ပြည်နယ်ဖွဲ့စည်းပုံအခြေခဥပဒေဟာ ငြိမ်းချမ်းရေးရဲ့ အဓိကသော့ချက်ဖြစ်

ပြည်နယ်ဖွဲ့စည်းပုံအခြေခဥပဒေဟာ ငြိမ်းချမ်းရေးရဲ့ အဓိကသော့ချက်ဖြစ်

နေပြည်တော်၊သြဂုတ် ၁၈-၂၀၂၀
အေးချမ်းသူ(VOM)

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးများနှစ်ပေါင်း ၇၀ ကျော် ကျင့်သုံးလာတဲ့ ဖက်ဒရယ်မူထဲက အရေးကြီးဆုံးအခြေခံမူဖြစ်ပြီး တိုက်ပွဲများဆင်နွဲရခြင်းခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်ပြီး ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ငြိမ်းချမ်းရေ
းရဲ့ အဓိကသော့ချက်ဖြစ်တယ်လို့ မနေ့သြဂုတ် ၁၇ရက်က နေပြည်တော်မှာပြုလုပ်တဲ့ UPDJCအစည်းအဝေးမှာ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ဒုတိယဥက္ကဌ(၂) ဒေါက်တာလျန်မှုန်းဆာခေါင်းက ပြောခဲ့တာဖြစ်ပါတယ်။

“ဒီကိစွမှာ ကျွန်တော့အမြင်က ဖွဲ့စည်းပုံဆိုတဲ့စကားလုံးပါရင်လည်း ရတယ်။ မပါရင်လည်း ရတယ်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေသုံးရင်တော့ ပိုကောင်းတာပေါ့၊ ဒါက ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးတွေနိူင်ငံရေးဆန္ဒအရ တောင်းဆိုနေပါ”လို ဒေါက်တာလျန်မှုန်းဆာခေါင်းကပြောပါတယ်။

အဓိကအရေးကြီးဆုံးဟာ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တွေ နဲ့ တိုင်းဒေသကြီးတွေက မိမိတို့ကျင့်သုံးမယ့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို မိမိတို့အခြေအနေနဲ့ကိုက်ညီအောင် ရေးသားပြဌာန်းပြီးကျင့်သုံးဖို့လိုအပ်တယ်လို့လည်း ထပ်မံရှင်းပြပါတယ်။

ပြည်နယ်ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတို့ကြားထဲ သဘောမတူနိုင်ခဲ့တာကိုကြိုဆိုတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမီုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှုး ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အခြေခံဥပေဒဆိုတဲ့အနှစ်သာရက အဲ့ဒီလိုကွဲပါတယ်။ ဒီကိစ္စက ကျွန်တော်တို့ရဲ့အရေးကြီးတဲ့ကိစ္စလည်းဖြစ်နေတယ်။ EAO တွေနဲ့ အစိုးရက သဘောမတူနိုင်တာကိုလည်း ကျွန်တော်တို့နိုင်ငံရေးပါတီဘက်ကကြိုဆိုတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်” လို့ ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။

(၁၉)ကြိမ်မြောက်UPDJCအစည်းအ‌ဝေးပြုလုပ်တဲ့အချိန်ထိ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်နယ်အခြေခံဥပဒေ‌ ဝေါ်ဟာရအပေါ် သဘောထားကွဲလွဲလျှက်ရှိနေပြီး အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ကျေလည်အောင်မညှိနှိုင်းနိုင်သေးတာဟာ ယုံကြည်မှုတည်ဆောက်ဖို့ အများကြီးလိုသေးတာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သုံးသပ်ပြောဆိုပါတယ်။

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်နယ်ဖွဲ့စည်းပုံကြား ‌ဝေါဟာရ သဘောထားကွဲလွဲမှုဟာ မပြေလည်ခဲ့တာကြောင့် မကြာခင်ပြုလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအ‌ဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း(၃)အနေနဲ့ ပါဝင်နိုင်တော့မှာမဟုတ်ဘူးလို့လည်း သိရပါ
တယ်။

မနေ့သြဂုတ်လ ၁၇ ရက်မှာ ကျင်းပခဲ့တဲ့ (၁၉)ကြိမ်မြောက် UPDJC အစည်းအဝေးကို နေပြည်တော် MICCIIမှာကျင်းပပြုလုပ်ခဲ့ချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းမှာလည်း အခေါ်အဝေါ်(ဝေါဟာရ)နဲ့ ပတ်သက်ပြီး ပြဿနာတွေ တွေ့ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)ဒုတိယဥက္ကဌ(၂)ဖြစ်တဲ့ဒေါက်တာလျန်မှုန်းဆာခေါင်းကပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ျပည္နယ္ဖြဲ႕စည္းပုံအေျခခဥပေဒဟာ ၿငိမ္းခ်မ္းေရးရဲ႕ အဓိကေသာ့ခ်က္ျဖစ္

ေနျပည္ေတာ္၊ၾသဂုတ္ ၁၈-၂၀၂၀
ေအးခ်မ္းသူ(VOM)

ျပည္နယ္ဖြဲ႕စည္းပုံအေျခခံဥပေဒဟာ တိုင္းရင္းသားလူမ်ိဳးမ်ားႏွစ္ေပါင္း ၇၀ ေက်ာ္ က်င့္သံုးလာတဲ့ ဖက္ဒရယ္မူထဲက အေရးႀကီးဆုံးအေျခခံမူျဖစ္ၿပီး တိုက္ပြဲမ်ားဆင္ႏြဲရျခင္းျခင္းရဲ႕ အဓိကအေၾကာင္းအရင္းျဖစ္ၿပီး ျပည္နယ္ဖြဲ႕စည္းပုံအေျခခံဥပေဒဟာ ၿငိမ္းခ်မ္းေရ
းရဲ႕ အဓိကေသာ့ခ်က္ျဖစ္တယ္လို႔ မေန႔ၾသဂုတ္ ၁၇ရက္က ေနျပည္ေတာ္မွာျပဳလုပ္တဲ့ UPDJCအစည္းအေဝးမွာ ခ်င္းအမ်ိဳးသားတပ္ဦး(CNF)ရဲ႕ ဒုတိယဥကၠဌ(၂) ေဒါက္တာလ်န္မႈန္းဆာေခါင္းက ေျပာခဲ့တာျဖစ္ပါတယ္။

“ဒီကိစြမွာ ကၽြန္ေတာ့အျမင္က ဖြဲ႕စည္းပုံဆိုတဲ့စကားလုံးပါရင္လည္း ရတယ္။ မပါရင္လည္း ရတယ္။ ျပည္နယ္ဖြဲ႕စည္းပုံအေျခခံဥပေဒသုံးရင္ေတာ့ ပိုေကာင္းတာေပါ့၊ ဒါက ကၽြန္ေတာ္တို႔ တိုင္းရင္းသားလူမ်ိဳးေတြႏိူင္ငံေရးဆႏၵအရ ေတာင္းဆိုေနပါ”လို ေဒါက္တာလ်န္မႈန္းဆာေခါင္းကေျပာပါတယ္။

အဓိကအေရးႀကီးဆံုးဟာ ျပည္ေထာင္စုအဖြဲ႕ဝင္ ျပည္နယ္ေတြ နဲ႔ တိုင္းေဒသႀကီးေတြက မိမိတို႔က်င့္သုံးမယ့္ ျပည္နယ္ဖြဲ႕စည္းပုံအေျခခံဥပေဒကို မိမိတို႔အေျခအေနနဲ႔ကိုက္ညီေအာင္ ေရးသားျပဌာန္းၿပီးက်င့္သုံးဖို႔လိုအပ္တယ္လို႔လည္း ထပ္မံရွင္းျပပါတယ္။

ျပည္နယ္ဖြဲ႕စည္းပုံနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ အစိုးရတို႔ၾကားထဲ သေဘာမတူႏိုင္ခဲ့တာကိုႀကိဳဆိုတယ္လို႔ ရွမ္းတိုင္းရင္းသားမ်ားဒီမီုကေရစီအဖြဲ႕ခ်ဳပ္ပါတီ အတြင္းေရးမႈး ဦးစိုင္းေက်ာ္ၫြန႔္က ေျပာပါတယ္။

“ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ အေျခခံဥေပဒဆိုတဲ့အႏွစ္သာရက အဲ့ဒီလိုကြဲပါတယ္။ ဒီကိစၥက ကြၽန္ေတာ္တို႔ရဲ႕အေရးႀကီးတဲ့ကိစၥလည္းျဖစ္ေနတယ္။ EAO ေတြနဲ႔ အစိုးရက သေဘာမတူႏိုင္တာကိုလည္း ကြၽန္ေတာ္တို႔ႏိုင္ငံေရးပါတီဘက္ကႀကိဳဆိုတယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ က်ယ္က်ယ္ျပန႔္ျပန႔္ ေဆြးေႏြးရဦးမွာ ျဖစ္ပါတယ္” လို႔ ဦးစိုင္းေက်ာ္ၫြန႔္က ေျပာပါတယ္။

(၁၉)ႀကိမ္ေျမာက္UPDJCအစည္းအ‌ေဝးျပဳလုပ္တဲ့အခ်ိန္ထိ ျပည္နယ္ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ျပည္နယ္အေျခခံဥပေဒ‌ ေဝၚဟာရအေပၚ သေဘာထားကြဲလြဲလွ်က္ရွိေနျပီး အစိုးရနဲ႔တိုင္းရင္းသားလက္နက္ကိုင္ေတြအၾကား ေက်လည္ေအာင္မညႇိႏႈိင္းႏိုင္ေသးတာဟာ ယုံၾကည္မႈတည္ေဆာက္ဖို႔ အမ်ားႀကီးလိုေသးတာျဖစ္တယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံး၀န္ႀကီးဌာနၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက သုံးသပ္ေျပာဆိုပါတယ္။

ျပည္နယ္ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ျပည္နယ္ဖြဲ႕စည္းပုံၾကား ‌ေဝါဟာရ သေဘာထားကြဲလြဲမႈဟာ မေျပလည္ခဲ့တာေၾကာင့္ မၾကာခင္ျပဳလုပ္မယ့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ(၂၁)ရာစုပင္လုံ စတုတၳအႀကိမ္အစည္းအ‌ေဝးမွာ ခ်ဳပ္ဆိုမယ့္ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ရဲ႕ အစိတ္အပိုင္း(၃)အေနနဲ႔ ပါ၀င္ႏိုင္ေတာ့မွာမဟုတ္ဘူးလို႔လည္း သိရပါ
တယ္။

မေန႔ၾသဂုတ္လ ၁၇ ရက္မွာ က်င္းပခဲ့တဲ့ (၁၉)ႀကိမ္ေျမာက္ UPDJC အစည္းအေဝးကို ေနျပည္ေတာ္ MICCIIမွာက်င္းပျပဳလုပ္ခဲ့ခ်ိန္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕မိန႔္ခြန္းမွာလည္း အေခၚအေဝၚ(ေဝါဟာရ)နဲ႔ ပတ္သက္ၿပီး ျပႆနာေတြ ေတြ႕ခဲ့တယ္လို႔ ခ်င္းအမ်ိဳးသားတပ္ဦး(CNF)ဒုတိယဥကၠဌ(၂)ျဖစ္တဲ့ေဒါက္တာလ်န္မႈန္းဆာေခါင္းကေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW