AAအဖွဲ့ကဖမ်းထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အမြန်ဆုံးကယ်တင်ပေးရေး မိသားစုဝင်တွေက နိုင်ငံတော်အကြီးအကဲတွေကို အသနားခံစာတင်မယ်

AAအဖွဲ့ကဖမ်းထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အမြန်ဆုံးကယ်တင်ပေးရေး မိသားစုဝင်တွေက နိုင်ငံတော်အကြီးအကဲတွေကို အသနားခံစာတင်မယ်

မန္တလေး၊ ဩဂုတ် ၁၆-၂၀၂၀
မှူးသခင် (VOM)

AAတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းခံရတဲ့ ရဲတပ်ဖွဲ့ဝင်မိသားစုတွေဟာ ဖမ်းဆီးခြင်းခံရတဲ့နေ့ကနေစပြီး ဒီ‌နေ့အချိန်ထိ မိသားစုဝင်တွေဆီကို အကြောင်းကြားခြင်းမရှိတဲ့အတွက် မိသားစုဝင်တွေအနေနဲ့ စိတ်ပူပန်နေရတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ဖမ်းဆီးခံရတဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေဟာ ဖမ်းဆီးခံရတဲ့နေ့ကနေစတင်ပြီး လစာရပ်နားတာတွေခံရခြင်း၊ မိခင်တပ်ရင်းကနေ ထောက်ပံ့ပေးမှုမရှိခြင်း၊ ဘူး ဆန် 1အိတ်နဲ့ ဆီ5ပိဿာ ကို မန္တလေးတိုင်းအစိုးရအဖွဲ့ကနေထောက်ပံ့တာတော့ ရဘူးတယ်လို့ မိသားစုဝင်တွေက ဒီကနေ့မနက်ပိုင်း မန္တလေးမီဒီယာစင်တာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာဖြစ်ပါတယ်။

သဇင်မြိုင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ဖမ်းဆီးခံခဲ့ရတဲ့ ရဲတပ်သားအောင်သူမင်းရဲ့ဇနီးဖြစ်သူပြောပြတာက “ကျွန်မတို့ကို ၂၀၂၀ခုနှစ်မေလ၂၉မှာတော့ ည ၂ နာရီလောက်မှာတိုက်ပွဲဖြစ်တယ်၊ အဲ့ဒီနောက်မှာ တိုက်ပွဲမှာအကျများတယ်၊ သူ့ဘက်လဲအကျများတယ် ကျွန်မတို့ဘက်လဲအကျများတယ်၊ ဒါပေမယ့်ကျွန်မတို့အဲ့ဒီမှာ အဖမ်းခံရတယ် ကျွန်မတို့ကိုမျက်လုံးမှိတ်ခေါ်သွားတယ်၊ ကျွန်မတို့ကိုမေးမြန်းစရာလေးတွေမေးမြန်းတယ် ပြီးတော့ပြန်လွှတ်ပေးပါတယ်၊ ကျွန်မယောက်ျားနဲ့အတူ တပ်သား ၆ယောက်ဖမ်းဆီးခံရပါတယ်၊ ကျွန်မတို့ကိုမျက်လုံးစီးပြီးတော့‌ ခေါ်သွားပါတယ်၊ အောင်ချမ်းသာကျေးရွာမှာ ရပ်မိရပ်ဖတွေနဲ့ အပ်ပေးပြီးတော့ သူတို့ရဲ့နေရာထိုင်ခင်း မိခင်တပ်ရင်းကို ကောင်းကောင်းမွန်မွန် လိုက်ပို့ပေးလိုက်ပါဆိုပြီးတော့အပ်ပေးပါတယ်။ ရိုင်းရိူင်းစိုင်းစိုင်းဆက်ဆံတာမျိုးတော့မရှိဘူး။ ကျွန်မမှာဆိုရင် ၄နှစ်အရွယ် သမီးလေးရှိတယ်၊ သူတို့က ကျွန်မကိုအောင်ချမ်းသာစာသင်ကျောင်းထဲမှာ ကလေးမုန့်ဖိုးပေးရင်း ငွေ လေးသောင်းလမ်းစရိတ်ပေးတယ်” လို့ပြောပါတယ်။

ပဲခူးတိုင်း၊ ပေါင်းခေါင်းမြို့နယ်၊ ပေါင်းတကားနယ်မြေရဲစခန်းက ရဲတပ်သားညီညီလွင်ရဲ့ဇနီး‌ဖြစ်သူ မစိုးစန္ဒာပြောပြတာကတော့ “သဇင်မြိုင်ကို လာတိုက်တဲ့အချိန်မှာ ပါသွားတယ်၊ ၆‌ယောက်စလုံး သမီးတို့ကိုပြန်လွှတ်ပေးပါတယ်၊ AAဖက်ကလဲပြောပါတယ်ပြန်လွှတ်ပေးလိုက်မယ်၊ နင်တို့တွေကျန်းမာ‌ရေးကိုကောင်းကောင်းမွန်မွန်နေကြ၊ သူတို့ကို၂လအတွင်းလွှတ်ပေးမယ်ဆိုပြီး ခုချိန်ထိပြန်မလွှတ်သေးပါဘူး”လို့ပြောပါတယ်။

AAတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံရတဲ့ ရဲတပ်ဖွဲ့ဝင်ဦးရေ (၅၀)လောက်ရှိတယ်လို့သိရပါတယ်။

ဖမ်းဆီးခံရတဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေဟာ နိုင်ငံတော်သမ္မတရုံးအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထဲရေး ၊အတိုင်ပင်ခံရုံး၊အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၊အမျိုးသားလွှတ်တော်တို့ကို ဩဂုတ်လ ၁၇ ရက်နေ့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အသနားခံစာတင်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

AAအဖြဲ႕ကဖမ္းထားတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကို အျမန္ဆုံးကယ္တင္ေပးေရး မိသားစုဝင္ေတြက ႏိုင္ငံေတာ္အႀကီးအကဲေတြကို အသနားခံစာတင္မယ္

မႏၲေလး၊ ဩဂုတ္ ၁၆-၂၀၂၀
မႉးသခင္ (VOM)

AAတပ္ဖြဲ႕ရဲ႕ဖမ္းဆီးျခင္းခံရတဲ့ ရဲတပ္ဖြဲ႕ဝင္မိသားစုေတြဟာ ဖမ္းဆီးျခင္းခံရတဲ့ေန႔ကေနစၿပီး ဒီ‌ေန႔အခ်ိန္ထိ မိသားစုဝင္ေတြဆီကို အေၾကာင္းၾကားျခင္းမရွိတဲ့အတြက္ မိသားစုဝင္ေတြအေနနဲ႔ စိတ္ပူပန္ေနရတယ္လို႔ မိသားစုဝင္ေတြကေျပာပါတယ္။

ဖမ္းဆီးခံရတဲ့ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕မိသားစုေတြဟာ ဖမ္းဆီးခံရတဲ့ေန႔ကေနစတင္ၿပီး လစာရပ္နားတာေတြခံရျခင္း၊ မိခင္တပ္ရင္းကေန ေထာက္ပံ့ေပးမႈမရွိျခင္း၊ ဘူး ဆန္ 1အိတ္နဲ႔ ဆီ5ပိႆာ ကို မႏၲေလးတိုင္းအစိုးရအဖြဲ႕ကေနေထာက္ပံ့တာေတာ့ ရဘူးတယ္လို႔ မိသားစုဝင္ေတြက ဒီကေန႔မနက္ပိုင္း မႏၲေလးမီဒီယာစင္တာမွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေျပာခဲ့တာျဖစ္ပါတယ္။

သဇင္ၿမိဳင္ရဲစခန္းကို ဝင္ေရာက္တိုက္ခိုက္ ဖမ္းဆီးခံခဲ့ရတဲ့ ရဲတပ္သားေအာင္သူမင္းရဲ႕ဇနီးျဖစ္သူေျပာျပတာက “ကြၽန္မတို႔ကို ၂၀၂၀ခုႏွစ္ေမလ၂၉မွာေတာ့ ည ၂ နာရီေလာက္မွာတိုက္ပြဲျဖစ္တယ္၊ အဲ့ဒီေနာက္မွာ တိုက္ပြဲမွာအက်မ်ားတယ္၊ သူ႔ဘက္လဲအက်မ်ားတယ္ ကြၽန္မတို႔ဘက္လဲအက်မ်ားတယ္၊ ဒါေပမယ့္ကြၽန္မတို႔အဲ့ဒီမွာ အဖမ္းခံရတယ္ ကြၽန္မတို႔ကိုမ်က္လုံးမွိတ္ေခၚသြားတယ္၊ ကြၽန္မတို႔ကိုေမးျမန္းစရာေလးေတြေမးျမန္းတယ္ ၿပီးေတာ့ျပန္လႊတ္ေပးပါတယ္၊ ကြၽန္မေယာက္်ားနဲ႔အတူ တပ္သား ၆ေယာက္ဖမ္းဆီးခံရပါတယ္၊ ကြၽန္မတို႔ကိုမ်က္လုံးစီးၿပီးေတာ့‌ ေခၚသြားပါတယ္၊ ေအာင္ခ်မ္းသာေက်း႐ြာမွာ ရပ္မိရပ္ဖေတြနဲ႔ အပ္ေပးၿပီးေတာ့ သူတို႔ရဲ႕ေနရာထိုင္ခင္း မိခင္တပ္ရင္းကို ေကာင္းေကာင္းမြန္မြန္ လိုက္ပို႔ေပးလိုက္ပါဆိုၿပီးေတာ့အပ္ေပးပါတယ္။ ႐ိုင္း႐ိူင္းစိုင္းစိုင္းဆက္ဆံတာမ်ိဳးေတာ့မရွိဘူး။ ကြၽန္မမွာဆိုရင္ ၄ႏွစ္အ႐ြယ္ သမီးေလးရွိတယ္၊ သူတို႔က ကြၽန္မကိုေအာင္ခ်မ္းသာစာသင္ေက်ာင္းထဲမွာ ကေလးမုန႔္ဖိုးေပးရင္း ေငြ ေလးေသာင္းလမ္းစရိတ္ေပးတယ္” လို႔ေျပာပါတယ္။

ပဲခူးတိုင္း၊ ေပါင္းေခါင္းၿမိဳ႕နယ္၊ ေပါင္းတကားနယ္ေျမရဲစခန္းက ရဲတပ္သားညီညီလြင္ရဲ႕ဇနီး‌ျဖစ္သူ မစိုးစႏၵာေျပာျပတာကေတာ့ “သဇင္ၿမိဳင္ကို လာတိုက္တဲ့အခ်ိန္မွာ ပါသြားတယ္၊ ၆‌ေယာက္စလံုး သမီးတို႔ကိုျပန္လႊတ္ေပးပါတယ္၊ AAဖက္ကလဲေျပာပါတယ္ျပန္လႊတ္ေပးလိုက္မယ္၊ နင္တို႔ေတြက်န္းမာ‌ေရးကိုေကာင္းေကာင္းမြန္မြန္ေနၾက၊ သူတို႔ကို၂လအတြင္းလႊတ္ေပးမယ္ဆိုၿပီး ခုခ်ိန္ထိျပန္မလႊတ္ေသးပါဘူး”လို႔ေျပာပါတယ္။

AAတပ္ဖြဲ႕ဝင္ေတြရဲ႕ ဖမ္းဆီးခံရတဲ့ ရဲတပ္ဖြဲ႔ဝင္ဦးေရ (၅၀)ေလာက္ရွိတယ္လို႔သိရပါတယ္။

ဖမ္းဆီးခံရတဲ့ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ မိသားစုေတြဟာ ႏိုင္ငံေတာ္သမၼတ႐ုံးအပါအဝင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊ ျပည္ထဲေရး ၊အတိုင္ပင္ခံ႐ုံး၊အမ်ိဳးသမီးႏွင့္ကေလးသူငယ္အခြင့္အေရးဆိုင္ရာေကာ္မတီ၊အမ်ိဳးသားလႊတ္ေတာ္တို႔ကို ဩဂုတ္လ ၁၇ ရက္ေန႔မွာ ဒီကိစၥနဲ႔ပတ္သက္ၿပီး အသနားခံစာတင္သြားမယ္လို႔ သတင္းစာရွင္းလင္းပြဲမွာေျပာခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW