ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအသုတ် ရုရှားနိုင်ငံစတင်ထုတ်လုပ်နေ

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအသုတ် ရုရှားနိုင်ငံစတင်ထုတ်လုပ်နေ

မော်စကို၊ သြဂုတ်-၁၆-၂၀၂၀
မျိုးဆက် (VOM)

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သြဂုတ် ၁၅ ရက်မှာ စတင်ထုတ်လုပ်သွားမယ်လို့ ရုရှားကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီး နာရီအနည်းငယ်အကြာမှာ ကာကွယ်ဆေးပထမအသုတ်ကို ရုရှားနိုင်ငံမှာ စတင်ထုတ်လုပ်နေပြီဖြစ်ပါတယ်။

သမ္မတပူတင်က သြဂုတ် ၁၁ ရက်မှာကြေညာခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ဘေးကင်းစိတ်ချရမှုအပေါ်ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ သိပ္ပံပညာရှင်တွေက သတိပေးမှုတွေထွက်ပေါ်နေပါတယ်။

ဂါမာလီယာသုတေသနဌာနကနေ ထုတ်လုပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမအသုတ်ကို ထုတ်လုပ်နေပြီဖြစ်တယ်လို့ ရုရှားကျန်းမာရေးဝန်ကြီးဌာနကအတည်ပြုထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ပထမဆုံးအကြိမ်ထုတ်လုပ်လိုက်တဲ့ အဲ့ဒီ ကာကွယ်ဆေးဟာ ယခုလကုန်မှာ အသုံးပြုဖို့အတွက် ပထမအသုတ် ထွက်ရှိလာမယ်လို့ ဆိုပါတယ်။

စမ်းသပ်မှုအဆင့်သုံးလို့ လူသိများတဲ့ လူထောင်ပေါင်းမျာစွာပါဝင်တဲ့ စမ်းသပ်မှုများမပြုမီ အဲဒီကာကွယ်ဆေးကို ရုရှားနိုင်ငံက ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဒီလိုစမ်းသပ်မှုအဆင့်သုံးဟာ ကာကွယ်ဆေးတစ်မျိုးအတွက် စည်းမျဉ်းစည်းကမ်းတွေကို အတည်ပြုဖို့ မရှိမဖြစ်လိုအပ်တဲ့ ရှေ့ပြေးစမ်းသပ်မှုအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

Ref : CNA
Photo: AFP
#voiceofmyanmar #VOM #မော်စကို

Zawgyi

ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး ပထမအသုတ္ ရုရွားနိုင္ငံစတင္ထုတ္လုပ္ေန

ေမာ္စကို၊ ၾသဂုတ္-၁၆-၂၀၂၀
မ်ိဳးဆက္ (VOM)

ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးကို ၾသဂုတ္ ၁၅ ရက္မွာ စတင္ထုတ္လုပ္သြားမယ္လို႔ ရုရွားက်န္းမာေရး၀န္ၾကီးဌာနက ထုတ္ျပန္ျပီး နာရီအနည္းငယ္အၾကာမွာ ကာကြယ္ေဆးပထမအသုတ္ကို ရုရွားနိုင္ငံမွာ စတင္ထုတ္လုပ္ေနျပီျဖစ္ပါတယ္။

သမၼတပူတင္က ၾသဂုတ္ ၁၁ ရက္မွာေၾကညာခဲ႔တဲ႔ ကမၻာ႔ပထမဆံုး ကိုဗစ္-၁၉ ကာကြယ္ေဆးဟာ ေဘးကင္းစိတ္ခ်ရမႈအေပၚျပန္လည္သံုးသပ္ဖို႔ လိုအပ္တယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔နဲ႔ သိပၸံပညာရွင္ေတြက သတိေပးမႈေတြထြက္ေပၚေနပါတယ္။

ဂါမာလီယာသုေတသနဌာနကေန ထုတ္လုပ္ထားတဲ႔ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ပထမအသုတ္ကို ထုတ္လုပ္ေနျပီျဖစ္တယ္လို႔ ရုရွားက်န္းမာေရး၀န္ၾကီးဌာနကအတည္ျပဳထုတ္ျပန္ထားပါတယ္။

ကိုရိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ ပထမဆံုးအၾကိမ္ထုတ္လုပ္လိုက္တဲ့ အဲ့ဒီ ကာကြယ္ေဆးဟာ ယခုလကုန္မွာ အသံုးျပဳဖို႔အတြက္ ပထမအသုတ္ ထြက္ရိွလာမယ္လို႔ ဆိုပါတယ္။

စမ္းသပ္မႈအဆင္႔သံုးလို႔ လူသိမ်ားတဲ႔ လူေထာင္ေပါင္းမ်ာစြာပါ၀င္တဲ႔ စမ္းသပ္မႈမ်ားမျပဳမီ အဲဒီကာကြယ္ေဆးကို ရုရွားနုိင္ငံက ခြင္႔ျပဳခဲ႔ျခင္းျဖစ္ျပီး ဒီလိုစမ္းသပ္မႈအဆင္႔သံုးဟာ ကာကြယ္ေဆးတစ္မ်ိဳးအတြက္ စည္းမ်ဥ္းစည္းကမ္းေတြကို အတည္ျပဳဖို႔ မရိွမျဖစ္လိုအပ္တဲ႔ ေရွ႕ေျပးစမ္းသပ္မႈအျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။

Ref : CNA
Photo: AFP
#voiceofmyanmar #VOM #ေမာ္စကို

Related posts

Leave a Comment

VOM News

FREE
VIEW