စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကို မုဒိမ်းကျင့်သတ်ခဲ့သူအား သေဒဏ်ချမှတ်

စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကို မုဒိမ်းကျင့်သတ်ခဲ့သူအား သေဒဏ်ချမှတ်

စစ်ကိုင်း သြဂုတ် ၁၈ -၂၀၂၀
မောင်တာရာ(VOM)

စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားဝင်းအတွင်းမှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတစ်ဦး မုဒိန်းကျင့်အသတ်ခံရတဲ့အမှုက တရားခံတစ်ဦးကို ဒီကနေ့ သြဂုတ်လ ၁၈ ရက်နေ့မှာပဲ စစ်ကိုင်းခရိုင်တရားရုံးကနေ သေဒဏ်ချမှတ်လိုက်‌ပါတယ်။

၂၀၂၀ခုနှစ်၊ မေလ ၃ ရက်နေ့၊ည ၁၁ နာရီအချိန့်က စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားဝင်းမြောက်ဘက်မုခ်ဦးအနီး ဆောက်လက်စ သုံးထပ်ဆောင်ဓမ္မာရုံအတွင်းမှာ အသက် ၆၅ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတစ်ဦး မုဒိန်းကျင့်ခံထားရတဲ့ အနေအထားနဲ့ သေဆုံးနေတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

ပြစ်မှုကျူးလွန်ရာမှာပါဝင်တဲ့ ဇင်မျိုး (ခ) ဂျက် (၂၄) နှစ် ၊ အောင်ကျော်ထက် (ခ) စိုးပေ (၁၇) နှစ် စစ်ကိုင်းမြို့၊ရွှေမင်းဝံရပ်ကွက်နေသူတွေကို အခင်းဖြစ်တဲ့နေရာမှာ တွေ့ရှိပြီး ဖမ်းဆီးစစ်ဆေးရာမှာတော့ သူတို့နှစ်ဦးဟာ အရက်သေစာသောက်စားမူးယစ်ပြီး မုဒိမ်းကျင့်သတ်ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူနှစ်ဦးကို စစ်ကိုင်းမြို့မရဲစခန်းကနေ (ပ)၄၃၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၇၆ တို့နဲ့ ဖမ်းဆီးအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

အမှုနဲ့ပတ်သက်ပြီး ၂၀၂၀ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ ရဲစခန်းစွဲချက်အမှတ် (၄၈၀/၂၀၂၀)နဲ့ စစ်ကိုင်းခရိုင်တရားရုံးကို ဇင်မျိုး (ခ)ငဂျက်အား ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၇၆ ၊ အသက် (၁၈)နှစ်မပြည့်သေးတဲ့ အောင်ကျော်ထက်(ခ)စိုးပေကို အသက် (၁၇)နှစ်ကို စစ်ကိုင်းမြို့နယ် ကလေးသူငယ်တရားရုံးသို့ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၇၆ နဲ့ အသီးသီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ (၁၈)ရက်နေ့မှာတော့ စစ်ကိုင်းခရိုင်တရားရုံးကနေ တရားခံ ဇင်မျိုး (ခ)ငဂျက်ကို သေဒဏ်ချခံစေဖို့ အမိန့်ချမှတ်ခဲ့ပြီး အသက် (၁၈)နှစ်မပြည့်သေးတဲ့ အောင်ကျော်ထက် (ခ)စိုးပေ အသက် (၁၇)နှစ်ကို လာမယ့် သြဂုတ်လ ၂၁ ရက်နေ့မှာ စစ်ကိုင်းမြို့နယ် ကလေးသူငယ်တရားရုံးမှာ ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Zawgyi

စိတ္က်န္းမာေရးမေကာင္းတဲ့ အမ်ိဳးသမီးကုိ မုဒိမ္းက်င့္သတ္ခဲ့သူအား ေသဒဏ္ခ်မွတ္

စစ္ကိုင္း ႀသဂုတ္ ၁၈ -၂၀၂၀
ေမာင္တာရာ(VOM)

စစ္ကိုင္းၿမိဳ့၊ငါးထပ္ႀကီးဘုရားဝင္းအတြင္းမွာ စိတ္က်န္းမာေရးမေကာင္းတဲ့ အမ်ိဳးသမီးတစ္ဦး မုဒိန္းက်င့္အသတ္ခံရတဲ့အမႈက တရားခံတစ္ဦးကို ဒီကေန႔ ႀသဂုတ္လ ၁၈ ရက္ေန႕မွာပဲ စစ္ကိုင္းခရိုင္တရား႐ုံးကေန ေသဒဏ္ခ်မွတ္လိုက္‌ပါတယ္။

၂၀၂၀ခုႏွစ္၊ ေမလ ၃ ရက္ေန႕၊ည ၁၁ နာရီအခ်ိန္႕က စစ္ကိုင္းၿမိဳ့၊ငါးထပ္ႀကီးဘုရားဝင္းေျမာက္ဘက္မုခ္ဦးအနီး ေဆာက္လက္စ သုံးထပ္ေဆာင္ဓမၼာ႐ုံအတြင္းမွာ အသက္ ၆၅ ႏွစ္အရြယ္ စိတ္က်န္းမာေရးမေကာင္းတဲ့ အမ်ုိးသမီးတစ္ဦး မုဒိန္းက်င့္ခံထားရတဲ့ အေနအထားနဲ႕ ေသဆုံးေနတဲ့ျဖစ္စဥ္ျဖစ္ပြားခဲ့ပါတယ္။

ျပစ္မႈက်ဴးလြန္ရာမွာပါဝင္တဲ့ ဇင္မ်ိဳး (ခ) ဂ်က္ (၂၄) ႏွစ္ ၊ ေအာင္ေက်ာ္ထက္ (ခ) စိုးေပ (၁၇) ႏွစ္ စစ္ကုိင္းၿမဳိ႕၊ေရႊမင္းဝံရပ္ကြက္ေနသူေတြကုိ အခင္းျဖစ္တဲ့ေနရာမွာ ေတြ႔ရွိၿပီး ဖမ္းဆီးစစ္ေဆးရာမွာေတာ့ သူတုိ႔ႏွစ္ဦးဟာ အရက္ေသစာေသာက္စားမူးယစ္ၿပီး မုဒိမ္းက်င့္သတ္ခဲ့တယ္လုိ႔ စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။

ၿဖစ္စဥ္နဲ႕ပတ္သက္ၿပီး က်ဴးလြန္သူႏွစ္ဦးကုိ စစ္ကိုင္းၿမိဳ့မရဲစခန္းကေန (ပ)၄၃၆/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၇၆ တို့နဲ႕ ဖမ္းဆီးအမွုဖြင့္ခဲ့တာျဖစ္ပါတယ္။

အမႈနဲ႔ပတ္သက္ၿပီး ၂၀၂၀ခုႏွစ္ ဇြန္လ ၁ ရက္ေန႕မွာ ရဲစခန္းစြဲခ်က္အမွတ္ (၄၈၀/၂၀၂၀)နဲဲ႔ စစ္ကုိင္းခရုိင္တရားရုံးကို ဇင္မ်ုိး (ခ)ငဂ်က္အား ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၇၆ ၊ အသက္ (၁၈)ႏွစ္မျပည့္ေသးတဲ့ ေအာင္ေက်ာ္ထက္(ခ)စုိးေပကုိ အသက္ (၁၇)ႏွစ္ကို စစ္ကုိင္းၿမဳိ႕နယ္ ကေလးသူငယ္တရားရုံးသုိ႔ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၇၆ နဲ႕ အသီးသီးတရားစြဲဆုိခဲ့တာျဖစ္ပါတယ္။

ဒီကေန႔ ႀသဂုတ္လ (၁၈)ရက္ေန႕မွာေတာ့ စစ္ကုိင္းခရုိင္တရားရုံးကေန တရားခံ ဇင္မ်ုိး (ခ)ငဂ်က္ကုိ ေသဒဏ္ခ်ခံေစဖို႔ အမိန္႕ခ်မွတ္ခဲ့ျပီး အသက္ (၁၈)ႏွစ္မျပည့္ေသးတဲ့ ေအာင္ေက်ာ္ထက္ (ခ)စုိးေပ အသက္ (၁၇)ႏွစ္ကုိ လာမယ့္ ႀသဂုတ္လ ၂၁ ရက္ေန႔မွာ စစ္ကုိင္းၿမဳိ႕နယ္ ကေလးသူငယ္တရားရုံးမွာ ဆက္လက္စစ္ေဆးသြားမွာၿဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ကိ္ုင္း

Related posts

Leave a Comment

VOM News

FREE
VIEW