ရွှေကွန်းကွန်ဒို ရတနာကုန်သည်လင်မယားကို လုယက်ခဲ့သူ ၆ဦးကို ဖမ်းမိ

ရွှေကွန်းကွန်ဒို ရတနာကုန်သည်လင်မယားကို လုယက်ခဲ့သူ ၆ဦးကို ဖမ်းမိ

ရန်ကုန်၊သြဂုတ် ၁၆၊၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်မှတ်တိုင်အနီး ရတနာမြိုင်လမ်းရှိ ရွှေကွန်းကွန်ဒို အိမ်ယာနေ ရတနာကုန်သည် လင်မယားနှစ်ဦးကို လုယက်မှုကျူးလွန်ခဲ့သူ ၆ဦးကို ဖမ်းဆီးရမိထားပြီး အဲ့ဒီလုယက်မှုကို အမျိုးသမီးတစ်ဦးက ငွေကျပ်၂၅သိန်းပေးကာ စေခိုင်းခဲ့တယ်လို့ ပြစ်မှုကျူးလွန်သူတွေက ရဲစခန်းမှာ ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။

သြဂုတ်လ ၁၀ရက်နေ့ ညပိုင်းကရွှေဂွန်းကွန်ဒိုမှာနေထိုင်တဲ့ ဦကျော်မိုးဆီကို သူနဲ့ခင်မင်ရင်းနှီးသူ မနီနီဝင်းဆိုသူ ရောက်ရှိလာပြီး အသက်(၂၅)နှစ်အရွယ်အမျိုးသား(၃)ဦးထပ်မံရောက်ရှိလာကာ ဦးကျော်မိုးကို လက်ထိပ်ခတ်၊ ပေါင်ကိုဓားနဲ့မွန်း၊ ပါးစပ်ကိုတိပ်နဲ့ပတ်ကာ IPhone(၁)လုံးIPad(၁)လုံးတို့ကို ယူဆောင်ထွက်ပြေးသွားခဲ့တဲ့အတွက် ကမာရွတ်ရဲစခန်းမှာ ကာယကံရှင်ကိုယ်တိုင် အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များဟာ အခင်းဖြစ်နေရာနဲ့ ပတ်ဝန်းကျင်ကို စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူများဟာ မနီနီဝင်း၊ ဝင်းမင်းထွန်း(ခ)စွမ်းထက်(ခ)ဖန်သီ၊ ကျော်ငြိမ်း(ခ) ကျောက်ကျားကျော်၊ နိုင်းနိုင်း(ခ)နဂါး(ခ)မင်းဟိန်း၊ သျှားလေး(ခ)သျှား၊ စနေမောင်(ခ) ထက်အာကာဇော် တို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိသူတွေကို အသေးစိတ်စစ်ဆေးခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အမှတ်(၁) ရပ်ကွက်၊ ဝေဇယန္တာလမ်းနဲ့ ရိပ်သာ(၅)လမ်း၊ အမှတ်(၇၇/၇၈)မှာနေတဲ့ ဒေါ်ခင်ခင်ဝင်းဆိုသူက သူနဲ့ပတ်သက်နေတဲ့ အမျိုးသားဟာ အခြားအမျိုးသမီးတွေနဲ့ ရှုပ်ပွေနေတဲ့အတွက် မနီနီဝင်းနဲ့ အဖွဲ့ကို ငွေကျပ် ၂၅သိန်းနဲ့ စေခိုင်းခဲ့တာဖြစ်တယ်လို့ ပြစ်မှုကျူးလွန်သူတွေက ရဲစခန်းမှာ ဝန်ခံထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ မနီနီဝင်း အပါအဝင် ၆ဦးကို ကမာရွတ်မြို့မရဲစခန်းမှ (ပ) ၇၇၉ /၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ / ၃၄၂ / ၁၁၄နဲ့ အမှုဖွင့်ထားပြီး ပိုက်ဆံပေးပြီးစေခိုင်းခဲ့သူ ဒေါ်ခင်ဝင်းကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ေ႐ႊကြန္းကြန္ဒို ရတနာကုန္သည္လင္မယားကို လုယက္ခဲ့သူ ၆ဦးကို ဖမ္းမိ

ရန္ကုန္၊ၾသဂုတ္ ၁၆၊၂၀၂၀
ေအးခ်မ္းသူ(VOM)

ရန္ကုန္ၿမိဳ႕၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ စံရိပ္ၿငိမ္မွတ္တိုင္အနီး ရတနာၿမိဳင္လမ္းရွိ ေ႐ႊကြန္းကြန္ဒို အိမ္ယာေန ရတနာကုန္သည္ လင္မယားႏွစ္ဦးကို လုယက္မႈက်ဴးလြန္ခဲ့သူ ၆ဦးကို ဖမ္းဆီးရမိထားၿပီး အဲ့ဒီလုယက္မႈကို အမ်ိဳးသမီးတစ္ဦးက ေငြက်ပ္၂၅သိန္းေပးကာ ေစခိုင္းခဲ့တယ္လို႔ ျပစ္မႈက်ဴးလြန္သူေတြက ရဲစခန္းမွာ ထြက္ဆိုခဲ့ေၾကာင္း သိရပါတယ္။

ၾသဂုတ္လ ၁၀ရက္ေန႔ ညပိုင္းကေ႐ႊဂြန္းကြန္ဒိုမွာေနထိုင္တဲ့ ဦေက်ာ္မိုးဆီကို သူနဲ႔ခင္မင္ရင္းႏွီးသူ မနီနီဝင္းဆိုသူ ေရာက္ရွိလာၿပီး အသက္(၂၅)ႏွစ္အ႐ြယ္အမ်ိဳးသား(၃)ဦးထပ္မံေရာက္ရွိလာကာ ဦးေက်ာ္မိုးကို လက္ထိပ္ခတ္၊ ေပါင္ကိုဓားနဲ႔မြန္း၊ ပါးစပ္ကိုတိပ္နဲ႕ပတ္ကာ IPhone(၁)လုံးIPad(၁)လုံးတို႔ကို ယူေဆာင္ထြက္ေျပးသြားခဲ့တဲ့အတြက္ ကမာ႐ြတ္ရဲစခန္းမွာ ကာယကံရွင္ကိုယ္တိုင္ အမႈဖြင့္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ကမာ႐ြတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က တပ္ဖြဲ႕ဝင္မ်ားဟာ အခင္းျဖစ္ေနရာနဲ႔ ပတ္ဝန္းက်င္ကို စုံစမ္းစစ္ေဆးခဲ့ရာ ျပစ္မႈက်ဴးလြန္သူမ်ားဟာ မနီနီဝင္း၊ ဝင္းမင္းထြန္း(ခ)စြမ္းထက္(ခ)ဖန္သီ၊ ေက်ာ္ၿငိမ္း(ခ) ေက်ာက္က်ားေက်ာ္၊ ႏိုင္းႏိုင္း(ခ)နဂါး(ခ)မင္းဟိန္း၊ သွ်ားေလး(ခ)သွ်ား၊ စေနေမာင္(ခ) ထက္အာကာေဇာ္ တို႔ကို ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

ဖမ္းဆီးရမိသူေတြကို အေသးစိတ္စစ္ေဆးခဲ့ရာ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ မိေက်ာင္းကန္အမွတ္(၁) ရပ္ကြက္၊ ေဝဇယႏၲာလမ္းနဲ႔ ရိပ္သာ(၅)လမ္း၊ အမွတ္(၇၇/၇၈)မွာေနတဲ့ ေဒၚခင္ခင္ဝင္းဆိုသူက သူနဲ႔ပတ္သက္ေနတဲ့ အမ်ိဳးသားဟာ အျခားအမ်ိဳးသမီးေတြနဲ႔ ရႈပ္ေပြေနတဲ့အတြက္ မနီနီဝင္းနဲ႔ အဖြဲ႕ကို ေငြက်ပ္ ၂၅သိန္းနဲ႔ ေစခိုင္းခဲ့တာျဖစ္တယ္လို႔ ျပစ္မႈက်ဴးလြန္သူေတြက ရဲစခန္းမွာ ဝန္ခံထြက္ဆိုခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီ​ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ျပစ္မႈက်ဴးလြန္သူ မနီနီဝင္း အပါအဝင္ ၆ဦးကို ကမာ႐ြတ္ၿမိဳ႕မရဲစခန္းမွ (ပ) ၇၇၉ /၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၄ / ၃၄၂ / ၁၁၄နဲ႔ အမႈဖြင့္ထားၿပီး ပိုက္ဆံေပးၿပီးေစခိုင္းခဲ့သူ ေဒၚခင္ဝင္းကို ဖမ္းဆီးရမိေရးအတြက္ ေဆာင္႐ြက္လွ်က္ရွိတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW