ဘဏ်ခွဲတာဝန်ခံ ကြီးကြပ်ရေးမှူးကိုယ်တိုင်က ငွေစာရင်း မသမာမှုပြုလုပ်ပြီး သိန်းငါးထောင်နီးပါး ထုတ်ယူခဲ့မှုဖြစ်ပေါ်

ဘဏ်ခွဲတာဝန်ခံ ကြီးကြပ်ရေးမှူးကိုယ်တိုင်က ငွေစာရင်း မသမာမှုပြုလုပ်ပြီး သိန်းငါးထောင်နီးပါး ထုတ်ယူခဲ့မှုဖြစ်ပေါ်

မုံရွာ ၊ သြဂုတ် ၁၇ – ၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ရှိ ကမ္ဘောဇဘဏ်က ဒုတိယဘဏ်ခွဲတာဝန်ခံ ကြီးကြပ်ရေးမှူးဟာ ငွေစာရင်းတွေကို ခွင့်ပြုချက်မရှိဘဲ သိန်းပေါင်း ၅ထောင်နီးပါး အကြိမ်ကြိမ်ထုတ်ယူကာ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တာကြောင့် ကမ္ဘောဇဘဏ်ရဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် ဒေသ(၄)ခုတာဝန်ခံ လက်ထောက်မန်နေဂျာက မုံရွာမြို့မရဲစခန်းမှာ မနေ့ သြဂုတ် ၁၆ရက်နေ့က တရားလိုပြုလုပ်ပြီး အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့မရဲစခန်းမှာ အမှုစစ်တာဝန် ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ “ အဲ့ဒီအမှုရဲ့ ပထမ သတင်းပေးတိုင်တန်းချက် အမှတ် ၇၂၁ / ၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၈ အရ အမှုရေးဖွင့်ထားပါတယ် ၊ အမှုကတော့ စစ်ဆေးနေဆဲ ကာလဖြစ်တယ်” လို့ ပြောပါတယ်။

မုံရွာက မ္ဘောဇဘဏ်ခွဲ (၁)မှာ ငွေစာရင်းဖွင့်လှစ်တားတဲ့ စာရင်းပိုင်ရှင်ဖြစ်သူ အမျိုးသားတစ်ဦးရဲ့ ငွေစုစာအုပ်ကို စာရင်းပိုင်ရှင်ဖြစ်သူရဲ့ ညီဖြစ်သူက Updateလုပ်ဖို့ ဘဏ်ကိုလာရောက်ချိန် ဘဏ်ရဲ့ System ရှိ စာရင်းလက်ကျန်နဲ့ စာရင်းပိုင်ရှင်ရဲ့ ငွေစုစာရင်းလက်ကျန်မှာ တူညီမှုမရှိဘဲ ငွေတွေလျော့နည်းနေတဲ့အတွက် တာဝန်ခံမန်နေဂျာက သိခဲ့ရပြီး ရုံးချုပ်တာဝန်ရှိသူအဆင့်ဆင့်ကို ဆက်လက်တင်ပြခဲ့ရာ ရုံးချုပ်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စုံစမ်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအဖွဲ့ရဲ့ စစ်ဆေးပေါ်ချက်အရ ခန္တီးမြို့ ကမ္ဘောဇဘဏ် ဒုတိယဘဏ်ခွဲတာဝန်ခံ ကြီးကြပ်ရေးမှူး ဦးပြည့်ဖြိုးဦး ဆိုသူဟာ Mobile Service လုပ်ကိုင်သူတစ်ဦးနဲ့ ငွေကြေးချိတ်ဆက်မှုတွေပြုလုပ်ကာ အကြိမ်ကြိမ် စာရင်းလွဲပြောင်း ထုတ်ယူခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မုံရွာမြို့ ကမ္ဘောဇဘဏ်ခွဲ(၁)မှာ ငွေစာရင်းဖွင့်ထားသူတစ်ဦးရဲ့ အမည် ၊ မှတ်ပုံတင်နံပါတ်ပါ ယာဉ်မောင်းလိုင်စင်ကို အသုံးပြုပြီး မန္တလေးဘဏ်ခွဲ (၂၀)ကနေ ငွေကြေးထုတ်ယူခဲ့တာမျိုးလဲ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဘဏ်လုပ်ငန်းလုပ်ကိုင်နေတဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဘဏ်ခွဲတာဝန်ခံ ကြီးကြပ်ရေးမှူးကိုယ်တိုင်က ငွေစာရင်း မသမာမှုပြုလုပ်ကာ ငွေကြေးထုတ်ယူတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ မုံရွာမြို့ ကမ္ဘောဇဘဏ်ခွဲ(၁)ကို (VOM) က ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

မသမာမှုပြုလုပ်ပြီး ငွေတွေထုတ်ယူကာ ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခဲ့တယ်လို့ စွပ်စွဲခြင်းခံထားရသူဟာ ၂၀၁၉ မတ်လ ၁၈ ရက်နေ့စလို့ ဘဏ်ငွေစာရင်းတွေကို အကြိမ်ကြိမ်အခါခါ လွဲပြောင်းထုတ်ယူခဲ့တဲ့ ငွေကြေးပမာဏဟာ (၄၉၂၅) သိန်းခန့်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Zawgyi

ဘဏ္ခြဲတာ၀န္ခံ ၾကီးၾကပ္ေရးမွဴးကိုယ္တိုင္က ေငြစာရင္း မသမာမႈျပဳလုပ္ျပီး သိန္းငါးေထာင္နီးပါး ထုတ္ယူခဲ႔မႈျဖစ္ေပၚ

မံုရြာ ၊ ၾသဂုတ္ ၁၇ – ၂၀၂၀
ကိုတိုးၾကီး (VOM)

စစ္ကိုင္းတိုင္း၊ ခႏၱီးျမိဳ႕ရွိ ကေမၻာဇဘဏ္က ဒုတိယဘဏ္ခြဲတာ၀န္ခံ ၾကီးၾကပ္ေရးမွဴးဟာ ေငြစာရင္းေတြကို ခြင္႔ျပဳခ်က္မရွိဘဲ သိန္းေပါင္း ၅ေထာင္နီးပါး အၾကိမ္ၾကိမ္ထုတ္ယူကာ ကိုယ္က်ိဳးအတြက္ သံုးစြဲခဲ႔တာေၾကာင္႔ ကေမၻာဇဘဏ္ရဲ႕ စစ္ကိုင္းတိုင္းနဲ႔ ခ်င္းျပည္နယ္ ေဒသ(၄)ခုတာ၀န္ခံ လက္ေထာက္မန္ေနဂ်ာက မံုရြာျမိဳ႕မရဲစခန္းမွာ မေန႔ ၾသဂုတ္ ၁၆ရက္ေန႔က တရားလိုျပဳလုပ္ျပီး အမွဳဖြင္႔တိုင္တန္းခဲ႔တယ္လို႔ သိရပါတယ္။

မံုရြာျမိဳ႕မရဲစခန္းမွာ အမႈစစ္တာ၀န္ ထမ္းေဆာင္ေနတဲ႔ ရဲအရာရွိတစ္ဦးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “ အဲ႔ဒီအမွဳရဲ႕ ပထမ သတင္းေပးတိုင္တန္းခ်က္ အမွတ္ ၇၂၁ / ၂၀၂၀ ရာဇသတ္ၾကီး ဥပေဒပုဒ္မ ၄၀၈ အရ အမွဳေရးဖြင္႔ထားပါတယ္ ၊ အမွဳကေတာ႔ စစ္ေဆးေနဆဲ ကာလျဖစ္တယ္” လို႔ ေျပာပါတယ္။

မံုရြာက ေမၻာဇဘဏ္ခြဲ (၁)မွာ ေငြစာရင္းဖြင္႔လွစ္တားတဲ႔ စာရင္းပိုင္ရွင္ျဖစ္သူ အမ်ိဳးသားတစ္ဦးရဲ႔ ေငြစုစာအုပ္ကို စာရင္းပိုင္ရွင္ျဖစ္သူရဲ႕ ညီျဖစ္သူက Updateလုပ္ဖို႔ ဘဏ္ကိုလာေရာက္ခ်ိန္ ဘဏ္ရဲ႕ System ရွိ စာရင္းလက္က်န္နဲ႔ စာရင္းပိုင္ရွင္ရဲ႕ ေငြစုစာရင္းလက္က်န္မွာ တူညီမွဳမရွိဘဲ ေငြေတြေလ်ာ႔နည္းေနတဲ့အတြက္ တာ၀န္ခံမန္ေနဂ်ာက သိခဲ႔ရျပီး ရံုးခ်ဳပ္တာ၀န္ရွိသူအဆင္႔ဆင္႔ကို ဆက္လက္တင္ျပခဲ႔ရာ ရံုးခ်ဳပ္က စံုစမ္းစစ္ေဆးေရးအဖြဲ႔ ဖြဲ႔ကာ စံုစမ္းစစ္ေဆးခဲ႔႔တယ္လို႔ သိရပါတယ္။

အဲ႔ဒီအဖြဲ႔ရဲ႕ စစ္ေဆးေပၚခ်က္အရ ခႏၱီးျမိဳ႕ ကေမၻာဇဘဏ္ ဒုတိယဘဏ္ခြဲတာ၀န္ခံ ၾကီးၾကပ္ေရးမွဴး ဦးျပည္႔ျဖိဳးဦး ဆိုသူဟာ Mobile Service လုပ္ကိုင္သူတစ္ဦးနဲ႔ ေငြေၾကးခ်ိတ္ဆက္မႈေတြျပဳလုပ္ကာ အၾကိမ္ၾကိမ္ စာရင္းလြဲေျပာင္း ထုတ္ယူခဲ႔တာျဖစ္ပါတယ္။

ဒါ႔အျပင္ မံုရြာၿမိဳ႕ ကေမၻာဇဘဏ္ခြဲ(၁)မွာ ေငြစာရင္းဖြင္႔ထားသူတစ္ဦးရဲ႕ အမည္ ၊ မွတ္ပံုတင္နံပါတ္ပါ ယာဥ္ေမာင္းလိုင္စင္ကို အသံုးျပဳျပီး မႏၱေလးဘဏ္ခြဲ (၂၀)ကေန ေငြေၾကးထုတ္ယူခဲ႔တာမ်ိဳးလဲ စစ္ေဆးေတြ႔ရွိခဲ႔ရတယ္လို႔ ဘဏ္လုပ္ငန္းလုပ္ကိုင္ေနတဲ့ အသိုင္းအဝိုင္းကေန သိရပါတယ္။

ဘဏ္ခြဲတာ၀န္ခံ ၾကီးၾကပ္ေရးမွဴးကိုယ္တိုင္က ေငြစာရင္း မသမာမႈျပဳလုပ္ကာ ေငြေၾကးထုတ္ယူတဲ႔ ျဖစ္စဥ္နဲ႔ပတ္သက္လို႔ မံုရြာၿမိဳ႔ ကေမၻာဇဘဏ္ခြဲ(၁)ကို (VOM) က ဆက္သြယ္ေပမယ့္လည္း ဆက္သြယ္လို႔မရခဲ႔ပါဘူး။

မသမာမႈျပဳလုပ္ၿပီး ေငြေတြထုတ္ယူကာ ကိုယ္က်ိဳးစီးပြားအတြက္ အသံုးျပဳခဲ႔တယ္လို႔ စြပ္စြဲျခင္းခံထားရသူဟာ ၂၀၁၉ မတ္လ ၁၈ ရက္ေန႔စလို႔ ဘဏ္ေငြစာရင္းေတြကို အၾကိမ္ၾကိမ္အခါခါ လြဲေျပာင္းထုတ္ယူခဲ႔တဲ႔ ေငြေၾကးပမာဏဟာ (၄၉၂၅) သိန္းခန္ ႔ရွိတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #မံုရြာ

Related posts

Leave a Comment

VOM News

FREE
VIEW