ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်က ကိုယ်ဝန်ဆောင်တွေနဲ့ သူတို့မွေးဖွားလိုက်တဲ့ ကလေးကိုပါ ငွေကြေးထောက်ပံ့မယ့်အစီအစဉ်ကို လာမယ့် စက်တင်ဘာမှာ စတင်မယ်

ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်က ကိုယ်ဝန်ဆောင်တွေနဲ့ သူတို့မွေးဖွားလိုက်တဲ့ ကလေးကိုပါ ငွေကြေးထောက်ပံ့မယ့်အစီအစဉ်ကို လာမယ့် စက်တင်ဘာမှာ စတင်မယ်

ရန်ကုန်၊ သြဂုတ် ၁၆-၂၀၂၀
သိင်္ဂီ (VOM)

ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်ကနေ ကလေးမွေးဖွားအပြီး ကလေးအသက်(၂)နှစ်ရောက်တဲ့အထိ ငွေကြေးထောက်ပံ့မယ့် MCCT အစီအစဉ်ကို ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်မှာ လာမယ့် စက်တင်ဘာလကနေ စတင်ပေးအပ်သွားမယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ဟာ ဒေသရဲ့ နေရာအားလုံးကိုရောက်ရှိပါက ခန့်မှန်းခြေအားဖြင့် ဧရာဝတီတိုင်းက အကျိုးခံစားခွင့်ရှိတဲ့ အိမ်ထောင်စု ၄၈၃,၀၀၀ ခန့်၊ ရှမ်းပြည်နယ်က အကျိုးခံစားခွင့်ရှိတဲ့အိမ်ထောင်စု ၄၈၇,၀၀၀ ခန့်ဟာ စီမံကိန်းအကောင်အထည်ဖော်မှုရဲ့ ပထမလေးနှစ်တာကာလအတွင်း အနည်းဆုံး ငွေသားလွှဲပြောင်းခြင်း တစ်ကြိမ်ကိုလက်ခံရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“MCCT အစီအစဉ်က ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ၊ မွေးကင်းစကလေးငယ်တွေနဲ့ ကလေးအသက်(၂)နှစ်အထိကို သူတို့ရဲ့မိသားစု၊ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးရှိစေမှာဖြစ်ပါတယ် ၊ဒါကြောင့် အာဟာရဆိုင်ရာ အခြေအနေအရ ထိခိုက်လွယ်တဲ့ဒေသတွေကို ဦးစားပေးသတ်မှတ်ပြီး ဆောင်ရွက်နေတယ်။ အကျိုးခံစားခွင့်ရှိသူအများစုဟာ ဘဏ်တွေကိုလက်လှမ်းမမှီခြင်း၊ ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေကို လုံလောက်စွာမရရှိနိုင်တာကြောင့် ဒစ်ဂျစ်တယ် ငွေလွှဲပြောင်းတဲပုံစံနဲ့ လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်ဖို့ AYA Pay ၊ KBZ Pay နဲ့ ဆောင်ရွက်ပါမယ်။ MCCT စီမံကိန်းအတွက် ပွင့်လင်းမြင်သာမှု၊ မြန်ဆန်မှု၊ တိကျမှုနှင့်ထိရောက်မှုတို့ကို သေချာစေဖို့ပါ”လို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးကပြောပါတယ်။

MCCT ငွေကြေး‌ထောက်ပံ့ခြင်း အစီအစဉ်ဟာ ကလေးငယ်ရဲ့ ဘဝအစ ပထမဦးဆုံးရက်ပေါင်း ၁၀၀၀ ရှိတဲ့ ကလေးမိခင်တွေကို ထောက်ပံ့ပေးမှာဖြစ်ပြီး အကျိုးခံစားခွင့်ရှိသူတွေဟာ တစ်လကို ကျပ် ၁၅၀၀၀ ကျပ်နူန်းနဲ့ သုံးလပေါင်းပြီး တစ်ကြိမ် ၄၅၀၀၀ ကျပ်ငွေလွှဲခြင်းကို လက်ခံရရှိမှာဖြစ်ပါတယ်။

” ဧရာဝတီတိုင်းမှာ ထောင်နဲ့ချီတဲ့ကိုယ်စားလှယ်တွေရှိပါတယ်။ ဒါကြောင့် ငွေလွှဲပြောင်းမှုဝန်ဆောင်မှုပေးသူတွေအနေနဲ့အာဟာရဆိုင်ရာ ငွေကြေးထောက်ပံ့ခြင်း ဝန်ဆောင်မှုတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့သာမက ဒစ်ဂျစ်တယ်နှင့် ငွေကြေးဆိုင်ရာအသိပညာမြင့်မားရေးကို ဘဏ်ဝန်ဆောင်မှု လက်လှမ်းမီခြင်းမရှိတဲ့ဒေသက အကျိုးခံစားခွင့်ရှိသူတွေအတွက်ကိုပါ ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။”လို့ ဧရာဝတီဘဏ်လီမိတက်ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးငြိမ်းချမ်းစိုးဝင်းကပြောပါတယ်။

ဒီMCCT အစီအစဉ်ဟာ ဧရာဝတီတိုင်းထဲက အနည်းဆုံးလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းနှင့် ရှမ်းပြည်နယ်က ၆၀ ရာခိုင်နှုန်းကို ငွေကြေးထောက်ပံ့ခြင်း လက်လှမ်းမီနိုင်လိမ့်မယ်လို့သိရပါတယ်။

MCCT ငွေကြေးထောက်ပံ့မှုအစီအစဉ်ရဲ့ အကျိုးခံစားခွင့်ရှိသူအဖြစ် မှတ်ပုံတင်ဖို့ လျှောက်ထားသူတွေဟာ ဆေးရုံ ဒါမှမဟုတ် ဆေးခန်းတွေကနေ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မှတ်တမ်း၊ ကလေးအကျိုးခံစားခွင့်ရှိသူတွေအတွက် ကလေးမွေးစာရင်း ဒါမှမဟုတ် ကာကွယ် ဆေးထိုးမှတ်တမ်းကို မိုဘိုင်းဖုန်းကတဆင့် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

၂၀၂၀ ဧပြီလ ၁ ရက်နေ့မှာ စတင်မွေးဖွားတဲ့ ကလေးငယ်တွေအကျုံးဝင်သလို ၊ ဧပြီ ၁ ရက်နေ့မှာ ကိုယ်ဝန်ရှိနေတဲ့ ကိုယ်ဝန်ဆောင်သည်တွေအားလုံး အခုအစီအစဉ်မှာအကျုံးဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

MCCT အစီအစဉ်ကို ၂၀၁၇ ခုနှစ်ထဲက ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေမှာ စတင်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

Photo – SPIN
#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ဧရာဝတီတိုင္းနဲ႔ ရွမ္းျပည္နယ္က ကိုယ္ဝန္​ေဆာင္ေတြနဲ့ သူတို႔​ေမြးဖြားလိုက္တဲ့ ကေလးကိုပါ ေငြေၾကးေထာက္ပံ့မယ့္အစီအစဥ္ကို လာမယ့္ စက္တင္ဘာမွာ စတင္မယ္

ရန္ကုန္၊ ၾသဂုတ္ ၁၆-၂၀၂၀
သိဂႌ (VOM)

ကိုယ္ဝန္​ေဆာင္ေတြအေနနဲ႔ ကိုယ္ဝန္ေဆာင္ခ်ိန္ကေန ကေလးေမြးဖြားအၿပီး ကေလးအသက္(၂)ႏွစ္ေရာက္တဲ့အထိ ေငြေၾကးေထာက္ပံ့မယ့္ MCCT အစီအစဥ္ကို ဧရာဝတီတိုင္းနဲ႔ ရွမ္းျပည္နယ္မွာ လာမယ့္ စက္တင္ဘာလကေန စတင္ေပးအပ္သြားမယ္လို႔ သိရပါတယ္။

ဒီအစီအစဥ္ဟာ ေဒသရဲ႕ ေနရာအားလုံးကိုေရာက္ရွိပါက ခန႔္မွန္းေျခအားျဖင့္ ဧရာ၀တီတိုင္းက အက်ိဳးခံစားခြင့္ရွိတဲ့ အိမ္ေထာင္စု ၄၈၃,၀၀၀ ခန႔္၊ ရွမ္းျပည္နယ္က အက်ိဳးခံစားခြင့္ရွိတဲ့အိမ္ေထာင္စု ၄၈၇,၀၀၀ ခန႔္ဟာ စီမံကိန္းအေကာင္အထည္ေဖာ္မွုရဲ႕ ပထမေလးႏွစ္တာကာလအတြင္း အနည္းဆုံး ေငြသားလႊဲေျပာင္းျခင္း တစ္ႀကိမ္ကိုလက္ခံရရွိနိုင္မွာျဖစ္တယ္လို့ သိရပါတယ္။

“MCCT အစီအစဥ္က ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ နို့တိုက္မိခင္ေတြ၊ ေမြးကင္းစကေလးငယ္ေတြနဲ႔ ကေလးအသက္(၂)ႏွစ္အထိကို သူတို႔ရဲ႔မိသားစု၊ လူမွုအသိုင္းအဝိုင္းအတြက္ အက်ိဳးရွိေစမွာျဖစ္ပါတယ္ ၊ဒါေၾကာင့္ အာဟာရဆိုင္ရာ အေျခအေနအရ ထိခိုက္လြယ္တဲ့ေဒသေတြကို ဦးစားေပးသတ္မွတ္ၿပီး ေဆာင္ရြက္ေနတယ္။ အက်ိဳးခံစားခြင့္ရွိသူအမ်ားစုဟာ ဘဏ္ေတြကိုလက္လွမ္းမမွီျခင္း၊ ေငြေၾကးဆိုင္ရာဝန္ေဆာင္မွုေတြကို လုံေလာက္စြာမရရွိနိုင္တာေျကာင့္ ဒစ္ဂ်စ္တယ္ ေငြလႊဲေျပာင္းတဲပုံစံနဲ႔ လြယ္ကူေခ်ာေမြ႕စြာေဆာင္ရြက္နိုင္ဖို့ AYA Pay ၊ KBZ Pay နဲ့ ​ေဆာင္ရြက္ပါမယ္။ MCCT စီမံကိန္းအတြက္ ပြင့္လင္းျမင္သာမွု၊ ျမန္ဆန္မွု၊ တိက်မွုႏွင့္ထိေရာက္မွုတို့ကို ေသခ်ာေစဖို့ပါ”လို့ လူမွုဝန္ထမ္းဦးစီးဌာန ညႊန္ၾကားေရးမွူးခ်ဳပ္ ေဒါက္တာစန္းစန္းေအးကေျပာပါတယ္။

MCCT ေငြေၾကး‌ေထာက္ပံ့ျခင္း အစီအစဥ္ဟာ ကေလးငယ္ရဲ့ ဘဝအစ ပထမဦးဆုံးရက္ေပါင္း ၁၀၀၀ ရွိတဲ့ ကေလးမိခင္ေတြကို ေထာက္ပံ့ေပးမွာျဖစ္ၿပီး အက်ိဳးခံစားခြင့္ရွိသူေတြဟာ တစ္လကို က်ပ္ ၁၅၀၀၀ က်ပ္ႏူန္းနဲ႔ သုံးလေပါင္းၿပီး တစ္ႀကိမ္ ၄၅၀၀၀ က်ပ္ေငြလႊဲျခင္းကို လက္ခံရရွိမွာျဖစ္ပါတယ္။

” ဧရာဝတီတိုင္းမွာ ေထာင္နဲ႔ခ်ီတဲ့ကိုယ္စားလွယ္ေတြ႐ွိပါတယ္။ ဒါေၾကာင့္ ေငြလႊဲေျပာင္းမွု၀န္ေဆာင္မွုေပးသူေတြအေနနဲ႕အာဟာရဆိုင္ရာ ေငြေၾကးေထာက္ပံ့ျခင္း ၀န္ေဆာင္မွုေတြရဲ့လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးဖို့သာမက ဒစ္ဂ်စ္တယ္ႏွင့္ ေငြေၾကးဆိုင္ရာအသိပညာျမင့္မားေရးကို ဘဏ္ဝန္ေဆာင္မွု လက္လွမ္းမီျခင္းမရွိတဲ့ေဒသက အက်ိဳးခံစားခြင့္ရွိသူေတြအတြက္ကိုပါ ေဆာင္ရြက္ေပးနိုင္မွာျဖစ္ပါတယ္။”လို့ ဧရာဝတီဘဏ္လီမိတက္ရဲ႕ မန္ေနဂ်င္းဒါရိုက္တာ ဦးၿငိမ္းခ်မ္းစိုးဝင္းကေျပာပါတယ္။

ဒီMCCT အစီအစဥ္ဟာ ဧရာဝတီတိုင္းထဲက အနည္းဆုံးလူဦးေရရဲ႕ ၈၀ ရာခိုင္ႏွုန္းႏွင့္ ရွမ္းျပည္နယ္က ၆၀ ရာခိုင္ႏွုန္းကို ေငြေၾကးေထာက္ပံ့ျခင္း လက္လွမ္းမီနိုင္လိမ့္မယ္လို႔သိရပါတယ္။

MCCT ေငြေၾကးေထာက္ပံ့မွုအစီအစဥ္ရဲ႕ အက်ိဳးခံစားခြင့္ရွိသူအျဖစ္ မွတ္ပုံတင္ဖို႔ ေလၽွာက္ထားသူေတြဟာ ေဆး႐ုံ ဒါမွမဟုတ္ ​ေဆးခန္းေတြကေန ကိုယ္ဝန္ေဆာင္ေစာင့္ေရွာက္မွု မွတ္တမ္း၊ ကေလးအက်ိဳးခံစားခြင့္ရွိသူေတြအတြက္ ကေလးေမြးစာရင္း ဒါမွမဟုတ္ ကာကြယ္ ေဆးထိုးမွတ္တမ္းကို မိုဘိုင္းဖုန္းကတဆင့္ ေလၽွာက္ထားနိုင္မွာ ျဖစ္ပါတယ္။

၂၀၂၀ ဧၿပီလ ၁ ရက္ေန႔မွာ စတင္ေမြးဖြားတဲ့ ကေလးငယ္ေတြအက်ဳံးဝင္သလို ၊ ဧၿပီ ၁ ရက္ေန႔မွာ ကိုယ္ဝန္႐ွိေနတဲ့ ကိုယ္ဝန္ေဆာင္သည္ေတြအားလုံး အခုအစီအစဥ္မွာအက်ဳံးဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။

MCCT အစီအစဥ္ကို ၂၀၁၇ ခုႏွစ္ထဲက ခ်င္း၊ ရခိုင္၊ ကယား၊ ကရင္ႏွင့္ နာဂကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသေတြမွာ စတင္ေဆာင္ရြက္ေနတာလည္းျဖစ္ပါတယ္။

Photo – SPIN
#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW