ရွှေကြောတွေ့တယ်ဆိုတဲ့နေရာကို ဒေသခံတွေ တူးဖော်နေမှု ယာယီတားမြစ်ထား

ရွှေကြောတွေ့တယ်ဆိုတဲ့နေရာကို ဒေသခံတွေ တူးဖော်နေမှု ယာယီတားမြစ်ထား

မန္တလေး၊ သြဂုတ် ၁၆-၂၀၂၀
ဖြူဖြူ(VOM)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာအနီး သုံးထပ်ကွေ့မှာ မန္တလေး -မိုးကုတ်လမ်း တိုးချဲ့ဖို့ မြေသားတောင်ဖြိုစဉ် ရွှေကြောတွေ့တယ်ဆိုပြီး ဒေသခံတွေ လာရောက်တူးဖော်မှုရှိခဲ့တဲ့အတွက် သက်ဆိုင်ရာကတော့ မလိုလားအပ်တဲ့ အန္တရယ်တွေမဖြစ်ဖို့ တားမြစ်ထားပြီလို့ ချောင်းကြီးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးစန်းက ပြောပါတယ်။

“လမ်းအန္တရာယ်၊ ယာဉ်အန္တရယ်၊ တုတ်၊ ဓား၊ လက်နက် ပြသနာတွေ မဖြစ်အောင် ညွှန်ကြားထားတာပေါ့။ မေတ္တာရပ်ခံထားရတာပေါ့။ လမ်းလုပ်ငန်းလုပ်တဲ့ အချိန်ပါဆိုပြီး၊ လုပ်ငန်းသိမ်းရင်တော့ သင့်သလို စီမံပေးပါ့မယ်ဆိုပြီးပေါ့။ ” လို့ ပြောပါတယ်။

သြဂုတ် ၁၅ ရက် ညနေပိုင်းမှာ သတင်းတွေ ထွက်ပေါ်လာပြီး အဲဒီနေ့ ညပိုင်းမှာတော့ လူပေါင်း ရာနဲ့ချီလာရောက်တူးဖော်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ သြဂုတ် ၁၆ ရက်မှာတော့ တားမြစ်ထားတဲ့ တောင်ကြောဘက်မှာမဟုတ်ဘဲ လမ်းရဲ့တစ်ဖက်ခြမ်းက မြေစာတွေထဲမှာ ရှာဖွေမှုတွေ လုပ်နေတာလည်းတွေ့ရပါတယ်။

လာရောက်ရှာဖွေနေတဲ့ ဒေသခံတစ်ဦးပြောပြတာကတော့ “အလုပ်သိမ်းချိန်မှာ ရှာခွင့်ပြုမယ်ကြားလို့ လာတာ။ နာရီပိုင်းလောက်တော့ ပြုရင်ပြုမှာပေါ့၊ မသေချာပါဘူး။ အရင်ကလည်း ဒီအထက်ပိုင်းမှာ ခုလိုတွေ့ဘူးတယ်၊ အဲ့တုန်းကတော့ လုပ်ခွင့်မပေးဘူး၊ သူတို့ဖာသာတူးတာ။ “လို့ ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ဟာ ရွှေထွက်ရှိရာ ဒေသတစ်ခုဖြစ်ပြီး ဒေသခံတွေဟာလည်း ရွှေတူးဖော်မှုလုပ်ငန်းကို အများဆုံး လုပ်ကိုင်ကြတာလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

ေ႐ႊေၾကာေတြ႕တယ္ဆိုတဲ့ေနရာကို ေဒသခံေတြ တူးေဖာ္ေနမႈ ယာယီတားျမစ္ထား

မႏၲေလး၊ ၾသဂုတ္ ၁၆-၂၀၂၀
ျဖဴျဖဴ(VOM)

မႏၲေလးတိုင္း သပိတ္က်င္းၿမိဳ႕နယ္ ေခ်ာင္းႀကီး႐ြာအနီး သုံးထပ္ေကြ႕မွာ မႏၲေလး -မိုးကုတ္လမ္း တိုးခ်ဲ႕ဖို႔ ေျမသားေတာင္ၿဖိဳစဥ္ ေ႐ႊေၾကာေတြ႕တယ္ဆိုၿပီး ေဒသခံေတြ လာေရာက္တူးေဖာ္မႈရွိခဲ့တဲ့အတြက္ သက္ဆိုင္ရာကေတာ့ မလိုလားအပ္တဲ့ အႏၲရယ္ေတြမျဖစ္ဖို႔ တားျမစ္ထားၿပီလို႔ ေခ်ာင္းႀကီး႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးဖိုးစန္းက ေျပာပါတယ္။

“လမ္းအႏၲရာယ္၊ ယာဥ္အႏၲရယ္၊ တုတ္၊ ဓား၊ လက္နက္ ျပသနာေတြ မျဖစ္ေအာင္ ၫႊန္ၾကားထားတာေပါ့။ ေမတၱာရပ္ခံထားရတာေပါ့။ လမ္းလုပ္ငန္းလုပ္တဲ့ အခ်ိန္ပါဆိုၿပီး၊ လုပ္ငန္းသိမ္းရင္ေတာ့ သင့္သလို စီမံေပးပါ့မယ္ဆိုၿပီးေပါ့။ ” လို႔ ေျပာပါတယ္။

ၾသဂုတ္ ၁၅ ရက္ ညေနပိုင္းမွာ သတင္းေတြ ထြက္ေပၚလာၿပီး အဲဒီေန႔ ညပိုင္းမွာေတာ့ လူေပါင္း ရာနဲ႔ခ်ီလာေရာက္တူးေဖာ္မႈရွိခဲ့တယ္လို႔ သိရပါတယ္။

ဒီကေန႔ ၾသဂုတ္ ၁၆ ရက္မွာေတာ့ တားျမစ္ထားတဲ့ ေတာင္ေၾကာဘက္မွာမဟုတ္ဘဲ လမ္းရဲ႕တစ္ဖက္ျခမ္းက ေျမစာေတြထဲမွာ ရွာေဖြမႈေတြ လုပ္ေနတာလည္းေတြ႕ရပါတယ္။

လာေရာက္ရွာေဖြေနတဲ့ ေဒသခံတစ္ဦးေျပာျပတာကေတာ့ “အလုပ္သိမ္းခ်ိန္မွာ ရွာခြင့္ျပဳမယ္ၾကားလို႔ လာတာ။ နာရီပိုင္းေလာက္ေတာ့ ျပဳရင္ျပဳမွာေပါ့၊ မေသခ်ာပါဘူး။ အရင္ကလည္း ဒီအထက္ပိုင္းမွာ ခုလိုေတြ႕ဘူးတယ္၊ အဲ့တုန္းကေတာ့ လုပ္ခြင့္မေပးဘူး၊ သူတို႔ဖာသာတူးတာ။ “လို႔ ေျပာပါတယ္။

သပိတ္က်င္းၿမိဳ႕နယ္ဟာ ေ႐ႊထြက္ရွိရာ ေဒသတစ္ခုျဖစ္ၿပီး ေဒသခံေတြဟာလည္း ေ႐ႊတူးေဖာ္မႈလုပ္ငန္းကို အမ်ားဆုံး လုပ္ကိုင္ၾကတာလို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW