆိုတာပါသလို ၊ အမုန္းစကားျဖန႔္ေဝတာေတြကို စိစစ္ၿပီး နားမလည္ေသးသူေတြကို ထပ္ဆင့္ပညာေပးဖို႔ ၊ ဘာသာတစ္ခုကိုေဝဖန္မယ္ဆိုရင္ ထဲထဲဝင္ဝင္ေလ့လာၿပီးဆန္းစစ္ဖို႔လိုေၾကာင္း၊ ဘာသာတခုနဲ႔တခုၾကားမွာ အမုန္းစကားျဖန႔္တာရွိရင္ ကိုယ့္ဘာသာထဲမွာကိုအခ်ိန္မွီအေရးယူၿပီး ထိမ္းသိမ္းဖို႔ လိုအပ္ရင္ သာသနာထဲကေန ထုတ္ပယ္တဲ့ထိအေရးယူဖို႔၊ အမုန္းစကားျဖန႔္ၿပီး ဘာသာေရးအျမတ္မထုတ္ၾကဖို႔၊ တရားဥပေဒစိုးမိုးဖို႔ အေရးႀကီးတယ္ဆိုတဲ့ အခ်က္ေတြကို အားလုံးသေဘာတူၿပီး ဝိုင္းဝန္းလုပ္ေဆာင္ၾကဖို႔ တိုက္တြန္းသြားၾကတာကိုေတြ႕ရပါတယ္။

ဗီအိုအမ္သတင္းဌာနရဲ႕အလိုအရေတာ့ ဒီလိုစကားဝိုင္းမ်ိဳး ဘာသာႀကီးေတြက ေခါင္းေဆာင္ႀကီးေတြ ခဏတိုင္းေဆြးေႏြးတိုင္ပင္ လုပ္ေဆာင္ၾကဖို႔အႀကံျပဳခ်င္သလို၊ ဘာသာေရးတခုနဲ႔တခုၾကား အမုန္းစကားထြက္လာတာနဲ႔ ခ်က္ခ်င္းအေရးယူထိမ္းသိမ္းတာေတြ လုပ္ေဆာင္ဖို႔လိုေၾကာင္း ထပ္ေလာင္းသုံးသပ္ရင္း ဒီစကားဝိုင္းအေပၚ ဗီအိုအမ္ရဲ႕အျမင္ကို အႏွစ္ခ်ဳပ္သုံးသပ္ရင္း နိဂုံးခ်ဳပ္ပါရေစ။

#voiceofmyanmar #VOM #အမုန္းစကားနဲ႔လူမႈသဟဇာတ

Related posts

Leave a Comment

VOM News

FREE
VIEW