လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး မိသားစုသုံးဦး သေဆုံး

လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး မိသားစုသုံးဦး သေဆုံး

နေပြည်တော်၊ဩဂုတ် ၁၅-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦး -အုတ်သျှစ်ကုန်း လမ်းမ‌‌ပေါ်မှာ ဩဂုတ်လ ၁၅ ရက်နေ့လယ်ပိုင်းက တိုယိုတာ ခရောင်းအမျိုးအစား လိုင်စင်မဲ့မော်တော်ကားနဲ့
ဆိုင်ကယ်တစ်စီးတိုက်မိရာကနေ ကလေးငယ် တစ်ဦးအပါအဝင် မိသားစုဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

“လိုင်စင်မဲ့ကားကိုလမ်းကြောင်းသယ်ပေးတဲ့ အမျိုးသားတွေမောင်းလာတဲ့ကားနဲ့ တိုက်မိတာပါ။ရှေ့ကဆိုင်ကယ်ကိုဝင်တိုက်တာဖြစ်ပြီး အတိုက်ခံရတဲ့ ဆိုင်ကယ်က မိသားစုဝင်သုံးဦးလုံး သေဆုံးသွားတယ်” လို့ ဒိုက်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဟိန်းက ပြောပါတယ်။

ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦး-အုတ်သျှစ်ကုန်းလမ်းအတိုင်း အသက် ၃၀နှစ်အရွယ် အမျိုးသားမောင်းနှင်လာတဲ့ TOYOTA CROWNအမျိုးအစား ခဲရောင်ယာဉ်(ယာဉ်/မောင်းလိုင်စင်မရှိ)ကားတစ်စီးဟာ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် မိသားစုသုံးဦးမောင်းလာတဲ့ ဆိုင်ကယ်ကိုအရှိန်နဲ့ ဝင်တိုက်မိခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့်ဆိုင်ကယ်မောင်းသူနဲ့ မိသားစုဝင်အားလုံး သေဆုံးခဲ့ရတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုနဲ့ပတ်သက်လို့ လိုင်စင်မဲ့ယာဉ်မောင်းလာတဲ့ အမျိုးသားကို ဒိုက်ဦးမြို့မ
ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄ -က ၊တရားမဝင်လိုင်စင်မဲ့ယာဉ်လက်ဝယ်တွေ့သူနဲ့
သယ်ဆောင်ရာတွင် အာ‌းပေးကူညီသူ ယာဉ်ပေါ်မှာလိုက်ပါလာသူကို သွင်းကုန် ပို့ကုန်
တားဆီကာကွယ်ရေးအက်ဥပဒေပုဒ်မ ၈/၁၀ နဲ့အမှုရေးဖွင့် ဖမ်းဆီးစစ်ဆေးဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဒိုက်ဦး

Zawgyi

လိုင္စင္မဲ့ကားနဲ႔ ဆိုင္ကယ္တိုက္မိၿပီး မိသားစုသုံးဦး ေသဆုံး

ေနျပည္ေတာ္၊ဩဂုတ္ ၁၅-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ ဒိုက္ဦးၿမိဳ႕နယ္၊ ဒိုက္ဦး -အုတ္သွ်စ္ကုန္း လမ္းမ‌‌ေပၚမွာ ဩဂုတ္လ ၁၅ ရက္ေန႔လယ္ပိုင္းက တိုယိုတာ ခေရာင္းအမ်ိဳးအစား လိုင္စင္မဲ့ေမာ္ေတာ္ကားနဲ႔
ဆိုင္ကယ္တစ္စီးတိုက္မိရာကေန ကေလးငယ္ တစ္ဦးအပါအဝင္ မိသားစုဝင္ သုံးဦး ေသဆုံးခဲ့တယ္လို႔ ဒိုက္ဦးၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကေန သိရပါတယ္။

“လိုင္စင္မဲ့ကားကိုလမ္းေၾကာင္းသယ္ေပးတဲ့ အမ်ိဳးသားေတြေမာင္းလာတဲ့ကားနဲ႔ တိုက္မိတာပါ။ေရွ႕ကဆိုင္ကယ္ကိုဝင္တိုက္တာျဖစ္ၿပီး အတိုက္ခံရတဲ့ ဆိုင္ကယ္က မိသားစုဝင္သုံးဦးလုံး ေသဆုံးသြားတယ္” လို႔ ဒိုက္ဦးၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး ေက်ာ္ဟိန္းက ေျပာပါတယ္။

ဒိုက္ဦးၿမိဳ႕နယ္၊ ဒိုက္ဦး-အုတ္သွ်စ္ကုန္းလမ္းအတိုင္း အသက္ ၃၀ႏွစ္အရြယ္ အမ်ိဳးသားေမာင္းႏွင္လာတဲ့ TOYOTA CROWNအမ်ိဳးအစား ခဲေရာင္ယာဥ္(ယာဥ္/ေမာင္းလိုင္စင္မရွိ)ကားတစ္စီးဟာ အသက္ ၆ ႏွစ္အရြယ္ ကေလးတစ္ဦး အပါအဝင္ မိသားစုသံုးဦးေမာင္းလာတဲ့ ဆိုင္ကယ္ကိုအရွိန္နဲ႔ ဝင္တိုက္မိခဲ့တာျဖစ္ၿပီး ယာဥ္တိုက္မႈေၾကာင့္ဆိုင္ကယ္ေမာင္းသူနဲ႔ မိသားစုဝင္အားလုံး ေသဆုံးခဲ့ရတာလည္း ျဖစ္တယ္လို႔ သိရပါတယ္။

ယာဥ္တိုက္မႈနဲ႔ပတ္သက္လို႔ လိုင္စင္မဲ့ယာဥ္ေမာင္းလာတဲ့ အမ်ိဳးသားကို ဒိုက္ဦးၿမိဳ႕မ
ရဲစခန္းမွ ရာဇသတ္ႀကီးပုဒ္မ ၃၀၄ -က ၊တရားမဝင္လိုင္စင္မဲ့ယာဥ္လက္ဝယ္ေတြ႕သူနဲ႔
သယ္ေဆာင္ရာတြင္ အာ‌းေပးကူညီသူ ယာဥ္ေပၚမွာလိုက္ပါလာသူကို သြင္းကုန္ ပို႔ကုန္
တားဆီကာကြယ္ေရးအက္ဥပေဒပုဒ္မ ၈/၁၀ နဲ႔အမႈေရးဖြင့္ ဖမ္းဆီးစစ္ေဆးေဆာင္႐ြက္ထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ဒိုက္ဦး

Related posts

Leave a Comment

VOM News

FREE
VIEW